[Zawgyi]

ကိုယ္ေလးစားအားက်တဲ့သူ အတုယူရတဲ့သူေတြ ေျပာတာ၊လုပ္တာေတြကို အတုယူၿပီး လိုက္လုပ္တတ္က် ၾကတာလူ႔သဘာဝပါပဲ။ နည္းပညာသိပ္မတိုးတက္ေသးတဲ့ အရင္ဆယ္စုႏွစ္ေတြမွာ ဆိုရင္ေတာ့ လူေတြဟာ အႏုပညာရွင္ေတြ၊ ထင္ရွားေက်ာ္ၾကားတဲ့သူတစ္ခ်ိဳ႕နဲ႔ ကိုယ့္အဝန္းအဝိုင္းထဲက လူတစ္ခ်ိဳ႕ရဲ႕ ေနထိုင္မႈေတြ ေျပာတဲ့စကားေတြကို နည္းနာယူခဲ့ၾကေပမဲ့ နည္းပညာေတြတိုးတက္လာၿပီး smartphone ေတြဟာ လူေတြရဲ႕ ေန႔စဥ္ဘဝအတြက္ မရွိမျဖစ္အစိတ္အပိုင္းတစ္ခုျဖစ္လာတဲ့ ဒီေန႔ေခတ္ထဲမွာေတာ့ လူေတြဟာ သူတို႔ႏွစ္သက္လက္ခံၿပီး ေလးစားယုံၾကည္ရတဲ့ icons ေတြကို online ေပၚမွာ လြယ္လြယ္ကူကူနဲ႔ မ်ားမ်ားစားစား ရွာေတြ႕လာၾကတာ အရမ္းထူးဆန္းတဲ့ျဖစ္စဥ္ေတာ့လည္း မဟုတ္ပါဘူး။

ဒီလိုနည္းပညာတိုးတက္လာမႈေၾကာင့္ ကမာၻအရပ္ရပ္ကသူေတြဆီ ကိုယ္ေပးခ်င္တဲ့ သတင္းစကား၊ ျပခ်င္တဲ့အေၾကာင္းအရာေတြကို လြယ္လြယ္ကူကူနဲ႔ လူမႈကြန္ယက္ကေနမွတဆင့္ မွ်ေဝလာၾကပါတယ္။ ဒီလိုမွ်ေဝတဲ့သူေတြဟာ ကုန္ပစၥည္းနဲ႔ပတ္သက္တဲ့၊ ဝန္ေဆာင္မႈေတြနဲ႔ပတ္သက္တဲ့ အႀကံဉာဏ္ေတြကအစ လူမႈဘဝေနထိုင္မႈနဲ႔ပတ္သက္တဲ့အႀကံဉာဏ္ေတြကို သူတို႔ရဲ႕လူမႈစာမ်က္ႏွာေတြကေနတဆင့္ ေဝမွ်ေပးေန ၾကတာကေနမွ လူအမ်ားရဲ႕ ႏွစ္သက္လက္ခံမႈနဲ႔ အသိအမွတ္ျပဳမႈကို ရလာၾကပါတယ္။ ဒီလိုမ်ိဳး လူအမ်ားရဲ႕အျမင္နဲ႔အျပဳအမူကို ဦးေဆာင္ပုံသြင္းႏိုင္တဲ့သူေတြထဲမွာ အႏုပညာရွင္ေတြ ပါဝင္တတ္ၾကေပမဲ့ အႏုပညာရွင္ေတြမဟုတ္တဲ့သူေတြလည္း ပါဝင္ၾကပါတယ္။ သူတို႔ေတြဟာ သက္ဆိုင္ရာအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး သိရွိကြၽမ္းက်င္႐ုံမကပဲ အမ်ားကို ျပန္လည္ေဝငွၿပီး ကိုယ္ပိုင္လမ္းသစ္ကို ေဖာက္ေနၾကတဲ့ သူေတြလည္း ျဖစ္ၾကတဲ့အတြက္ လူမႈပတ္ဝန္းက်င္မွာ သူတို႔ရဲ႕ အခန္းက႑ဟာလည္းအေရးပါပါတယ္။

