[Zawgyi]

ေက်ာင္းတက္ေနသူမ်ားအတြက္ တစ္ေန႔တာ အစီအစဥ္ေရးဆဲြတတ္တဲ့ အေလ့အထလုပ္ဖုိ႔ဆုိတာ သိပ္အေရးႀကီးတဲ့ အလုပ္ျဖစ္ပါတယ္။ အလုပ္ လုပ္ရမယ့္ အခ်ိန္ဇယားေရးဆြဲထားသလုိပါပဲ စာေလ့လာတဲ့အခါမွာလည္း ေက်ာင္းသားေတြအေနနဲ႔ အခ်ိန္ဇယားတစ္ခု လုပ္ထားဖုိ႔ ပုိလုိအပ္ပါတယ္။ ေက်ာင္းသားတစ္ေယာက္နဲ႔တစ္ေယာက္ ေရးဆြဲၾကတဲ့ အခ်ိန္ဇယားပုံစံဟာ မတူညီႏုိင္ပါဘူး။

ဒါေပမယ့္ ေရးဆြဲလုိက္တဲ့အခ်ိန္ဇယားေၾကာင့္ တစ္ေန႔တာလုပ္ငန္း၊ အိမ္စာလုပ္ခ်ိန္၊ စာဖတ္ခ်ိန္ေတြကုိ ဘယ္လုိ ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္မလဲဆုိတာကုိ ကုိယ့္ကုိယ္ကုိ ရွင္းရွင္းသိၿပီး ေလ့လာမႈ ပုိမုိ အားေကာင္းေစပါလိမ့္မယ္။ ေက်ာင္းသားတစ္ေယာက္ျဖစ္ၿပီဆုိတာနဲ႔ တစ္လတာ၊ ႏွစ္ဝက္၊ တစ္ႏွစ္တာ ေလ့လာမွတ္သားမႈကုိ မိမိကုိယ္ကုိ ျပန္လည္ဆန္းစစ္ဖုိ႔ လုိအပ္ပါတယ္။

Source: Unsplash

မိမိရဲ႕ ဗဟုသုတ အသိပညာဟာ တုိးတက္မႈရွိသလား မရွိဘူးလားဆုိမ်ိဳးကုိ သုံးသပ္ေစခ်င္တာပါ။ အဲဒီလုိ တုိးတက္ဖို ႔ဆုိတာကလည္း တစ္ေန႔တာ ကုိယ္ ဘာေတြလုပ္မလဲ၊ လုပ္သလဲ ဆုိတာနဲ႔ တုိက္ရုိက္ဆက္စပ္ေနပါတယ္။ ဒါေၾကာင့္ ဘယ္လုိစၿပီး တစ္ေန႕တာ စာေလ့လာဖုိ႔ အခ်ိန္ဇယားဆြဲရမလဲဆုိတာကုိ ေလ့လာၾကည့္ရေအာင္။

ဒီအခ်က္ေတြကုိ အသုံးျပဳၿပီး သင့္ရဲ႕ တစ္ေန႔တာ အခ်ိန္ဇယားကုိ ေရးဆြဲႏုိင္ပါတယ္။

အဆင့္(၁) ကုိယ္လုပ္တဲ့အလုပ္ေတြရဲ႕ ၾကာခ်ိန္ကုိ စာရင္းျပဳၿပီး ဇယားထဲ ထည့္ပါ။

Source: Best resumes and templates for your business

ကုိယ့္လက္ရွိအေျခအေနနဲ႔ကုိက္ညီတဲ့ အခ်ိန္ဇယားတစ္ခုကုိ ျပဳစုဖုိ႔ပါ။ ဒါကုိ ျပဳစုျခင္းျဖင့္ သင့္ရဲ႕ တစ္ေန႔တာကုိ အဓိပၸာယ္ရွိစြာ ကုန္ဆုံးေစပါလိမ့္မယ္။ တစ္ရက္စာ သုိ႔မဟုတ္ တစ္ပတ္စာ၊ ကုိယ္ဘာေတြလုပ္ေနသလဲ၊ လုပ္ဖုိ႔ရွိသလဲ၊ အဲဒီအလုပ္ေတြ လုပ္ဖုိ႔ အခ်ိန္ဘယ္ေလာက္ေပးရမလဲ ဆုိတာကုိ တစ္ခါတည္း မွတ္သားထားပါ။

