မင်္ဂလာပါနော်။ ရိုးရိုးရှင်းရှင်းလေး ဝတ်ချင်တယ်။ အရပ်ကိုလည်း ရှည်သယောင်လေး ထင်ရစေဖို့အတွက် ဘယ်လို ဖက်ရှင်မျိုးကို ဝတ်ဆင်ရမလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အရောင်ပြောင်းဝတ်ပါ

သင်အမြဲဝတ်နေတဲ့ အင်္ကျီ ဘောင်းဘီအရောင်တွေကို အရောင်တူတွေဘဲမဟုတ်ဘဲ မတူညီတဲ့ အရောင်လေးတွေ ပြောင်းဝတ်ပေးပါ။

ရောဝတ်ပါ

အပြောင်းအလဲဖြစ်သွားအောင် ဘောင်းဘီပွပွလေးတွေ၊ ကားကားလေးတွေကို ဝတ်ပါ။ အခုအောက်မှာ ဖော်ပြထားတဲ့ ပုံစံလေးတွေက သင့်ကို အ၇ပ်ရှည်သလိုလည်းထင်ရစေသလို ရိုးရိုးလေးဆိုပေမယ့် အမိုက်စား စတိုင်လ်ဖြစ်နေတာမလွဲဧကန်ပါပဲ။

Accessory တွေတွဲဝတ်ပါ

Accessory တွေကို အရမ်းရှုပ်ယှက်ခတ်နေတာမျိုးမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းလေးဝတ်ပါ။ ကိုယ့်သွားမယ့် နေရာဒေသနဲ့ ကိုက်ညီတဲ့ Accessory တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။