အသားညိုတဲ့သူတွေ ရှိလားရှင့်။ တကယ်တော့ ညိုတဲ့အသားအရေဟာ သိပ်ကိုလှတဲ့ အသားအရေတစ်ခုပါနော်။ သင့်အသားအရေနဲ့ ဘယ်လို နှုတ်ခမ်းနီအရောင်တွေ လိုက်ဖက်တယ်လို့ ခံစားရပါသလဲ။

နိုင်ငံတကာ အနုပညာရှင်တော်တော်များများက အသားဖြူတာထက် ညိုတဲ့ဖက်ကိုပိုပြီးသွားကြပါတယ်။ အဲဒီအသားအရောင်မျိုးကိုလည်း နှစ်သက်ကြပြီး အသားညိုဖို့အတွက် တကူးတက နေရောင်ခံလေ့ရှိပါတယ်။

အနီရောင် အနီဖျော့ရောင် နဲ့ အရောင်ဖျော့ဖျော့တွေ နှစ်သက်ကြမယ်လို့ထင်ပါတယ်။ တကယ်တော့ အသားညိုတဲ့သူတွေနဲ့ မလိုက်ဖက်တဲ့ အရောင်ဆိုတာ မရှိပါဘူး။ ပိုပြီး လိုက်ဖက်စေဖို့ ဘယ်လို နှုတ်ခမ်းနီအရောင်ကို ရွေးချယ်ရမလဲဆိုတာ မျှဝေပးချင်ပါတယ်။





အသားညိုတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးအရောင်ကတော့ အရောင်နုလေးတွေဖြစ်ပါတယ်။ Nude အရောင်လေးတွေဖြစ်တဲ့ အရောင်နုလေးတွေဆိုးလိုက်ရင် သင့်အသားအရောင်ရဲ့ အလှပိုပြီး ပေါ်လွင်စေပါတယ်။




အရောင်ရင့်တွေနဲ့လည်း လိုက်ဖက်ပါတယ်။ Matte နှုတ်ခမ်းနီတွေက အသားညိုတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံး နှုတ်ခမ်းနီတစ်ခုပါ။


နှုတ်ခမ်းနီအဆီတွေကလည်း အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်လှပါတယ်။ သင့်နှုတ်ခမ်းကိုလည်း ဖူးဖူးလေးဖြစ်စေပြီး နှုတ်ခမ်းကွဲတာကိုပါသက်သာစေပါတယ်။ ဒါ့ကြောင့် နှုတ်ခမ်းနီ အဆီပါတဲ့ ပြောင်ပြောင်လေးတွေ ဆိုးပေးပါ။