မင်္ဂလာပါပျိုမေတို့ရေ။ ကြည်လင်လှပတဲ့ အသားအရေကို ရရှိပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ ဆန္ဒတစ်ခုပါပဲနော်။ အသားအရေကြည်လင်လှပနေမယ်ဆိုရင် မိတ်ကပ်မလိမ်းထားရင်တောင် သင်က အမြဲတမ်း လှနေမှာပါ။ အဲဒီအတွက် သင့်ရဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံကလည်း အရေးပါပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေစားမယ်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်မယ်။ အိပ်ရေးဝဝအိပ်မယ်၊ တက်တက်ကြွကြွနေမယ်။ စိတ်ထားကောင်းကောင်းထားမယ်ဆိုရင် သင့်ဟာ အမြဲတမ်းလှနေမှာပါ။ ဒါ့အပြင် အလှအပနဲ့ပတ်သက်လို့ သဘာဝအတိုင်း ထိန်းသိမ်းမှုတွေလည်း ပြုလုပ်ဖို့လိုအပ်ပါတယ်။

သင့်ကိုအမြဲတမ်းလှနေစေဖို့ အလှအပနဲ့ ပတ်သက်တဲ့ နည်းလမ်းတချို့ကို မျှဝေပေးသွားပါမယ်။

ဆံကေသာအတွက်

ဆံကေသာ တောက်ပပြီး သန်စွမ်းစေဖို့အတွက် ခေါင်းလျှော်ရည်မှာ ဆားနည်းနည်း ထည့်ပေးလိုက်ပြီး ခေါင်းလျှော်လိုက်ပါ။ ဆားကိုထည့်ပေးခြင်းဖြင့် အညစ်အကြေးတွေကို ပိုပြီးသန့်စင်ပေးမှာဖြစ်သလို သင့်ရဲ့ ဆံကေသာကိုလည်း ပိုပြီး သန်စွမ်းတောက်ပြောင်စေမှာပါ။

မျက်တောင်လေးတွေရှည်စေဖို့

မျက်တောင်လေးတွေရှည်စေဖို့အတွက် ရှားစောင်းလက်ပပ်၊ ဗီတာမင် E အဆီနဲ့ ကြက်ဆူဆီ အနည်းငယ်ဆီရောလိုက်ပြီး Mascara ဘူးအလွတ်အသန့်ထဲကို ထည့်လိုက်ပါ။ ညအိပ်ယာမဝင်ခင်မှာ Mascara ဆိုးတံနဲ့ မျက်တောင်တွေမှာ ဆိုးပေးလိုက်ပါ။ မျက်လုံးထဲ မဝင်စေဖို့ သတိထားပါနော်။ ပြီးရင် တစ်ညလုံးထားလို့လည်းရပါတယ်။

မျက်ကွင်းညိုတာသက်သာဖို့

မျက်ကွင်းညိုတာ သက်သာဖို့အတွက် အုန်းဆီနဲ့ ကော်ဖီမှုန့်ကြမ်းကို နည်းနည်းဆီရောလိုက်ပြီး မျက်ကွင်းညိုတဲ့ နေရာမှာလိမ်းလိုက်ပါ။ ပြီးရင် ၁၀ မိနစ်ကနေ ၁၅ မိနစ်အထိထားပြီး ရေဆေးချလိုက်ပါ။

ခြေထောက်အသားအရေအတွက်

အမွေးအမျှင်တွေကို ဖယ်ရှားပြီး နူးညံ့ချောမွတ်တဲ့ ခြေထောက်အသားအရေလေးရဖို့အတွက် မျှဝေပေးပါမယ်။ သကြား ၂ လွက်၊ သံပုယိုရည် ခွက် ၄ ပုံ ၁ ပုံ၊ ရေ အနည်းငယ်ရောလိုက်ပါ။ ပြီးရင် အဲဒီရောထားတာကို အိုးထဲထည့်ပြီး ဆူအောင်သည်လိုက်ပါ။ သကြားအညိုရောင်ပြောင်းလာရင် မီးဖိုပေါ်က ချပြီး အအေးခံပါ။ ပြီးရင် ခြေထောက်နားမှာ လိမ်းပေးပြီး ခြောက်အောင်ထားကာ ခွာချလိုက်ပါ။ ပြီးသွားရင် ရေဆေးပေးပြီး Moisturizer လိမ်းပေးထားပါ။

သွားဖြူဝင်းဖို့

သွားလေးတွေဖြူဝင်းစေဖို့အတွက် မုန့်ဖုတ်ဆိုဒါ နဲ့ စတော်ဘယ်ရီသီးတွေကို နည်းနည်းဆီ ရောပြီး မွှေလိုက်ပါ။ ပြီးရင် သွားတိုက်တံပေါ်တင်ပြီး သွားတိုက်ပေးပါ။ သွားကို ဖြူဝင်းစေမှာဖြစ်ပါတယ်။