Myanmar’s Pride Awards ဟာဆိုရင္ ၂၀၁၉ ခုႏွစ္အတြက္ ျမန္မာျပည္လူမႈက႑မွာ မတူတဲ့အေၾကာင္းအရာအမ်ိဳးမ်ိဳးကိုေဝငွေနေပးေနတဲ့ လူအမ်ားက သေဘာက်လက္ခံေနတဲ့ ဆန္ကာတင္ စာရင္းဝင္ လႊမ္းမိုးႏိုင္သူေတြကို ရွာေဖြေဖာ္ထုတ္ ခ်ျပလိုက္ရပါတယ္။ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္းမွာ ဆုေ႐ြးခ်ယ္ေပးအပ္ေရးအဖြဲ႕ကေနမွ ဆန္ကာတင္အမည္စာရင္းကို ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ လူမႈဦးေဆာင္က႑အတြက္ အကဲျဖတ္ဒိုင္မ်ားကေနၿပီး အမ်ားကသေဘာက် ခ်စ္ခင္လက္ခံေနတဲ့သူေလးဦးကို ေ႐ြးေပးခဲ့ပါတယ္။ ဆန္ကာတင္စာရင္းမွာပါဝင္တဲ့သူေတြကေတာ့ လာဖာဒီး (Dee Dee Burmese Vlog)၊ ဝင္းမင္းသန္း (Yangon in my Heart)၊ ခင္ျမတ္ျမတ္ႏိုင္ @ Chilli နဲ႔ မီရွဲ (ရန္ကုန္သူမီရွဲ) တို႔ပဲျဖစ္ပါတယ္။

ျမန္မာဟာ အ႐ိုင္းဆန္ေနေသးတဲ့ သဘာဝအလွတရားႀကီးကေနစလို႔ ႂကြယ္ဝတဲ့ သယံဇာတေတြ၊ ႏွစ္လိုခ်စ္ခင္ဖြယ္ တိုင္းရင္းသားေတြအထိ ဂုဏ္ယူဝင့္ႂကြားလို႔ရတဲ့အရာေတြ မ်ားစြာရွိပါတယ္။ ထူးခြၽန္ထင္ရွားတဲ့ ျမန္မာကို ကမာၻ႔စင္ျမင့္ထက္မွာ ကိုယ္စားျပဳႏိုင္တဲ့ ျမန္မာျပည္ဖြားေတြကို မဲေပးၿပီး ဒီလိုဂုဏ္ယူဖြယ္ရာစာရင္းထဲကို ေနာက္တစ္ခုထပ္ထည့္ဖို႔တိုက္တြန္းခ်င္ပါတယ္။ ဆုရရွိတဲ့သူကို ေ႐ြးခ်ယ္တဲ့အခါမွာ အကဲျဖတ္အမွတ္ေပးဒိုင္လူႀကီးေတြရဲ႕ ဆႏၵမဲ ၂၀ ရာခိုင္ႏႈန္းႏွင့္ အမ်ားျပည္သူရဲ႕ ဆႏၵမဲ (SMS စာတိုကတဆင့္ေပးတဲ့ ဆႏၵမဲ ၄၀ ရာခိုင္ႏႈန္း၊ Facebook Chatbot ကတဆင့္ေပးတဲ့ ဆႏၵမဲ ၄၀ ရာခိုင္ႏႈန္း) တို႔ကို ေပါင္းစပ္ၿပီး အတည္ျပဳဆုံးျဖတ္ သြားမွာျဖစ္တဲ့အတြက္ အမ်ားျပည္သူက ေပးအပ္တဲ့ မဲတစ္ခုစီတိုင္းက အလြန္အေရးပါပါတယ္။ ျပည္သူလူထုကို ေအာက္မွာေဖာ္ျပထားတဲ့ ဆန္ကာတင္ စာရင္းဝင္တို႔ရဲ႕ ကိုယ္ေရးအက်ဥ္းေလးဖတ္ၿပီး မဲေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။ မဲေပးဖို႔ဆိုရင္ မိမိမဲေပးလိုသူ၏ နံပါတ္စဥ္ကို 09 969696 888 သို႔ SMS စာတိုေပးပို႔ၿပီးျဖစ္ေစ၊ www.facebook.com/myanmarsprideawards ကတဆင့္ messenger chatbot ကို ဝင္ေရာက္ ၿပီးျဖစ္ေစ မဲေပးႏိုင္ပါတယ္။

