(Zawgyi)

ကမာၻေပၚရွိ ပ်မ္းမွ်လူဦးေရ ၂.၄ သန္းခန္႔က သြားပိုးစားျခင္းေဝဒနာကို ခံစားေနၾကရပါတယ္။ ဒီလိုခံစားရျခင္းက မိမိသြားေလးေတြကို ေသခ်ာဂရုမစိုက္မိတာေၾကာင့္လည္း ျဖစ္ႏိုင္သလို ဂရုစိုက္ရဲ႕သားနဲ႔ အမွားအခ်ိဳ႕က်ဴးလြန္မိျခင္းေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ မိမိ မသိလိုက္ဘဲနဲ႔ ျပဳလုပ္မိတဲ့အမွားက သင့္ကို သြားနဲ႔ပတ္သက္တဲ့ေဝဒနာမ်ား ခံစားရေစၿပီး ေငြကုန္ေၾကးက်မ်ားေစမွာပဲျဖစ္ပါတယ္။

ဒါဆိုရင္ေတာ့ ၿပံဳးရယ္လိုက္တိုင္းမွာ ၿပံဳးအလွပိုင္ရွင္တစ္ေယာက္ျဖစ္ဖို႔၊ သြားနဲ႔ပတ္သက္တဲ့ ေရာဂါေဝဒနာမ်ား မခံစားရေစဖို႔ မိမိသြားေလးေတြကို ဘယ္လိုဂရုစိုက္ရမလဲ။

ခံတြင္းန႔ံ နံ႔ မနံ႔ စမ္းစစ္ပါ

သင့္ရဲ႕လက္ေကာက္ဝတ္ကို လွ်ာနဲ႔ လ်က္ၾကည့္လိုက္ပါ။ ၅ စကၠန္႔၊ ၁၀ စကၠန္႔ခန္႔ ေစာင့္ၿပီးတဲ့ေနာက္မွာ အနံ႔အသက္ ေကာင္းမေကာင္းနမ္းၾကည့္လိုက္ပါ။ အနံ႔အသက္ ဆိုးေနပါက သြားဖံုးသန္႔ရွင္းမႈအားနည္းေနတာပဲျဖစ္ပါတယ္။ လ်စ္လ်ဴမရႈထားသင့္ပါဘူး။

သြားတိုက္ၿပီးတဲ့အခါ ဘယ္လိုလုပ္ရမလဲ

လူအမ်ားစုက သြားတိုက္တံနဲ႔ ေသခ်ာသြားတိုက္ၿပီးေနာက္ ပလုတ္က်င္းၿပီးတဲ့အခါ ေထြးထုတ္ေလ့ရွိပါတယ္။ ဒီတစ္ခါက်ရင္ေတာ့ မေထြးထုတ္သင့္သလို မ်ိဳလည္း မမ်ိဳခ်သင့္ပါဘူး။ တစ္ငံုခ်င္းစီ စုပ္ေသာက္ေပးလိုက္ပါ။ ဒီအေလ့အက်င့္က သြားမ်ား ပ်က္စီးျခင္းနဲ႔ သြားပိုးစားျခင္းကို ၂၅ ရာခိုင္ႏႈန္းခန္႔ ေလ်ာ့က်ေစပါတယ္။

သြားတိုက္တဲ့အခါ အခ်ိန္ၾကာၾကာမတိုက္ျခင္း

သင့္သြားကို စကၠန္႔ ၃၀ ေလာက္သာ သြားတိုက္ျခင္းက သြားက်န္းမာေရးကို ထိခိုက္ေစပါတယ္။ သြားတိုက္နည္းအမွန္ကေတာ့…

သင့္သြားကို အပိုင္း ၄ ပိုင္းခြဲထားၿပီး အစိတ္အပိုင္း တစ္ပိုင္းခ်င္းစီကို စကၠန္႕ ၃၀ ခန္႔ၾကာေအာင္ တိုက္ေပးရပါမယ္။ ဒါ့ေၾကာင့္ သြားတိုက္ခ်ိန္ စုစုေပါင္းၾကာခ်ိန္က ၂ မိနစ္ ရွိသင့္ပါတယ္။

