မြန်မာနိုင်ငံမှာသာမဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းလုံးမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတဲ့ Facebook, Instagram တို့လို Social Media တွေမှာ ကိုယ့်ရဲ့အကောင့်ကို အမြင်ဆန်းအောင်လုပ်ဖို့အတွက် စိတ်ကူးရှိပါသလား။ ဒါဆိုရင် ဦးစွာအနေနဲ့ ပြုလုပ်ရမယ့် အရာတစ်ခုကတော့ ဓာတ်ပုံကောင်းကောင်းလေးတွေ တင်တာပါပဲ။

ခေတ်တွေ၊ နည်းပညာတွေပြောင်းလဲလာတဲ့ ယနေ့ခေတ်လိုအချိန်မှာ အကောင်းဆုံးဆိုတဲ့ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ဖို့ မလိုသလို တန်ဖိုးကြီး ကင်မရာတွေရှိဖို့လည်း မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ Facebook နဲ့ Instagram ကို အချိန်တိုလေးအတွင်းမှာ တမူပိုပြီးတော့ ထူးခြားသွားစေဖို့အတွက် အခုဖော်ပြပေးသွားမယ့် အချက်လေးတွေက ကူညီပေးပါလိမ့်မယ်။

၁. ဆန်းသစ်တဲ့အမြင်၊ စိတ်ကူးစိတ်သန်းများဖြင့် ဓာတ်ပုံကောင်းတစ်ပုံဖြစ်အောင် ဖန်တီးလိုက်ပါ

ဓာတ်ပုံနဲ့ ပတ်သက်လာပြီဆိုရင် ကိုယ်ဘယ်လိုအရာတွေကို Focus ထားချင်လဲ၊ ဘယ်လိုအခြေအနေတွေကို Message ပေးချင်လဲဆိုတာကို ပြနိုင်ဖို့နဲ့ ဓာတ်ပုံအချိုးအစားတွေ မှန်မှန်ကန်ကန် ဖြတ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ အခုနောက်ပိုင်းထွက်ရှိလာတဲ့ မိုဘိုင်းလ်ဖုန်းအများစုမှာတော့ ဓာတ်ပုံတွေကို ကျွမ်းကျွမ်းကျင်ကျင် ပြုပြင်နိုင်ဖို့ Editing Features တွေကို ထည့်သွင်းလာခဲ့ကြတာကို တွေ့မြင်ရမှာပါ။ ဥပမာပြောရမယ်ဆိုရင် Vivo က နောက်ဆုံးထွက်ရှိထားတဲ့ V15 Pro မှာပါဝင်တဲ့ ကင်မရာရဲ့ AI Features တွေထဲက AI Smart Framing Feature ဟာ ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို ကြည့်ကောင်းအောင် ပြင်ပေးမှာဖြစ်ပါတယ်။

Vivo V15Pro AI Smart Framing

Photo Editor တစ်ယောက်လိုပဲ ဓာတ်ပုံရဲ့ Subject ကို အလွယ်တကူသိနိုင်ပြီး အလိုအလျောက် Edit လုပ်ကာ Frame ပြန်ပြင်ပေးနိုင်စွမ်းရှိပါတယ်။ အစားအသောက်ပုံ၊ ရှုခင်းပုံ၊ လူပုံတွေ ဘယ်လိုပဲဖြစ်ဖြစ် အဓိက Subject ကို ထင်ရှားစေသလို၊ အရောင်တွေကိုလည်း ပိုတောက်ပြီး စိုပြေစေမှာပါ။

၂. အလင်းအမှောင်ဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းအခုဖြစ်လို့ ဂရုစိုက်ဖို့လိုအပ်ပါတယ်

ဓာတ်ပုံဆရာတွေအတွက် ရွှေလို အဖိုးတန်တဲ့ အချိန်လေး Golden Hour အတိုင်းပင် အခုနောက်ပိုင်းထွက်ရှိလာတဲ့ မိုဘိုင်းလ်ဖုန်းတွေမှာ Portrait Mode ဆိုတဲ့ Feature ထည့်သွင်းထားပြီး သာမန်အလင်းရောင်အောက်မှာတောင် ရင်သပ်ရှုမောဖွယ်ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်မှာပါ။ အစောပိုင်းတုန်းက ဥပမာပေးခဲ့တဲ့ V15 Pro ရဲ့ AI Portrait Lighting Feature မှာ ရွေးချယ်စရာ Lighting Effect တွေ အမြောက်အမြားပါဝင်တာကြောင့် Selfie ပုံတွေကို လှလှလေးထွက်စေပါတယ်။

