နှစ်ဟောင်းကုန်ပြီး နှစ်သစ်ကူးတော့မယ်ဆိုတော့ အားလုံးစိတ်သစ်လူသစ်နဲ့ ရှိနေကြမယ်လို့ထင်ပါတယ်။ ၂၀၁၈ မှာ ဘယ်လိုမိတ်ကပ်ပြင်ဆင်မှုတွေ ခေတ်စားလာမလဲဆိုတာနဲ့ပတ်သက်လို့ BAZAAR ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ပုံစံတွေကို မျှဝေပေးချင်ပါတယ်။

အမည်းရောင် လိုင်နာ

အမည်းရောင်လိုင်နာတွေဟာ ၂၀၁၈ မှာ ခေတ်စားနေဦးမှာပါ။ လိုင်နာကို ပုံအမျိုးမျိုး ဆွဲပြီး မိတ်ကပ်လိမ်းချယ်ကြဦးမယ်လို့ဆိုပါတယ်။

နှုတ်ခမ်းနီတောင့်တွေ

နှုတ်ခမ်းနီ အရည်လေးတွေ ခေတ်စားပြီးတဲ့နောက် ၂၀၁၈ မှာတော့ နှုတ်ခမ်းနီတောင့်ကိုမှ ခရင်မ်ပုံစံမျိုး၊ Hydrating Formula ပုံစံမျုးတွေ ခေတ်စားလာမယ်လို့ ဆိုပါတယ်။

အလှဆင်ချယ်သတဲ့ မိတ်ကပ်ပုံစံ

၂၀၁၈ ဖက်ရှင်ပြေးလမ်းထက်မှာ ခေတ်စားလာမယ့် မိတ်ကပ်ပုံစံကတော့ မျက်နှာမှာ ကျောက်တွေ၊ စိန်တွေနဲ့ အလှဆင်ထားတဲ့ ပုံစံမျိုး ခေတ်စားလာမယ်လို့ ဆိုပါတယ်။

ရွှေအိုရောင်မိတ်ကပ်ပုံစံ

ရွှေရောင် မိတ်ကပ်ပုံစံလေးတွေကလည်း ၂၀၁၈ မှာ ခေတ်စားမယ့် မိတ်ကပ်ပုံစံပါ။

ခပ်ကြီးကြီးလိုင်နာချယ်သမှုတွေ

၂၀၁၈ မှာ Cat-eye Flick ဆိုတဲ့ ကြောင်မျက်လုံးပုံစံမျိုး ချယ်သမှုတွေလည်း ခေတ်စားလာမှာပါ။ လိုင်နာကို ခပ်သေးသေးဆွဲတာထက် ဝိုင်းဝိုင်းကြီးကြီးဆွဲတာမျိုး ခေတ်စားလာမယ်လို့ ဆိုပါတယ်။

မျက်တောင်မွှေးထူထူ

မျက်တောင်မွှေးထူထူပုံစံမျိုး ချယ်သမှုတွေက ၂၀၁၈ မှာ ခေတ်စားဦးမယ် မိတ်ကပ်ချယ်သမှုဖြစ်ပါတယ်။