အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အဆီလည်းကျ အညောင်းလည်းပြေစေမယ့် လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်။ မိမိအိမ်မှာလည်း အလွယ်ကူ ပြုလုပ်ပေးလို့ရတာမို့ စာဖတ်သူတို့ အားလုံး သဘောကျကြမယ်လို့ မျှော်လင့်ပါတယ်နော်။

၁။ Cobra

အခုပုံမှာပြထားသလို ခန္ဓာကိုယ်ကို မှောက်လျက်ထားပြီး လက်နှစ်ဖက်ထောက် ခါးကိုဆန့်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် စက္ကန့် ၂၀- ၃၀ လောက်အသက်အောင့်ထားလိုက်ပါ။

၂။ Seated Twist

ခြေထောက်ကို တစ်ဖက်ဆင်းထား၊ တစ်ဖက်ကို ဆန့်ထားတဲ့ ခြေထောက်ဖက်ကို ချထားပါ။ အခုပုံမှာပြထားသလို လက်တစ်ဖက်ကို ဒူးပေါ်တင်ပေးပြီး ကျန်တစ်ဖက်ကို ဘေးကိုချလိုက်ကာ ခန္ဓာကိုယ်ကို လှည့်ပေးထားရမှာဖြစ်ပါတယ်။ အဲဒီအတိုင်း စက္ကန့် ၂၀ ကနေ ၃၀ အထိနေပါ။ ကျန်တစ်ဖက်ကို ပြောင်းပါ။

၃။ The Warrior

အခုပုံမှာပြထားသလို မျိုးနေပေးရမှာဖြစ်ပါတယ်။ အသက် ၈ကြိမ်မှ ၁၀ ကြိမ်ရှုပါ။ ခြေထောက်ကိုနောက်တစ်ဖက်ပြောင်းပါ။

၄။ Bridge

အရင်ဆုံး ကျောလှဲနေပေးရမှာဖြစ်ပါတယ်။ ပြီးရင် လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ် မှောက်ချပြီး ဒူးကွေးကာ ခန္ဓာကိုယ်အလယ်ပိုင်းကို ကြွလိုက်ပါ။ တင်သားပေါ် အာရုံစိုက်ပေးရပါမယ်။ ၁၀ စက္ကန့်မှ ၁၅ စက္ကန့် အထိနေပြီး နဂိုအတိုင်းပြန်လှဲနေပါ။

၅။Side Lunge

အခုပုံမှာပြထားသလို ခြေထောက်နှစ်ဖက်ကို ကားထားလိုက်ပါ။ ပြီးရင် ကျန်တစ်ဖက်ကို ဘေးသို့ ဆန့်ပေးလိုက်ပပြီး အဲဒီအတိုင်း ၂၅ စက္ကန့်မှ စက္ကန့် ၃၀ အထိနေပေးရပါမယ်။ ပြီးရင်နောက်တစ်ဖက် ထပ်ပြောင်းပါ။

၆။ ပေါင်အတွင်းပိုင်းအကြောလျှော့မယ်

အခုပုံမှာပြထားသလိုမျိုး ထိုင်ပေးပြီး ခြေဖဝါးနှစ်ဖက်ကို စုလိုက်ပါ။ ပေါင်အတွင်းဖက်ကို အာရုံစိုက်ပါ။ ဒူးနှစ်ဖက်ကို ကြမ်းပြင်နဲ့ ထိအောင် ချပေးပါ။ ဖြည်းဖြည်းချင်း အကြောလျှော့ပေးရမှာဖြစ်ပါတယ်။ ၂၅ စက္ကန့်ကနေ စက္ကန့် ၃၀ အထိ နေပေးပါ။

၇။ ဒူးကွေးပြီး အခုလို နေမယ်

အရင်ဆုံး ခန္ဓာကိုယ်ကို ပက်လက်လှဲနေလိုက်ပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မတင်ပြီး လက်နှစ်ဖက်နဲ့ ဒူးကို ပိုက်ထားပေးပါ။ အသက်ကို မှန်မှန်ရှူပါ။ ဒီပုံအတိုင်း စက္ကန့် ၆၀ ကနေ ၉၀ ထိနေပေးပြီးမှ နဂိုအတိုင်းပြန်နေပါ။ ၁ကြိမ်လုပ် ပြီး ၁၅ စက္ကန့်လောက်နားပြီး ၅ကြိမ်လုပ်ပေးပါ။

၈။ Tricep Stretch

အခုပုံမှာပြထားသလို မျိုး လက်နှစ်ဖက်ကို နောက်ပစ်ပြီး အကြော့လျှော့ပေးရမှာပါ။ ဘယ်ညာလျှော့ပေးပါ။ တစ်ဖက်ကို ၁၅ စက္ကန့်မှ စက္ကန့် ၂၀ အထိနေပေးပါ။

၉။ ထိုင်လျက်နဲ့ ဘေးဖက်ကို အကြောလျှော့မယ်

အခုပုံမှာပြထားသလိုမျိုးလုပ်ပေးရမှာပါပဲ။ ထိုင်ခုံမှာထိုင်ပြီးလုပ်လည်းရတယ်နော်။ အလုပ်လုပ်နေတဲ့သူတွေအတွက်လည်းအဆင်ပြေတာပေါ့။ တစ်ဖက်ကို ၁၀ စက္ကန့်ကနေ ၁၅ စက္ကန့်အထိနေပေးပါ။ ပြီးရင် ကျန်တစ်ဖက်ပြောင်းပါ။

၁၀။ မြားပုံစံ

အခုပုံမှာပြထားသလိုမျိုး နေပေးရမှာပါ။ အရင်ဆုံး မှောက်လျက်နေပေးပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို အပေါ်မြောက်ပြီး လက်နှစ်ဖက်နဲ့ ခြေဖနောင့်ကို ကိုင်ထားပေးပါ။ အဲဒီအတိုင်း စက္ကန့် ၂၀ကနေ ၃၀ အထိနေပေးပါ။

အခုဖော်ပြခဲ့တဲ့လေ့ကျင့်ခန်း တစ်ခုဆီကို ၁၀ ခေါက်ဆီ လုပ်ပေးပါ။ တစ်နေ့တည်း အကုန်လုံးမလုပ်ပေးနိုင်လည်းရပါတယ်။

Source: www.brightside.me

By: MyStyle Myanmar