အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင်ဘယ်လိုရင်ဆိုင်ဖြေရှင်းလေ့ရှိပါသလဲ။ သင်က အချစ်ရေးကို ဦးစားပေးတဲ့သူလား။ ဒါမှမဟုတ် မိမိအောင်မြင်ရေးကို ဦးစားပေးတဲ့သူလားဆိုတာကို သိရအောင်လို့ ဒီဂိမ်းလေးကို ဆော့ကြည့်လိုက်ရအောင်နော်။

အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းတဲ့ ပုံစံ

သော့ဖွင့်တဲ့အပေါက်ကို အရင်ဆုံးမြင်တယ်ဆိုရင်တော့ သင်က ဘယ်လိုအခက်အခဲမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါစေ အကောင်းမြင်တဲ့သူတစ်ယောက်ဖြစ်ပြီး ပြဿနာရဲ့ အဖြေကိုလည်း ရှာဖွေနိုင်တဲ့သူတစ်ယောက်ပါ။ သင်က စိတ်ဓာတ်ကြံ့ခိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး  ဆန္ဒပြင်းပြတဲ့သူတစ်ယောက်ဖြစ်တယ်။ သင်က တံခါးပေါက်ကဖွင့်ပြီး အထဲကို မမြင်ရရင်တောင်မှ သော့ပေါက်ထဲကတဆင့် မြင်တွေ့ရဖို့ ကြိုးစားနေသူတစ်ယောက်ပါ။

လူသေးသေးတစ်ယောက်ကို မြင်တွေ့ရတယ်ဆိုရင် သင်က ဆတ်ဆတ်ထိမခံတဲ့သူတစ်ယောက်ဖြစ်ပြီး ပြဿနာတစ်ခုကြုံတွေ့ရတယ်ဆိုရင်လည်း ပုံကြီးချဲ့တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေပါစေ အဆုံးသတ်ကျတော့လည်း ပြဿနာကို ကောင်းကောင်းမွန်မွန်ဖြေရှင်နိုင်တာပါပဲ။

သင်ကြိုက်နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်လိုက်ပါ။ သင့်ဘဝမှာ သင့်အတွက် နံပါတ်တစ် ဦးစားပေးက ဘယ်အရာလဲဆိုတာကို ဖော်ပြပေးပါလိမ့်မယ်။

နံပါတ် ၁ ပုံကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင့်အလုပ်နဲ့ အောင်မြင်မှုက သင့်အတွက် အရေးအကြီးဆုံးပဲဖြစ်တယ်။ လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာရှိရှိနဲ့ အဆင့်အတန်းမြင့်မြင့်နေထိုင်နိုင်ဖို့က အရေးကြီးတယ်လို့ သင်ထင်ပါတယ်။ သင့်ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားရမလဲဆိုတာကို ပြတ်ပြတ်သားသားသိတဲ့သူတစ်ယောက်ပါ။

နံပါတ် ၂ ပုံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်က အချစ်ရေးကို ဦးစားပေးတဲ့သူပါ။ မိသားစု၊ ချစ်သူခင်သူ သူငယ်ချင်း၊ မိတ်ဆွေတွေက သင့်အတွက် အရေးကြီးတဲ့သူတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကို ပတ်ဝန်းကျင်က လူတွေက ချစ်ခင်လေးစားကြပါတယ်။

နံပါတ် ၃ ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်က ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကို ရှာဖွေနေတဲ့သူပါ။ သင်က သင့်စိတ်စေရာအတိုင်း နားထောင်ပြီး ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်စွမ်းလည်း ရှိပါတယ်။

အာဏာရရှိခဲ့ရင် သင်ဘယ်လိုအသုံးပြုမလဲ

လက်ဝှေ့အိတ်ကို အရင်ဆုံးမြင်တွေ့ခဲ့တယ်ဆိုရင် သင်က အာဏာနဲ့ စွမ်းအင်ကို အချိန်တိုအတွင်းစုဆောင်းရရှိနိုင်ပါတယ်။ သင့်မှာ အာဏာရခဲ့မယ်ဆိုရင် ချက်ချင်းအသုံးချချင်တဲ့သူပဲဖြစ်ပါတယ်။ အကြံဥာဏ်သစ်တွေကို သင့်ဦးနှောက်ထဲမှာ အချိန်အကြာကြီး သိုလှောင်ထားလို့မရဘဲ ချက်ချင်းအသုံးချချင်တဲ့သူပါပဲ။

လက်မောင်းကြွက်သားများကို အရင်ဦးဆုံးမြင်တွေ့ရတယ်ဆိုရင် စွမ်းအင်ကို အချိန်အကြာကြီး သိုလှောင်သိမ်းဆည်းနိုင်တစ်ဦးပါ။ ကိစ္စကြီးတစ်ခုမပြုလုပ်ခင်မှာ သေချာစိစစ်သုံးသပ် စဉ်းစားဖို့ လိုအပ်တယ်လို့ ယုံကြည်တဲ့သူတစ်ယောက်ပါ။

သင် ကြိုက်နှစ်သက်တဲ့ ပုံတစ်ပုံရွေးချယ်လိုက်ပါ။ သင်နဲ့လိုက်ဖက်မယ့် အလုပ်အကိုင်တစ်ခုကို စဉ်းစားပေးနိုင်ပါတယ်။

နံပါတ် ၁ ပုံကို ရွေးချယ်တယ်ဆိုရင်တော့ သင်က အနုပညာခံစားတတ်သူတစ်ဦးဖြစ်ပြီး တီထွင်ကြံဆနိုင်စွမ်းမြင့်မားတာကြောင့် ဒီဇိုင်နာလို အလုပ်မျိုးနဲ့ လိုက်ဖက်ပါတယ်။

နံပါတ် ၂ ပုံကတော့ လက်တွေ့ဆန်တဲ့သူဖြစ်ပြီး အင်ဂျင်နီယာအလုပ်နဲ့ သင့်တော်ပါတယ်။

နံပါတ် ၃ ပုံကို ရွေးချယ်လိုက်တဲ့သူကတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့သူဖြစ်ပါတယ်။ ဆရာ၊ ဆရာမ အလုပ် လုပ်ကိုင်ဖို့အကောင်းမွန်ဆုံးပါပဲ။

နံပါတ် ၄ ကို ရွေးချယ်မယ်ဆိုရင်တော့ သင်က ငွေရေးကြေးရေး ဘဏ္ဍာရေးကို စီမံခန့်ခွဲခြင်းက သင်နဲ့ သင့်တော်တဲ့အလုပ်အကိုင်ပဲဖြစ်ပါတယ်။

နံပါတ် ၅ ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်က စူးစမ်းလိုစိတ်ရှိတဲ့အတွက်ကြောင့် သိပ္ပံပညာရှင်တစ်ယောက်ဖြစ်နိုင်ပါတယ်။

နံပါတ် ၆ ပုံကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ရှေ့နေကောင်းတစ်ယောက်ဖြစ်နိုင်ပါတယ်။

Source: Btightside.me