ဒါ့အပြင် AI Super Night Mode ကလည်း ညအမှောင်တွေ၊ အလင်းရောင်သိပ်မကောင်းတဲ့ အခြေအနေမျိုးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဓာတ်ပုံတွေဝါးနေတာမျိုး၊ မကြည်လင် မပြတ်သားတဲ့ အချိန်မှာတောင် မတူညီကွဲပြားတဲ့ ဓာတ်ပုံများစွာကို တစ်ချိန်ထဲ ရိုက်ယူပေါင်းစပ်လိုက်ပြီး အကြည်လင်ဆုံး နဲ့ အလင်းရောင်အားအကောင်းဆုံး ဓာတ်ပုံတစ်ပုံ ပြန်ထုတ်ပေးမှာဖြစ်ပါတယ်။

Vivo V15Pro AI Portrait Lighting

၃.ဓာတ်ပုံတွေ ပြင်တဲ့အခါ အလွန်အကျွံမဖြစ်ဖို့ကိုလဲ သတိထားဖို့ လိုအပ်တယ်

ဓာတ်ပုံတွေရိုက်ပြီးတဲ့အခါမှာလည်း ဒီအတိုင်းပြီးမသွားဘဲ Facebook ၊ Instagram စတဲ့ ဆိုရှယ်မီဒီယာတွေပေါ် ဓာတ်ပုံမတင်ခင် ပုံလေးတွေ ကြည့်ကောင်းနေအောင် အရင်ပြင်တတ်ကြပါတယ်။ ဓာတ်ပုံလေးတွေ ပိုပြီးအသက်ဝင်လာအောင် Filters တွေ၊ Stickers တွေ၊ Animated GIFs လေးတွေလည်း သုံးလေ့ရှိကြပေမယ့် သေသေချာချာ မသုံးတတ်ဘူးဆိုရင်လည်း ကြည့်မကောင်းတာမျိုး ဖြစ်သွားနိုင်ပါတယ်။ မကြာသေးခင်က Social Media တွေမှာ နာမည်ကြီးခဲ့တဲ့ Hashtag #nofilter နဲ့ Campaign လေးမှာဆိုရင် ဓာတ်ပုံတွေကို မပြုပြင်ပဲနဲ့လည်း လူတိုင်းက သဘာဝအတိုင်းလေးလည်း လှပါတယ်ဆိုတဲ့ မက်ဆေ့ခ်ျကို ပေးစွမ်းခဲ့ပါတယ်။

ဒါပေမယ့်လည်း သာမန်လူမပြောနဲ့ ဓာတ်ပုံဆရာတွေတောင်မှ သူတို့ရိုက်ကူးလိုက်တဲ့ ဓာတ်ပုံတွေကို ပိုကြည့်ကောင်းဖို့အတွက် Edit လုပ်ကြရပါတယ်။ တကယ်လို့ ကိုယ်က Edit ပိုင်းကို မကျွမ်းကျင်ဘူးဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကိုရဖို့အတွက် Filter တစ်ခုတည်းနဲ့ ဓာတ်ပုံတွေအားလုံးကို အမိုက်စားဖြစ်အောင် ပြင်လို့မရပါဘူး။ ဓာတ်ပုံတွေကို ပိုထင်ရှားအောင် ပြင်ဖို့အတွက် Exposure, Contrast, Brightness စတဲ့ Setting တွေလည်း လိုအပ်ပါသေးတယ်။ Vivo V15 Pro ရဲ့ AI Body Shaping Feature ဟာဆိုရင် ဓာတ်ပုံတွေ ဗီဒီယိုတွေမှာတောင် ခန္ဓာကိုယ် အစိတ်အပိုင်းအချို့ကိုလည်း ပြေပြစ်အောင် ပြင်လို့ရမှာဖြစ်ပါတယ်။

Vivo V15Pro AI Body Shaping

အခုဝေမျှပေးခဲ့တဲ့ အချက်လေးတွေကတော့ စာဖတ်သူရဲ့ Social Media ကို အပြောင်းအလဲ ဖြစ်စေမှာပါ။ အကောင်းဆုံးကတော့ ပုံမှန်လေး လေ့ကျင့်ပေးပြီး ဖုန်းကင်မရာမှာပါတဲ့ Features တွေ၊ Setting တွေကို လိုက်ပြီးတော့ စမ်းသပ်ကြည့်မယ်ဆိုရင် ဘယ်ဟာက ကိုယ့်အတွက် အဆင်ပြေမလဲဆိုတာ သိလာပါလိမ့်မယ်။