ဆန္ကာတင္စာရင္းဝင္ေတြထဲကမွ မဲအမ်ားဆုံးနဲ႔အႏိုင္ရရွိသူကို ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ျပဳလုပ္မဲ့ ဆုေပးအပ္ခ်ီးျမႇင့္တဲ့ အခမ္းအနားမွာ ေၾကညာေပးသြားမွာျဖစ္ပါတယ္။ ဒီဆုေ႐ြးခ်ယ္ေပးအပ္ေရး အစီအစဥ္ကို Mango Advertising Co., Ltd. က အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိၿပီး Grand Royal Special Reserve မွ title sponsor အျဖစ္ အဓိကကူညီပံ့ပိုးေပးထားပါတယ္။ ဒီဆုေပးအပ္တဲ့ အစီအစဥ္ကို Grand Royal Special Reserve ရဲ႕ tagline ျဖစ္တဲ့ “Born in Myanmar, Respected by the World” ကေနမွ စိတ္ကူးအႀကံဉာဏ္ရလာတာျဖစ္ပါတယ္။

လာဖာဒီး (Dee Dee Burmese Vlog) (T08)

ဒီးဒီးဟာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ ဘဝတိုးတက္ေအာင္ျမင္ေရးနည္းလမ္းမ်ားအျပင္ ျမန္မာႏိုင္ငံတြင္လူေျပာနည္းေသာ စိတ္က်ေရာဂါႏွင့္ စိတ္ပညာဆိုင္ရာ အေၾကာင္းအရာမ်ားကို ေျပာဆို ေဆြးေႏြးကာ စိတ္ဓာတ္လႈံ႕ေဆာ္ေပးေသာ Content မ်ားကို ပုံမွန္တင္ဆက္လ်က္ရွိပါတယ္။ ၂၀၁၇ ခုႏွစ္ Myanmar Influencer Awards တြင္ Influencer of the Year (Fan’s Favourite) ကို ပရိသတ္ရဲ႕ ေ႐ြးခ်ယ္မႈျဖင့္ ရရွိခဲ့ပါတယ္။ Follower သန္းခ်ီ ၾကည့္ရႈထိေတြ႕ေနသည့္ သူ႔ရဲ႕ Content အမ်ားအျပား မွတဆင့္ မ်ိဳးဆက္သစ္လူငယ္မ်ားကို ဦးေဆာင္လြမ္းမိုးထားႏိုင္သူတစ္ဦးျဖစ္ၿပီး ၾကည့္ရႈသူပ ရိသတ္မ်ားရဲ႕ ဦးေႏွာက္ကိုႏႈိးဆြေပးၿပီး လူငယ္မ်ားအၾကား အေကာင္းျမင္စိတ္ထားမ်ား တိုးပြားလာေအာင္ ဆြဲေဆာင္ႏိုင္သူတစ္ဦး ျဖစ္ပါတယ္။

ဝင္းမင္းသန္း (Yangon in my Heart) (T26)

ဝင္းမင္းသန္းဟာ ျမန္မာႏိုင္ငံရဲ႕ လူႀကိဳက္အမ်ားဆုံး Social Media Influencer မ်ားထဲမွတစ္ဦးျဖစ္ၿပီး Yangon in My Heart အလွအပေရးရာ Blog ႏွင့္ Facebook Page တို႔ကို ဖန္တီးသူျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ မိတ္ကပ္ႏွင့္သက္ဆိုင္ေသာ ဗီဒီယိုမ်ားတင္ဆက္ၿပီး ဘေလာ့ဂ္ကို စတင္ခဲ့ပါတယ္။ သူဖန္တီးတဲ့ Content မ်ားဟာ အျပဳသေဘာေဆာင္မႈကို ျဖန႔္ေဝေပးျခင္း၊ ကိုယ္ပိုင္အရည္အေသြးျမႇင့္တင္မႈကို အားေပးျခင္း၊ အမ်ိဳးသမီးစြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးျခင္းစတဲ့ အရည္အေသြးမ်ားႏွင့္ ျပည့္ဝသည္ႏွင့္အမွ် ဖတ္ရႈသူပရိသတ္လည္း တိုးပြားလာခဲ့ပါတယ္။ ဘယ္လိုပုံစံအသြင္အျပင္တြင္မဆို ကိုယ္ပိုင္အလွရွိတယ္ ဆိုတာကို အမ်ိဳးသမီးမ်ား နားလည္လက္ခံႏိုင္ေအာင္ သူ၏ Content မ်ားက လမ္းျပႏိုင္ခဲ့ပါတယ္။

