Gym မသွားနိုင်တဲ့အခါ၊ Gym သွားဖို့ အချိန်မရှိတဲ့ အခါမျိုးမှာဆိုရင် ကိုယ့်အိမ်မှာပဲ ဆော့လို့ရပါတယ်။ ဒါပေမယ့် နည်းလမ်းမှန်ဖို့တော့ လိုတာပေါ့။ ဒီလို နည်းလမ်းမှန်မှန်နဲ့ Gym သွားဆော့သလိုမျိုး အိမ်မှာပဲဆော့နိုင်မယ့် လေ့ကျင့်ခန်း ၅ ခုကို မျှဝေပေးလိုက်ပါတယ်။ ယောကျာ်းလေးတွေအတွက်ကော၊ မိန်းကလေးတွေအတွက်ပါ အသုံးဝင်စေမယ့် နည်းလမ်းတွေ ဖြစ်ပါတယ်နော်။

Gym မှာလုပ်သလိုမျိုးက အိမ်မှာဆိုရင် ခုံနှစ်လုံးနဲ့ လုပ်လို့ရပါတယ်။ ခုံက ခိုင်နေဖို့တော့လိုပါတယ်။ ဒါမှ ခိုလိုက်ရင် ခုံရွေ့သွားမျိုး၊ ပြုတ်ကျတာမျိုး မဖြစ်မှာပါနော်။

Gym မှာ အလေးမသလိုမျိုးက အိမ်မှာဆိုရင် ကျောပိုးအိတ်ထဲကို လေးတဲ့အရာတွေထည့်ပြီး ပုံမှာပြထားတဲ့အတိုင်းမကာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းကို Gym မှာမဟုတ်ပဲ အိမ်မှာဆော့တဲ့အခါမျိုးမှာဆိုရင်တော့ နံရံမှာ ခြေထောက်ကို ကန်ထားပြီး နောက်ကျောမှာ ခေါင်းအုံးအမာတစ်လုံးကိုထားကာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းဆိုရင်တော့ လွယ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ဆိုဖာကို သုံးပြီး လုပ်ရုံပါပဲနော်။

Gym မှာလို ပြေးတဲ့စက်မရှိရင် အိမ်က လှေကားမှာပဲဖြစ်ဖြစ်၊ လှေကားတစ်ခုခုပေါ်ကို ပြေးတက်ပြီး လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

Source: www.brightside.me