ဘဝမှာ ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေချင်တာကတော့ လူသားတိုင်းရဲ့ ဆန္ဒပဲဖြစ်ပါတယ်။ မအိုဆေးစားထားသလို နုနယ်ပျိုမျစ်နေခြင်းကလည်း သူ့အလိုလို ဖြစ်တည်နေတာမဟုတ်ပါဘူး။ ကျန်းမာတဲ့ လူနေမှုပုံစံနဲ့ အညီနေထိုင်ပြီး အစားအသောက်ဆင်ခြင်ကာ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းရဲ့ နောက်ဆက်တွဲကောင်းကျိုးလေးတွေပဲဖြစ်ပါတယ်။

စာဖတ်သူအနေနဲ့ သက်ရှည်ကျန်းမာပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက် အခုဖော်ပြပေးမယ့် အလေ့အကျင့်ကောင်းတွေကို မွေးမြူပေးဖို့ လိုမယ်နော်။

အလွန်အကျွံစားသုံးခြင်းကို ရှောင်ကြဉ်ပါ

Source: all4women.co.za

သင့် ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်ထက် ပိုစားမိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတွေ စုပုံနေပြီး အဝလွန်ခြင်းနဲ့ အခြားနောက်ဆက်တွဲရောဂါများကို ခံစားရနိုင်ပါတယ်။ ကယ်လိုရီပမာဏကို တွက်ချက်စားသုံးခြင်းက သင့်ကို အသက်ရှည်စေမှာဖြစ်ပြီး ရောဂါဘယများမှလည်း ကာကွယ်ပေးပါလိမ့်မယ်။

ဟင်းသီးဟင်းရွက် များများစားပါ

Source: Shutterstock

ဟင်းသီးဟင်းရွက်တွေသာ စားသုံးတဲ့ သပ်သတ်လွတ်သမားများကို လေ့လာစမ်းသပ်ပြီးတဲ့နောက်မှာ ဟင်းသီးဟင်းရွက်များများစားတဲ့သူတွေက အရွယ်မတိုင်ခင် စောစီးစွာသေဆုံးမှုကို ၁၂ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဟင်းရွက်များများစားတဲ့သူတွေက နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ အစရှိတဲ့ ရောဂါများ ခံစားရနိုင်ချေ ၂၉ ရာခိုင်နှုန်းမှ ၅၂ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုရှိပါ

Source:  Shutterstock

လေ့ကျင့်ခန်းပြုလုပ်ခြင်းက သင့်ကို သက်ရှည်ကျန်းမာစေတယ်ဆိုတာကတော့ ထူးဆန်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ တစ်ပတ်ကို ၁၅၀ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းကတော့ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ တစ်နေ့ကို ၁၅ မိနစ်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးမယ်ဆိုရင်တောင် သင့်ကို အသက် ၃ နှစ်ခန့် ပိုရှည်စေမှာပဲဖြစ်ပါတယ်။

မိမိကိုယ်ကို ပျော်ရွှင်အောင်ထားပါ

Source : Shutterstock

သင့်ရဲ့ ပျော်ရွှင်မှုက သင့်အပေါ်မှာပဲ မူတည်ပါတယ်။ ပျော်ရွှင်ခြင်းက သင့်ကို စိတ်ခံစားချက်ကောင်းတွေ အတွေးအခေါ်ကောင်းတွေ ဆောင်ကျဉ်းပေးရုံသာမကဘဲ သင့်ရဲ့ လူ့သက်တမ်းကိုလည်း ဆွဲဆန့်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုများ စိတ်လှုပ်ရှားမှု လွန်ကဲခြင်းတို့ကို တတ်နိုင်သလောက် လျော့ချပါ

Source: Shutterstock

စိတ်လှုပ်ရှားမှု လွန်ကဲတဲ့ အမျိုးသမီးများ (သို့) စိတ်ဖိစီးမှုများတဲ့ အမျိုးသမီးများက နှလုံးရောဂါ (သို့) အဆုတ်ကင်ဆာရောဂါတို့နဲ့ သေဆုံးရနိုင်ချေ အလွန်မြင့်မားပါတယ်။ တကယ်လို့ သင့်မှာ စိတ်ဖိစီးမှုများနေတယ်ဆိုရင် ရယ်မောစရာများနဲ့ စိတ်အပြောင်းအလဲဖြစ်အောင် ပြုလုပ်ပါ။ အကောင်းမြင်စိတ်များ မွေးမြူလိုက်ပါ။

ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် လေ့ကျင့်ပါ

Source: Shutterstock

သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများနဲ့ လိုက်လျောညီထွေစွာပေါင်းသင်းဆက်ဆံတတ်ခြင်းက သင့်ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေပါတယ်။