ခင္ျမတ္ျမတ္ႏိုင္ (Chilli) (T17)

Chilli သည္ Go with Me (Food Blog) ႏွင့္ My Khayee (Travel Blog) တို႔ကို တည္ေထာင္သူျဖစ္ၿပီး ဆိုရွယ္မီဒီယာကြၽမ္းက်င္သူျဖစ္ပါတယ္။ Myanmar Bloggers Society ၏ အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္ပါတယ္။ ႏိုင္ငံေပါင္း ၃၀ ေက်ာ္ႏွင့္ ႏိုင္ငံတြင္းေနရာေဒသေပါင္းမ်ားစြာကို လည္ပတ္ခဲ့ၿပီး World Tourism Day (2016) နဲ႔ Women Journey Thailand (2017) တြင္ ပါဝင္ခဲ့ပါတယ္။ ၂၀၁၈ခုနစ္မွာ Myanmar Influencer Award (Food) ကိုရရွိခဲ့ပါတယ္။

မီရွဲ (ရန္ကုန္သူမီရွဲ) (T35)

မီရွဲဟာ သူမ၏ ရန္ကုန္သူမီရွဲ Vlog နဲ႔ ၂၀၁၈ ခုႏွစ္အတြက္ Influencer of the Year 2018 (Lifestyle) Award ကို ရရွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ အႏွံ႔အျပားရွိ သမိုင္းဝင္အေဆာက္အဦႏွင့္ ေနရာမ်ားကို ဗဟုသုတျဖစ္ဖြယ္ လွည့္လည္သြားလာတဲ့ ဗီဒီယိုမ်ားနဲ႔ ပရိသတ္မ်ား၏ ခ်စ္ခင္မႈကို ရရွိေနသူျဖစ္ပါတယ္။ ကိုယ္ကာယႀကံ့ခိုင္ေရးႏွင့္ အမ်ိဳးသမီးဘဝဖြံ႕ၿဖိဳးလုံၿခဳံေရးလုပ္ငန္းမ်ားကို အထူးစိတ္ဝင္စားတဲ့ မီရွဲဟာ ျပည္တြင္းႏွင့္ ႏိုင္ငံတကာ NGO မ်ားက စီစဥ္ေသာ ကူညီေထာက္ပံ့ေရးအစီအစဥ္မ်ားစြာတြင္ ပါဝင္ခဲ့ပါတယ္။ Miss Myanmar International 2013, 2014 ႏွင့္ Miss Myanmar Universe 2013 ကဲ့သို႔ အလွမယ္ၿပိဳင္ပြဲမ်ားတြင္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ဖူးၿပီး ၂၀၁၃ ခုႏွစ္၊ Miss Myanmar Universe ၿပိဳင္ပြဲတြင္ “Miss Environment” ဆုကို ရရွိခဲ့ပါတယ္။

Myanmar’s Pride Awards အေၾကာင္းနဲ႔ ဆန္ကာတင္စာရင္းဝင္မ်ားရဲ႕အေၾကာင္းကို ပိုမိုျပည့္စုံစြာ သိရွိႏိုင္ေစဖို႔ ဆုေ႐ြးခ်ယ္ပြဲရဲ႕ တရားဝင္စာမ်က္ႏွာျဖစ္တဲ့ https://myanmarsprideawards.com/ ကို ဝင္ေရာက္ၾကည့္ရႈႏိုင္သလို အေသးစိတ္အခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တေျပးညီ သိရွိႏိုင္ဖို႔ Myanmar’s Pride Awards ရဲ႕ တရားဝင္ Facebook စာမ်က္ႏွာ www.facebook.com/myanmarsprideawards ကို like ႏွင့္ follow လုပ္ထားႏိုင္ပါတယ္။

[Unicode]

