မင်္ဂလာပါနော်။ ကိုရီးယားမလေးလို ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ဖို့ Spring Eyes Makeup လိမ်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

မိတ်ကပ်မလိမ်းခင် တိုနာ၊ Moisturizer, Primer, Concealer, 2 Ways (သို့) Loose Powder စတာတွေကိုလိမ်းလိုက်ပြီး မျက်ခုံးမွှေးဆွဲလိုက်ပါ။

မျက်လုံးကိုစခြယ်ပါမယ်။

အရင်ဆုံး ပန်းရောင် အဖျော့ Eyeshadow ကို မျက်လုံးခွံပေါ်မှာအောက်ခံအဖြစ် လိမ်းလိုက်ပါ။

အဲဒီနောက် ပန်းရောင်နည်းနည်းရဲတာကို ထပ်ခြယ်လိုက်ပါ။

ခရမ်းရောင် Eyeshadow ကို အခုပုံမှပြထားသလို မျက်လုံးထောင့်နားကို ခြယ်လိုက်ပါ။

အညိုရောင် (သို့) မိုခါးရောင် Eyeshadow ကို မျက်ခုံးမွှေးအောက်နားနဲ့ မျက်လုံး အောက်နားခြယ်ပေးလိုက်ပါ။

ပြီးရင်တော့ငွေရောင်လေးကို မျက်လုံးအောက် အစထောင့်နားလေးကို လိမ်းပေးလိုက်ပါ။

Eyeliner ကို မျက်လုံးအောက်တစ်ဝက်နဲ့ မျက်ခွံပေါ်မှာ ဆိုးလိုက်ပါ။

ပြီးရင်တော့ Mascara ဆိုးပေးလိုက်ပါ။

ပန်းခရမ်းရောင်နဲ့ အဆီကို အခုလိုမျိုး အတွင်းပိုင်းကို ဆိုးပေးပါမယ်။

အရင်ဆုံးမဆိုးခင်မှာ Concealer ကို နှုတ်ခမ်းတစ်ခုလုံးလိမ်းပေးလိုက်ပါ။

ပြီး၇င်တော့ အနီရောင် (သို့) အရောင်ရင့်တဲ့နှုတ်ခမ်းနီကို နှုတ်ခမ်းသားအတွင်းပိုင်း ဆိုးပေးလိုက်ပြီး ပန်းခရမ်းရောင်လေးနှုတ်ခမ်းနီကို နည်းနည်းထပ်ဆိုးပေးကာ အပြင်ဖက်ကို Blend လုပ်ပေးလိုက်ပါ။

နှာတံဖော်လိုက်ပါ။

ပါးနီ၊ Highlight စတာတွေ လုပ်ပေးလိုက်ပါ။

ရပါပြီနော်။

Source: www.fashionguilt.blogspot.com