ဘတ္စ္ကားစီးတဲ့ ၾကာခ်ိန္၊ သင္တန္းခ်ိန္၊ ေန႔လည္စာ စားခ်ိန္၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့ၾကာခ်ိန္၊ အိပ္စာလုပ္မယ့္ၾကာခ်ိန္ စသင့္ျဖင့္ ကုိယ္တစ္ေန႔တာ လုပ္ကုိင္မယ့္အရာေတြကုိ ၾကာခ်ိန္နဲ႔တကြ ျပဳထားေစခ်င္ပါတယ္။

အဆင့္ (၂) အခ်ိန္ဇယားထဲမွာ လုပ္ရမယ့္ အရာကုိ အေသးစိတ္ ခ်ေရးပါ။

Source: footage.framepool.com

အဆင့္ (၁) မွာ ကုိယ္လုပ္ရမယ့္လုပ္ငန္းနဲ႔ ၾကာမယ့္ၾကာခ်ိန္ကုိ ထည့္သြင္းေရးဆြဲထားၿပီးတဲ့ေနာက္ ပုိၿပီးေတာ့ အေသးစိတ္ေအာင္ ျပကၡဒိန္ထဲမွာ ထည့္ေရးမွတ္သားထားတာဟာ ပုိမုိေကာင္းမြန္ပါတယ္။ ဘယ္ေန႔မွာ ဘာလုပ္မယ္၊ ဘယ္ေန႔ကေတာ့ ေဟာေျပာပြဲသြားတတ္ဖုိ႔လုိတယ္။ ဘယ္ေန႔ကေတာ့ ကုိယ့္ရဲ႕ ဘာသာျပဆရာမဆီ သြားေတြ႔ဖုိ႔လုိအပ္တယ္။ စသည့္ျဖင့္ အခ်ိန္ဇယားထဲ စည္းစနစ္က်က် ထည့္သြင္းေရးသား ေစလုိပါတယ္။

အဆင့္ (၃) ကုိယ့္ရဲ႕ တစ္လတာ (သို႔မဟုတ္) တစ္ႏွစ္တာ ရည္းမွန္ခ်က္ကုိ ထည့္ေရးဆြဲပါ။

Source: gordonfischerlawfirm.com

အရင္ဦးဆုံးကေတာ့ ကုိယ့္ရဲ႕တစ္ေနတာအစီအစဥ္နဲ႔လုပ္ငန္းေတြကုိ သိထားရပါမယ္။ ဒါမွသာလွ်င္ ကုိယ့္ရဲ႕ ရည္မွန္းခ်က္အထိ ေရာက္မေရာက္ သုံးသပ္ႏုိင္မွာ ျဖစ္လုိ႔ပါ။ ေက်ာင္းသားတစ္ေယာက္အေနနဲ႔ အမွန္ေကာင္းဖုိ႔ စာတမ္းေတြ သတ္မွတ္ရက္အမွီ တင္ေပးႏုိင္ဖုိ႔ အေရးႀကီးပါတယ္။ ဒါေၾကာင့္ စာကုိ တစ္ေန႔တစ္ေန႔ ဘယ္လုိလုပ္မလဲ၊ ဖတ္စာေတြကုိ ဘယ္လုိ ဖတ္ၾကမလဲဆုိတာေတြကုိ နည္းနည္းခ်င္း နည္းနည္းခ်င္း လုပ္သြားႏုိင္ဖုိ႔ကုိ ထည့္သြင္းစဥ္းစား ေရးဆြဲဖုိ႔ပါ။ ဒါမွသာလွ်င္ တစ္ႏွစ္တာ ရည္မွန္းခ်က္ကုိ ေရာက္မွာ ျဖစ္ပါတယ္။