ကိုယ်လေးစားအားကျတဲ့သူ အတုယူရတဲ့သူတွေ ပြောတာ၊လုပ်တာတွေကို အတုယူပြီး လိုက်လုပ်တတ်ကျ ကြတာလူ့သဘာဝပါပဲ။ နည်းပညာသိပ်မတိုးတက်သေးတဲ့ အရင်ဆယ်စုနှစ်တွေမှာ ဆိုရင်တော့ လူတွေဟာ အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားတဲ့သူတစ်ချို့နဲ့ ကိုယ့်အဝန်းအဝိုင်းထဲက လူတစ်ချို့ရဲ့ နေထိုင်မှုတွေ ပြောတဲ့စကားတွေကို နည်းနာယူခဲ့ကြပေမဲ့ နည်းပညာတွေတိုးတက်လာပြီး smartphone တွေဟာ လူတွေရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာတဲ့ ဒီနေ့ခေတ်ထဲမှာတော့ လူတွေဟာ သူတို့နှစ်သက်လက်ခံပြီး လေးစားယုံကြည်ရတဲ့ icons တွေကို online ပေါ်မှာ လွယ်လွယ်ကူကူနဲ့ များများစားစား ရှာတွေ့လာကြတာ အရမ်းထူးဆန်းတဲ့ဖြစ်စဉ်တော့လည်း မဟုတ်ပါဘူး။

ဒီလိုနည်းပညာတိုးတက်လာမှုကြောင့် ကမ္ဘာအရပ်ရပ်ကသူတွေဆီ ကိုယ်ပေးချင်တဲ့ သတင်းစကား၊ ပြချင်တဲ့အကြောင်းအရာတွေကို လွယ်လွယ်ကူကူနဲ့ လူမှုကွန်ယက်ကနေမှတဆင့် မျှဝေလာကြပါတယ်။ ဒီလိုမျှဝေတဲ့သူတွေဟာ ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့၊ ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေကအစ လူမှုဘဝနေထိုင်မှုနဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကို သူတို့ရဲ့လူမှုစာမျက်နှာတွေကနေတဆင့် ဝေမျှပေးနေ ကြတာကနေမှ လူအများရဲ့ နှစ်သက်လက်ခံမှုနဲ့ အသိအမှတ်ပြုမှုကို ရလာကြပါတယ်။ ဒီလိုမျိုး လူအများရဲ့အမြင်နဲ့အပြုအမူကို ဦးဆောင်ပုံသွင်းနိုင်တဲ့သူတွေထဲမှာ အနုပညာရှင်တွေ ပါဝင်တတ်ကြပေမဲ့ အနုပညာရှင်တွေမဟုတ်တဲ့သူတွေလည်း ပါဝင်ကြပါတယ်။ သူတို့တွေဟာ သက်ဆိုင်ရာအကြောင်းအရာနဲ့ ပတ်သက်ပြီး သိရှိကျွမ်းကျင်ရုံမကပဲ အများကို ပြန်လည်ဝေငှပြီး ကိုယ်ပိုင်လမ်းသစ်ကို ဖောက်နေကြတဲ့ သူတွေလည်း ဖြစ်ကြတဲ့အတွက် လူမှုပတ်ဝန်းကျင်မှာ သူတို့ရဲ့ အခန်းကဏ္ဍဟာလည်းအရေးပါပါတယ်။

Myanmar’s Pride Awards ဟာဆိုရင် ၂၀၁၉ ခုနှစ်အတွက် မြန်မာပြည်လူမှုကဏ္ဍမှာ မတူတဲ့အကြောင်းအရာအမျိုးမျိုးကိုဝေငှနေပေးနေတဲ့ လူအများက သဘောကျလက်ခံနေတဲ့ ဆန်ကာတင် စာရင်းဝင် လွှမ်းမိုးနိုင်သူတွေကို ရှာဖွေဖော်ထုတ် ချပြလိုက်ရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ကနေမှ ဆန်ကာတင်အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လူမှုဦးဆောင်ကဏ္ဍအတွက် အကဲဖြတ်ဒိုင်များကနေပြီး အများကသဘောကျ ချစ်ခင်လက်ခံနေတဲ့သူလေးဦးကို ရွေးပေးခဲ့ပါတယ်။ ဆန်ကာတင်စာရင်းမှာပါဝင်တဲ့သူတွေကတော့ လာဖာဒီး (Dee Dee Burmese Vlog)၊ ဝင်းမင်းသန်း (Yangon in my Heart)၊ ခင်မြတ်မြတ်နိုင် @ Chilli နဲ့ မီရှဲ (ရန်ကုန်သူမီရှဲ) တို့ပဲဖြစ်ပါတယ်။

