Vaseline ဆိုရင်တော့ အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ Vaseline မှာ အလှအပရေးရာအဖြာဖြာအတွက် နေရာပေါင်းစုံကနေ အသုံးဝင်နေတဲ့အချက်တွေ အများကြီးရှိပါတယ်။ တချို့တွေဆိုရင်တော့ Blogger တွေနဲ့ Page တွေတော်တော်များများက ညွှန်းပြီးသားဖြစ်လို့ အားလုံးပဲသိပြီးကြမှာပါ။

ဒါကြောင့် ပျိုမေတို့ရဲ့ အလှအပရေးရာအတွက် Vaseline ရဲ့ မထင်ထားလောက်အောင် ထပ်မံအသုံးဝင်နေပုံ (၁၀) မျိုးကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်နှစ်ခွဖြစ်နေရင်ပဲဖြစ်ဖြစ်၊ ဆံပင်အောက်နားဖွာနေရင်ပဲဖြစ်ဖြစ် Vaseline ကို ဆံပင်အောက်နားလေးမှာ လိမ်းပေးရင် သက်သာစေပါတယ်။

လက်သည်းနီဆိုးပြီးလို့ လက်သည်းအားဖြည့်တဲ့အဆီလိမ်းစရာမရှိရင် Vaseline ကို လက်သည်းအဝိုင်းနေရာလေးတွေမှာ လိမ်းပေးလို့ရပါတယ်။

ဆံပင်ကိုအပြောင်သိမ်းပြီးစည်းတဲ့အခါမှာ ဆံစတိုနေတာလေးတွေက ထောင်နေတတ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ Vaseline ကိုလက်မှာယူပွတ်ပြီး ဆံစထောင်နေတဲ့နေရာလေးတွေမှာ လိမ်းပေးလိုက်ရင်ရပါပြီ။

တံတောင်ဆစ်ကြမ်းနေတဲ့အခါမျိုးမှာလည်း Vaseline ကို တံတောင်ဆစ်မှာ ပွတ်လိမ်းပေးရင် နူးညံ့လာစေပါတယ်။

ပါးပြောင်ပြောင်လေးဖြစ်ချင်တဲ့ပျိုမေတို့အတွက် Vaseline ကိုယူပြီး ပါးနေရာလေးမှာ သုတ်လိမ်းပေးရင် ပြောင်ပြောင်လေးဖြစ်နေစေပါတယ်။ ဒီတော့ Vaseline ကို Highlighter အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

နားကပ်ဝတ်တဲ့အခါမှာ နားပေါက်ကကျပ်နေလို့ နားကပ်ထိုးရတာ ခက်ခဲနေရင် Vaseline ကိုယူပြီး နားပေါက်မှာ ပွတ်လမ်းပေးလိုက်ပါ။ ပြီးမှနားကပ်ဝတ်မယ်ဆိုရင်တော့ အလွယ်တကူဝတ်လို့ရသွားမှာပါ။

ညအိပ်ယာဝင်ခါနီးတိုင်း Vaseline ကို မျက်ခုံးမွှေးမှာလိမ်းပြီးအိပ်ပေးရင် မျက်ခုံးမွှေးထူလာစေပါတယ်။ နေ့တိုင်းလုပ်ပေးရင် လပိုင်းအတွင်းမှာ သိသာလာပါတယ်။

မျက်တောင်တုတွေကို ချွတ်တဲ့အခါမှာလည်း ဒီတိုင်းချွတ်ရင် နာတတ်ပါတယ်။ ဒါကြောင့် ဂွမ်းတံလေးနဲ့ Vaseline ကိုယူပြီး မျက်တောင်တုတပ်ထားတဲ့နေရာလေးမှာ သုတ်လိမ်းပေးပြီးမှ မျက်တောင်တုကိုဆွဲခွာမယ်ဆိုရင်တော့ အသားလည်းမနာသလို အလွယ်တကူလည်းခွာလို့ရပါတယ်။

နှာစေးတဲ့အခါမျိုးမှာ နှာခေါင်းကပွတ်တာများရင် ပွန်းလာတတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ပွန်းနေတဲ့ နှာခေါင်းထိပ်နေရာလေးတွေမှာ Vaseline ကိုပွတ်လိမ်းပေးထားရင် ပျောက်သွားမှာပါ။

Leather ဖိနပ်တွေ၊ ရှူးဖိနပ်တွေ ပြောင်ပြောင်လေးဖြစ်နေစေဖို့ Vaseline ကို အဝတ်မှာတို့ပြီး အဲ့ဒီအဝတ်နဲ့ ဖိနပ်ကိုပွတ်ပေးလို့ရပါသေးတယ်။

Photo Source: www.ellaelbells.com