အၾကမ္းပတမ္း သြားတိုက္ျခင္းကို ေရွာင္ၾကဥ္ပါ

သြားမ်ား သန္႔ရွင္းေတာက္ေျပာင္လိုေဇာနဲ႔ သြားပြတ္တံရဲ႕ဘရက္ရွ္အနားမ်ား ဖြာသြားသည္အထိ ခပ္ၾကမ္းၾကမ္းဖိတိုက္ျခင္းက သင့္သြားရဲ႕ေၾကြလႊာကို ထိခုိက္ပ်က္စီးေစပါတယ္။ ဒါ့ေၾကာင့္ သြားတိုက္တဲ့အခါ ခပ္ဖြဖြေလးပဲတိုက္ၿပီး မိမိနဲ႔အသင့္ေတာ္ဆံုးသြားတုိက္တံကိုလည္း ေသခ်ာေရြးခ်ယ္ေပးရပါဦးမယ္။

အစား စားၿပီးတိုင္း သြားတိုက္ျခင္း

အစား စားၿပီးတိုက္ ခ်က္ခ်င္းသြားတိုက္ျခင္းက သင့္သြားရဲ႕ ေၾကြလႊာမ်ားကို ပ်က္စီးေစပါတယ္။ အထူးသျဖင့္ အခ်ဥ္ဓာတ္ပါတဲ့ အစားအစာမ်ား စားသံုးၿပီးတဲ့အခါဆို ပိုဆင္ျခင္သင့္ပါတယ္။ သြားတိုက္ခ်င္တယ္ဆိုရင္ေတာင္ အနည္းဆံုး မိနစ္ ၃၀ ခန္႔ ေစာင့္ေပးရပါမယ္။

သြားတိုက္တံကို ပံုမွန္မလဲေပးျခင္း

သုေတသနပညာရွင္မ်ားက သြားတိုက္ေဆးကို အနည္းဆံုး ၃ လ တစ္ႀကိမ္ လဲေပးသင့္တယ္လို႔ အႀကံျပဳထားၾကပါတယ္။ တစ္လ တစ္ခါ၊ သံုးလ တစ္ခါေလာက္ လဲေပးျခင္းအားျဖင့္ သြားရဲ႕ေခ်ာင္ႀကိဳေခ်ာင္ၾကားပါမက်န္ အစားအၾကြင္းအက်န္မ်ား မကပ္ၿငိေတာ့ဘဲ သန္႔ရွင္းစင္ၾကယ္ေနပါလိမ့္မယ္။

Source: Brightside.me

(Unicode)

ကမ္ဘာပေါ်ရှိ ပျမ်းမျှလူဦးရေ ၂.၄ သန်းခန့်က သွားပိုးစားခြင်းဝေဒနာကို ခံစားနေကြရပါတယ်။ ဒီလိုခံစားရခြင်းက မိမိသွားလေးတွေကို သေချာဂရုမစိုက်မိတာကြောင့်လည်း ဖြစ်နိုင်သလို ဂရုစိုက်ရဲ့သားနဲ့ အမှားအချို့ကျူးလွန်မိခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မိမိ မသိလိုက်ဘဲနဲ့ ပြုလုပ်မိတဲ့အမှားက သင့်ကို သွားနဲ့ပတ်သက်တဲ့ဝေဒနာများ ခံစားရစေပြီး ငွေကုန်ကြေးကျများစေမှာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ ပြုံးရယ်လိုက်တိုင်းမှာ ပြုံးအလှပိုင်ရှင်တစ်ယောက်ဖြစ်ဖို့၊ သွားနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာများ မခံစားရစေဖို့ မိမိသွားလေးတွေကို ဘယ်လိုဂရုစိုက်ရမလဲ။

ခံတွင်းနံ့ နံ့ မနံ့ စမ်းစစ်ပါ

သင့်ရဲ့လက်ကောက်ဝတ်ကို လျှာနဲ့ လျက်ကြည့်လိုက်ပါ။ ၅ စက္ကန့်၊ ၁၀ စက္ကန့်ခန့် စောင့်ပြီးတဲ့နောက်မှာ အနံ့အသက် ကောင်းမကောင်းနမ်းကြည့်လိုက်ပါ။ အနံ့အသက် ဆိုးနေပါက သွားဖုံးသန့်ရှင်းမှုအားနည်းနေတာပဲဖြစ်ပါတယ်။ လျစ်လျူမရှုထားသင့်ပါဘူး။