မြန်မာဟာ အရိုင်းဆန်နေသေးတဲ့ သဘာဝအလှတရားကြီးကနေစလို့ ကြွယ်ဝတဲ့ သယံဇာတတွေ၊ နှစ်လိုချစ်ခင်ဖွယ် တိုင်းရင်းသားတွေအထိ ဂုဏ်ယူဝင့်ကြွားလို့ရတဲ့အရာတွေ များစွာရှိပါတယ်။ ထူးချွန်ထင်ရှားတဲ့ မြန်မာကို ကမ္ဘာ့စင်မြင့်ထက်မှာ ကိုယ်စားပြုနိုင်တဲ့ မြန်မာပြည်ဖွားတွေကို မဲပေးပြီး ဒီလိုဂုဏ်ယူဖွယ်ရာစာရင်းထဲကို နောက်တစ်ခုထပ်ထည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဆုရရှိတဲ့သူကို ရွေးချယ်တဲ့အခါမှာ အကဲဖြတ်အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆန္ဒမဲ ၂၀ ရာခိုင်နှုန်းနှင့် အများပြည်သူရဲ့ ဆန္ဒမဲ (SMS စာတိုကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း၊ Facebook Chatbot ကတဆင့်ပေးတဲ့ ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း) တို့ကို ပေါင်းစပ်ပြီး အတည်ပြုဆုံးဖြတ် သွားမှာဖြစ်တဲ့အတွက် အများပြည်သူက ပေးအပ်တဲ့ မဲတစ်ခုစီတိုင်းက အလွန်အရေးပါပါတယ်။ ပြည်သူလူထုကို အောက်မှာဖော်ပြထားတဲ့ ဆန်ကာတင် စာရင်းဝင်တို့ရဲ့ ကိုယ်ရေးအကျဉ်းလေးဖတ်ပြီး မဲပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ မဲပေးဖို့ဆိုရင် မိမိမဲပေးလိုသူ၏ နံပါတ်စဉ်ကို 09 969696 888 သို့ SMS စာတိုပေးပို့ပြီးဖြစ်စေ၊ www.facebook.com/myanmarsprideawards ကတဆင့် messenger chatbot ကို ဝင်ရောက် ပြီးဖြစ်စေ မဲပေးနိုင်ပါတယ်။

ဆန်ကာတင်စာရင်းဝင်တွေထဲကမှ မဲအများဆုံးနဲ့အနိုင်ရရှိသူကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ ပြုလုပ်မဲ့ ဆုပေးအပ်ချီးမြှင့်တဲ့ အခမ်းအနားမှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ ဒီဆုရွေးချယ်ပေးအပ်ရေး အစီအစဉ်ကို Mango Advertising Co., Ltd. က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး Grand Royal Special Reserve မှ title sponsor အဖြစ် အဓိကကူညီပံ့ပိုးပေးထားပါတယ်။ ဒီဆုပေးအပ်တဲ့ အစီအစဉ်ကို Grand Royal Special Reserve ရဲ့ tagline ဖြစ်တဲ့ “Born in Myanmar, Respected by the World” ကနေမှ စိတ်ကူးအကြံဉာဏ်ရလာတာဖြစ်ပါတယ်။

လာဖာဒီး (Dee Dee Burmese Vlog) (T08)

ဒီးဒီးဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဘဝတိုးတက်အောင်မြင်ရေးနည်းလမ်းများအပြင် မြန်မာနိုင်ငံတွင်လူပြောနည်းသော စိတ်ကျရောဂါနှင့် စိတ်ပညာဆိုင်ရာ အကြောင်းအရာများကို ပြောဆို ဆွေးနွေးကာ စိတ်ဓာတ်လှုံ့ဆော်ပေးသော Content များကို ပုံမှန်တင်ဆက်လျက်ရှိပါတယ်။ ၂၀၁၇ ခုနှစ် Myanmar Influencer Awards တွင် Influencer of the Year (Fan’s Favourite) ကို ပရိသတ်ရဲ့ ရွေးချယ်မှုဖြင့် ရရှိခဲ့ပါတယ်။ Follower သန်းချီ ကြည့်ရှုထိတွေ့နေသည့် သူ့ရဲ့ Content အများအပြား မှတဆင့် မျိုးဆက်သစ်လူငယ်များကို ဦးဆောင်လွမ်းမိုးထားနိုင်သူတစ်ဦးဖြစ်ပြီး ကြည့်ရှုသူပ ရိသတ်များရဲ့ ဦးနှောက်ကိုနှိုးဆွပေးပြီး လူငယ်များအကြား အကောင်းမြင်စိတ်ထားများ တိုးပွားလာအောင် ဆွဲဆောင်နိုင်သူတစ်ဦး ဖြစ်ပါတယ်။