အဆင့္(၄) ကုိယ့္အခ်ိန္ဇယားက အလုပ္ျဖစ္လား မျဖစ္ဘူးလားဆုိတာကုိ ျပန္သုံးသပ္ပါ။

Source: universitypointe.com

အခ်ိန္ဇယားေရးဆြဲမွေတာ့ ကုိယ္ေရးဆြဲတာကုိ ကုိယ္တုိင္လုိက္နာဖုိ႔ လုိအပ္ပါတယ္။ ထုိ႔ေၾကာင့္လည္း အဲဒီဇယားဟာ အလုပ္ျဖစ္ မျဖစ္ သုံးသပ္ဖုိ႔ လုိပါတယ္။ အလုပ္မျဖစ္ဘူးဆုိရင္ ဘာေတြ လုိအပ္ေနလုိ႔လည္း။ဘာေတြ ခြ်တ္ယြင္းေနလုိ႔လည္း။ စသည္ျဖင့္ ျပန္သုံးသပ္ပါ။ ကိုယ္ကုိယ္တုိင္ ကို္ယ္ခ်မွတ္ထားကုိ လုိက္နာခ်င္တဲ့ စိတ္ဓာတ္ရွိဖုိ႔က ပုိအေရးႀကီးပါတယ္။ ေရးဆြဲထားတာဟာ လူျမင္ေကာင္းဖုိ႔ သက္သက္ မျဖစ္သင့္ပါဘူး။

[Unicode]

ကျောင်းတက်နေသူများအတွက် တစ်နေ့တာ အစီအစဉ်ရေးဆွဲတတ်တဲ့ အလေ့အထလုပ်ဖို့ဆိုတာ သိပ်အရေးကြီးတဲ့ အလုပ်ဖြစ်ပါတယ်။ အလုပ် လုပ်ရမယ့် အချိန်ဇယားရေးဆွဲထားသလိုပါပဲ စာလေ့လာတဲ့အခါမှာလည်း ကျောင်းသားတွေအနေနဲ့ အချိန်ဇယားတစ်ခု လုပ်ထားဖို့ ပိုလိုအပ်ပါတယ်။ ကျောင်းသားတစ်ယောက်နဲ့တစ်ယောက် ရေးဆွဲကြတဲ့ အချိန်ဇယားပုံစံဟာ မတူညီနိုင်ပါဘူး။

ဒါပေမယ့် ရေးဆွဲလိုက်တဲ့အချိန်ဇယားကြောင့် တစ်နေ့တာလုပ်ငန်း၊ အိမ်စာလုပ်ချိန်၊ စာဖတ်ချိန်တွေကို ဘယ်လို ထိထိရောက်ရောက် အကောင်အထည်ဖော်မလဲဆိုတာကို ကိုယ့်ကိုယ်ကို ရှင်းရှင်းသိပြီး လေ့လာမှု ပိုမို အားကောင်းစေပါလိမ့်မယ်။ ကျောင်းသားတစ်ယောက်ဖြစ်ပြီဆိုတာနဲ့ တစ်လတာ၊ နှစ်ဝက်၊ တစ်နှစ်တာ လေ့လာမှတ်သားမှုကို မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။

Source: Unsplash

မိမိရဲ့ ဗဟုသုတ အသိပညာဟာ တိုးတက်မှုရှိသလား မရှိဘူးလားဆိုမျိုးကို သုံးသပ်စေချင်တာပါ။ အဲဒီလို တိုးတက်ဖို့ဆိုတာကလည်း တစ်နေ့တာ ကိုယ် ဘာတွေလုပ်မလဲ၊ လုပ်သလဲ ဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ ဒါကြောင့် ဘယ်လိုစပြီး တစ်နေ့တာ စာလေ့လာဖို့ အချိန်ဇယားဆွဲရမလဲဆိုတာကို လေ့လာကြည့်ရအောင်။

ဒီအချက်တွေကို အသုံးပြုပြီး သင့်ရဲ့ တစ်နေ့တာ အချိန်ဇယားကို ရေးဆွဲနိုင်ပါတယ်။

အဆင့်(၁) ကိုယ်လုပ်တဲ့အလုပ်တွေရဲ့ ကြာချိန်ကို စာရင်းပြုပြီး ဇယားထဲ ထည့်ပါ။

Source: Best resumes and templates for your business

ကိုယ့်လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ အချိန်ဇယားတစ်ခုကို ပြုစုဖို့ပါ။ ဒါကို ပြုစုခြင်းဖြင့် သင့်ရဲ့ တစ်နေ့တာကို အဓိပ္ပာယ်ရှိစွာ ကုန်ဆုံးစေပါလိမ့်မယ်။ တစ်ရက်စာ သို့မဟုတ် တစ်ပတ်စာ၊ ကိုယ်ဘာတွေလုပ်နေသလဲ၊ လုပ်ဖို့ရှိသလဲ၊ အဲဒီအလုပ်တွေ လုပ်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ ဆိုတာကို တစ်ခါတည်း မှတ်သားထားပါ။

