အသားအရေကို လှပစိုပြေနေတဲ့ပုံပေါက်အောင် မိတ်ကပ်ကကူညီပေးနိုင်သလို မိမိကိုယ်ကိုယုံကြည်ချက်ရှိအောင်လည်း ပြုလုပ်ပေးနိုင်ပါသေးတယ်။ ဒါပေမဲ့ တစ်ခါတလေ မိတ်ကပ်အလိမ်းလွန်သွားတဲ့အခါပဲဖြစ်ဖြစ်၊ မိတ်ကပ်လိမ်းပုံလိမ်းနည်းမကျတဲ့အခါမျိုးတွေလည်း ကြုံဖူးကြမှာပါပဲ။

အဲ့ဒီလို မိတ်ကပ်လိမ်းခြယ်မှု မှားယွင်းသွားတဲ့အခါ မလှမပဖြစ်သွားပြီး တစ်ခါတရံကြ ရုပ်ရင့်သွားတတ်ပါတယ်။ ပျိုမေတို့ အဲ့ဒီအမှားလေးတွေကို ရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်တယ်နော်။

Concealer အလွန်အကျွံလိမ်းမိတဲ့အခါ

မိမိလက်အချိန်အဆကို ထိန်းညှိပေးပြီး Concealer လိမ်းခြယ်ပေးပါ။ အရောင်ရောစပ်မှုများတဲ့အခါ၊ ဒါမှမဟုတ် Concealer များသွားတဲ့အခါ အရေးအကြောင်းတွေကို မီးမောင်းထိုးမိသလိုဖြစ်သွားတတ်ပါတယ်။

နှုတ်ခမ်းနီအရောင်ရွေးချယ်မှု မှားယွင်းခြင်း

သင်က နှုတ်ခမ်းပါးပြီးသေးတဲ့ သူတစ်ယောက်ဆိုရင် နှုတ်ခမ်းနီအရောင်ရင့်တွေကို ရှောင်ကြဉ်သင့်ပါတယ်။

ပါးနီ အလွန်အကျွံလိမ်းခြယ်ခြင်း

မျက်တောင်ကော့ဆေးကို အပေါ်မျက်တောင်မှာပဲခြယ်ပေးပါ

အောက်မျက်တောင်မှာပါ မျက်တောင်ကော့ဆေးထည့်တဲ့အခါ သင့်မျက်လုံးကိုလူတွေအာရုံစိုက်မိပြီး မျက်လုံးနားက အရေးအကြောင်းတွေကိုလည်း ပိုမိုသိသာစေပါတယ်။

အိုင်းလိုင်နာကို အောက်မျက်ခွံထဲမှာပါ ဆိုးထားခြင်း

အိုင်းရှဲဒိုးအရင့်များ လိမ်းခြယ်မှုမှားယွင်းခြင်း

အိုင်းရှဲဒိုးတွေကို မျက်ခွံတစ်ခုလုံးမှာ လိမ်းခြယ်ရင် ရုပ်ရင့်သွားစေတာမို့ မျက်လုံးအစပ်နားလေးကိုပဲ ခပ်ပါးပါးလေးပုတ်ပေးလိုက်ပါ။

မျက်ခုံးမွှေးအထူကြီး ဆွဲခြင်း

အရောင်ညှိပေးတဲ့ မိတ်ကပ်မသုံးခြင်း

အခုဆိုရင် အရောင်ညှိပေးတဲ့ မိတ်ကပ်တွေ ( Colour Corrector) မျိုးစုံဝယ်ယူရရှိနိုင်ပြီမို့လို့ အဲ့ဒီမိတ်ကပ်တွေကိုလည်း သုံးပေးဖို့ မမေ့နဲ့နော်။

ပေါင်ဒါဖို့လိုက်တာ အရှိန်လွန်သွားတတ်တာကိုလည်း သတိထားသင့်ပါတယ်။

နှုတ်ခမ်းအနားကွတ်ပြီး ပုံဖော်ထားခြင်းကို အရောင်ညှိပေးဖို့ မေ့သွားခြင်း

နှုတ်ခမ်းပြည့်ပြည့်ဖူးဖူးလေးဖြစ်ဖို့ Lip Liner လေးတွေကလည်း မရှိမဖြစ်သုံးပေးရပါမယ်။ ဒါပေမဲ့ သုံးပြီးတဲ့အခါမှာလည်း မိမိဆိုးတဲ့ နှုတ်ခမ်းနီအရောင်နဲ့ တစ်ထပ်တည်းကျဖို့ လိုအပ်ပါသေးတယ်နော်။ နို့မဟုတ်ရင် သူများတွေက ကိုယ့်ကိုနှုတ်ခမ်းမွှေးပေါက်တယ် ထင်နေကြမှာစိုးလို့ပါ။

Source: Brightside.me