ဝင်းမင်းသန်း (Yangon in my Heart) (T26)

ဝင်းမင်းသန်းဟာ မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး Social Media Influencer များထဲမှတစ်ဦးဖြစ်ပြီး Yangon in My Heart အလှအပရေးရာ Blog နှင့် Facebook Page တို့ကို ဖန်တီးသူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မိတ်ကပ်နှင့်သက်ဆိုင်သော ဗီဒီယိုများတင်ဆက်ပြီး ဘလော့ဂ်ကို စတင်ခဲ့ပါတယ်။ သူဖန်တီးတဲ့ Content များဟာ အပြုသဘောဆောင်မှုကို ဖြန့်ဝေပေးခြင်း၊ ကိုယ်ပိုင်အရည်အသွေးမြှင့်တင်မှုကို အားပေးခြင်း၊ အမျိုးသမီးစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းစတဲ့ အရည်အသွေးများနှင့် ပြည့်ဝသည်နှင့်အမျှ ဖတ်ရှုသူပရိသတ်လည်း တိုးပွားလာခဲ့ပါတယ်။ ဘယ်လိုပုံစံအသွင်အပြင်တွင်မဆို ကိုယ်ပိုင်အလှရှိတယ် ဆိုတာကို အမျိုးသမီးများ နားလည်လက်ခံနိုင်အောင် သူ၏ Content များက လမ်းပြနိုင်ခဲ့ပါတယ်။

ခင်မြတ်မြတ်နိုင် (Chilli) (T17)

Chilli သည် Go with Me (Food Blog) နှင့် My Khayee (Travel Blog) တို့ကို တည်ထောင်သူဖြစ်ပြီး ဆိုရှယ်မီဒီယာကျွမ်းကျင်သူဖြစ်ပါတယ်။ Myanmar Bloggers Society ၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်နှင့် နိုင်ငံတွင်းနေရာဒေသပေါင်းများစွာကို လည်ပတ်ခဲ့ပြီး World Tourism Day (2016) နဲ့ Women Journey Thailand (2017) တွင် ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ခုနစ်မှာ Myanmar Influencer Award (Food) ကိုရရှိခဲ့ပါတယ်။

မီရှဲ (ရန်ကုန်သူမီရှဲ) (T35)

မီရှဲဟာ သူမ၏ ရန်ကုန်သူမီရှဲ Vlog နဲ့ ၂၀၁၈ ခုနှစ်အတွက် Influencer of the Year 2018 (Lifestyle) Award ကို ရရှိခဲ့ပါတယ်။ ရန်ကုန်မြို့ အနှံ့အပြားရှိ သမိုင်းဝင်အဆောက်အဦနှင့် နေရာများကို ဗဟုသုတဖြစ်ဖွယ် လှည့်လည်သွားလာတဲ့ ဗီဒီယိုများနဲ့ ပရိသတ်များ၏ ချစ်ခင်မှုကို ရရှိနေသူဖြစ်ပါတယ်။ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် အမျိုးသမီးဘဝဖွံ့ဖြိုးလုံခြုံရေးလုပ်ငန်းများကို အထူးစိတ်ဝင်စားတဲ့ မီရှဲဟာ ပြည်တွင်းနှင့် နိုင်ငံတကာ NGO များက စီစဉ်သော ကူညီထောက်ပံ့ရေးအစီအစဉ်များစွာတွင် ပါဝင်ခဲ့ပါတယ်။ Miss Myanmar International 2013, 2014 နှင့် Miss Myanmar Universe 2013 ကဲ့သို့ အလှမယ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်၊ Miss Myanmar Universe ပြိုင်ပွဲတွင် “Miss Environment” ဆုကို ရရှိခဲ့ပါတယ်။

Myanmar’s Pride Awards အကြောင်းနဲ့ ဆန်ကာတင်စာရင်းဝင်များရဲ့အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိနိုင်စေဖို့ ဆုရွေးချယ်ပွဲရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ https://myanmarsprideawards.com/ ကို ဝင်ရောက်ကြည့်ရှုနိုင်သလို အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ဖို့ Myanmar’s Pride Awards ရဲ့ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါတယ်။