ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် Gym ကစားပေးတာအရမ်းကောင်းပါတယ်။ ပျိုမေတို့အနေနဲ့ကတော့ ကျန်းမာရေးအတွက်သာမကပဲအလှအပရေးရာအတွက်ပါ အကျိုးရှိစေလို့ Gym ကိုကစားပေးသင့်ပါတယ်။ ဒီလို Gym ပုံမှန်ကစားပေးမယ်ဆိုရင် ပျိုမေတို့အတွက်ရရှိလာမယ့် အကျိုးကျေးဇူးတွေကတော့ ဘာတွေဖြစ်မလဲနော်။

ပျိုမေတို့အနေနဲ့ Gym ပုံမှန်ကစားပေးမယ်ဆိုရင်တော့ ပျိုမေတို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့အဆီပိုတွေကို လျော့ကျစေပါတယ်။ အဆီကျလာတဲ့အပြင် ကြွက်သားတွေလည်းတက်လာလို့ ခန္ဓာကိုယ်ကကျစ်ကျစ်လစ်လစ်လေးနဲ့ လှပစေပါတယ်။ ကိတ်ချင်တဲ့ပျိုမေတွေလည်း သဘာဝအတိုင်းကိတ်လာမှာပါ။ နောက်တစ်ခုကတော့ ၀ချင်တဲ့သူတွေဆိုရင်လည်း အသားတက်အောင် ပုံမှန်ကစားပေးမယ်ဆိုရင်တော့ အသားတက်၊ ၀ိတ်တက်ပြီးလှပတဲ့ခန္ဓာကိုယ်အနေအထားကိုရရှိလာမှာပါ။ ၀ဆေးတွေစားမယ့်အစား Gym ကစားပေးတာကပိုပြီးကျန်းမာလှပစေပါတယ်။

Source: www.dailymail.co.uk

Gym ကစားနေတဲ့အချိန်မှာဆို ချွေးအရမ်းထွက်ပါတယ်။ ချွေးထွက်တာက အရမ်းကောင်းတာမှန်ပေမယ့်လည်း ချွေးထွက်လွန်ပြီးအားမကုန်သွားအောင် ရေတော့ခဏခဏသောက်ပေးဖို့ လိုပါမယ်။ ဒီလိုချွေးထွက်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်တွင်းအဆိပ်အတောက်တွေကို လျော့ကျစေလို့ ပိုပြီးကျန်းမာလာစေပါတယ်။ ဒါ့အပြင် အသားအရေကိုလည်း ကြည်လင်လှပလာစေပါတယ်။

Source: www.keephealthyliving.com

Gym ပုံမှန်ကစားပေးခြင်းကမိန်းကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရိုးပွရောဂါကိုမဖြစ်ပွားအောင် ကာကွယ်ပေးပါတယ်။ အသက်ကြီးတဲ့အမျိုးသမီးတွေအနေနဲ့လည်း Gym ပုံမှန်ကစားပေးတဲ့အခါမှာအရိုးအဆစ်တွေကိုပိုမိုသန်မာလာစေပါတယ်။

Gym ပုံမှန်ကစားပေးတဲ့သူတစ်ယောက်ဟာ ကိုယ်ခံအားစနစ်ကောင်းမွန်လာတဲ့အပြင် အမောခံနိုင်လာလို့ သက်လုံကောင်းစေပါတယ်။ ဒါ့အပြင် နှလုံးသွေးကြောကျဉ်းရောဂါနဲ့ နှလုံးပတ်သက်တဲ့ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးပေးပါတယ်။ ဆီးချိုသွေတိုးနဲ့ အဆစ်အမြစ်ယောင်ရောဂါတွေ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ မိန်းကလေးတွေမှာဖြစ်လေ့ရှိတဲ့ ရင်သားကင်ဆာဖြစ်ပွါးမှုကိုလည်းလျော့ကျစေပါတယ်။

Source: www.womanparadise.ru

နောက်ဆုံးအနေနဲ့ Gym ပုံမှန်ကစားပေးတဲ့အခါမှာ ခန္ဓာကိုယ်အချိုးအဆစ်တွေကလည်း ကိုယ်လိုချင်တဲ့ပုံအတိုင်းရရှိပြီးလှပလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုတိုးလာမှာပါ။ ကိုယ့်မှာရှိနေတဲ့ Stress တွေကိုလျော့ကျစေတဲ့အပြင် အရင်ထက်လည်းပိုပြီးကျန်းမာလာတဲ့အတွက် စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်စေမှာအမှန်ပါပဲ။

Source: www.redonline.co.uk