ဘတ်စ်ကားစီးတဲ့ ကြာချိန်၊ သင်တန်းချိန်၊ နေ့လည်စာ စားချိန်၊ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ကြာချိန်၊ အိပ်စာလုပ်မယ့်ကြာချိန် စသင့်ဖြင့် ကိုယ်တစ်နေ့တာ လုပ်ကိုင်မယ့်အရာတွေကို ကြာချိန်နဲ့တကွ ပြုထားစေချင်ပါတယ်။

အဆင့် (၂) အချိန်ဇယားထဲမှာ လုပ်ရမယ့် အရာကို အသေးစိတ် ချရေးပါ။

Source: footage.framepool.com

အဆင့် (၁) မှာ ကိုယ်လုပ်ရမယ့်လုပ်ငန်းနဲ့ ကြာမယ့်ကြာချိန်ကို ထည့်သွင်းရေးဆွဲထားပြီးတဲ့နောက် ပိုပြီးတော့ အသေးစိတ်အောင် ပြက္ခဒိန်ထဲမှာ ထည့်ရေးမှတ်သားထားတာဟာ ပိုမိုကောင်းမွန်ပါတယ်။ ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်နေ့ကတော့ ဟောပြောပွဲသွားတတ်ဖို့လိုတယ်။ ဘယ်နေ့ကတော့ ကိုယ့်ရဲ့ ဘာသာပြဆရာမဆီ သွားတွေ့ဖို့လိုအပ်တယ်။ စသည့်ဖြင့် အချိန်ဇယားထဲ စည်းစနစ်ကျကျ ထည့်သွင်းရေးသား စေလိုပါတယ်။

အဆင့် (၃) ကိုယ့်ရဲ့ တစ်လတာ (သို့မဟုတ်) တစ်နှစ်တာ ရည်းမှန်ချက်ကို ထည့်ရေးဆွဲပါ။

Source: gordonfischerlawfirm.com

အရင်ဦးဆုံးကတော့ ကိုယ့်ရဲ့တစ်နေတာအစီအစဉ်နဲ့လုပ်ငန်းတွေကို သိထားရပါမယ်။ ဒါမှသာလျှင် ကိုယ့်ရဲ့ ရည်မှန်းချက်အထိ ရောက်မရောက် သုံးသပ်နိုင်မှာ ဖြစ်လို့ပါ။ ကျောင်းသားတစ်ယောက်အနေနဲ့ အမှန်ကောင်းဖို့ စာတမ်းတွေ သတ်မှတ်ရက်အမှီ တင်ပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စာကို တစ်နေ့တစ်နေ့ ဘယ်လိုလုပ်မလဲ၊ ဖတ်စာတွေကို ဘယ်လို ဖတ်ကြမလဲဆိုတာတွေကို နည်းနည်းချင်း နည်းနည်းချင်း လုပ်သွားနိုင်ဖို့ကို ထည့်သွင်းစဉ်းစား ရေးဆွဲဖို့ပါ။ ဒါမှသာလျှင် တစ်နှစ်တာ ရည်မှန်းချက်ကို ရောက်မှာ ဖြစ်ပါတယ်။

အဆင့်(၄) ကိုယ့်အချိန်ဇယားက အလုပ်ဖြစ်လား မဖြစ်ဘူးလားဆိုတာကို ပြန်သုံးသပ်ပါ။

Source: universitypointe.com

အချိန်ဇယားရေးဆွဲမှတော့ ကိုယ်ရေးဆွဲတာကို ကိုယ်တိုင်လိုက်နာဖို့ လိုအပ်ပါတယ်။ ထို့ကြောင့်လည်း အဲဒီဇယားဟာ အလုပ်ဖြစ် မဖြစ် သုံးသပ်ဖို့ လိုပါတယ်။ အလုပ်မဖြစ်ဘူးဆိုရင် ဘာတွေ လိုအပ်နေလို့လည်း။ဘာတွေ ချွတ်ယွင်းနေလို့လည်း။ စသည်ဖြင့် ပြန်သုံးသပ်ပါ။ ကိုယ်ကိုယ်တိုင် ကိုယ်ချမှတ်ထားကို လိုက်နာချင်တဲ့ စိတ်ဓာတ်ရှိဖို့က ပိုအရေးကြီးပါတယ်။ ရေးဆွဲထားတာဟာ လူမြင်ကောင်းဖို့ သက်သက် မဖြစ်သင့်ပါဘူး။