သွားတိုက်ပြီးတဲ့အခါ ဘယ်လိုလုပ်ရမလဲ

လူအများစုက သွားတိုက်တံနဲ့ သေချာသွားတိုက်ပြီးနောက် ပလုတ်ကျင်းပြီးတဲ့အခါ ထွေးထုတ်လေ့ရှိပါတယ်။ ဒီတစ်ခါကျရင်တော့ မထွေးထုတ်သင့်သလို မျိုလည်း မမျိုချသင့်ပါဘူး။ တစ်ငုံချင်းစီ စုပ်သောက်ပေးလိုက်ပါ။ ဒီအလေ့အကျင့်က သွားများ ပျက်စီးခြင်းနဲ့ သွားပိုးစားခြင်းကို ၂၅ ရာခိုင်နှုန်းခန့် လျော့ကျစေပါတယ်။

သွားတိုက်တဲ့အခါ အချိန်ကြာကြာမတိုက်ခြင်း

သင့်သွားကို စက္ကန့် ၃၀ လောက်သာ သွားတိုက်ခြင်းက သွားကျန်းမာရေးကို ထိခိုက်စေပါတယ်။ သွားတိုက်နည်းအမှန်ကတော့…

သင့်သွားကို အပိုင်း ၄ ပိုင်းခွဲထားပြီး အစိတ်အပိုင်း တစ်ပိုင်းချင်းစီကို စက္ကန့် ၃၀ ခန့်ကြာအောင် တိုက်ပေးရပါမယ်။ ဒါ့ကြောင့် သွားတိုက်ချိန် စုစုပေါင်းကြာချိန်က ၂ မိနစ် ရှိသင့်ပါတယ်။

အကြမ်းပတမ်း သွားတိုက်ခြင်းကို ရှောင်ကြဉ်ပါ

သွားများ သန့်ရှင်းတောက်ပြောင်လိုဇောနဲ့ သွားပွတ်တံရဲ့ဘရက်ရှ်အနားများ ဖွာသွားသည်အထိ ခပ်ကြမ်းကြမ်းဖိတိုက်ခြင်းက သင့်သွားရဲ့ကြွေလွှာကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သွားတိုက်တဲ့အခါ ခပ်ဖွဖွလေးပဲတိုက်ပြီး မိမိနဲ့အသင့်တော်ဆုံးသွားတိုက်တံကိုလည်း သေချာရွေးချယ်ပေးရပါဦးမယ်။

အစား စားပြီးတိုင်း သွားတိုက်ခြင်း

အစား စားပြီးတိုက် ချက်ချင်းသွားတိုက်ခြင်းက သင့်သွားရဲ့ ကြွေလွှာများကို ပျက်စီးစေပါတယ်။ အထူးသဖြင့် အချဉ်ဓာတ်ပါတဲ့ အစားအစာများ စားသုံးပြီးတဲ့အခါဆို ပိုဆင်ခြင်သင့်ပါတယ်။ သွားတိုက်ချင်တယ်ဆိုရင်တောင် အနည်းဆုံး မိနစ် ၃၀ ခန့် စောင့်ပေးရပါမယ်။

သွားတိုက်တံကို ပုံမှန်မလဲပေးခြင်း

သုတေသနပညာရှင်များက သွားတိုက်ဆေးကို အနည်းဆုံး ၃ လ တစ်ကြိမ် လဲပေးသင့်တယ်လို့ အကြံပြုထားကြပါတယ်။ တစ်လ တစ်ခါ၊ သုံးလ တစ်ခါလောက် လဲပေးခြင်းအားဖြင့် သွားရဲ့ချောင်ကြိုချောင်ကြားပါမကျန် အစားအကြွင်းအကျန်များ မကပ်ငြိတော့ဘဲ သန့်ရှင်းစင်ကြယ်နေပါလိမ့်မယ်။

Source: Brightside.me

By MyStyle Myanmar