မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတတ်ပေမယ့် တခြားသူတွေလို ဘာလို့ အသားအရေက စိုစိုလေး မဖြစ်တာလဲ ဆိုတဲ့ မေးခွန်းကို မကြာခဏမေးနေရသလား။ ဒါဆိုရင်တော့သင့်မှာ အခုလို အမှားမျိုး လုပ်မိ မလုပ်မိ တစ်ချက်လောက် ကြည့်လိုက်ရအောင်။

၁။ သင့်မျက်နှာတစ်ခုလုံးကို Bronzer လိမ်းခြင်း

Bronzer က သင့်ရဲ့ ပါးရိုးအောက်နား၊ နဖူးနားမှာပဲ လိမ်းရတာပါနော်။ မျက်နှာတစ်ခုလုံးကိုလိမ်းရတာမဟုတ်ပါဘူး။

၂။ Concealer ကိုအစက်လေးတွေချပြီးလိမ်းခြင်း

Concealer ကို လိမ်းတဲ့အခါ အမှန်ခြစ်မှာ ပြထားတဲ့ ပုံမျိုး လိမ်းပေးပါ။

၃။ Mascara ကို မျက်လုံးအောက်မှာ လိမ်းခြင်း

Mascara ကို မျက်လုံးအောက်မှာမလိမ်းဘဲ အပေါ်မှာပဲလိမ်းပါ။ မျက်လုံးအောက်မှာလိမ်းချင်ရင်လည်း တစ်ဝက်လောက်ပဲလိမ်းပါ။

၎။ မျက်ခုံးမွှေးကို အရမ်းခုံးပြီးဆွဲခြင်း

မျက်ခုံးမွှေးဆွဲရာမှာ အရမ်းခုံးခုံးကြီးဆွဲပေးတာဟာလည်း သင့်ကို သဘာဝကျကျ လှစေမှာမဟုတ်ပါဘူး။

၅။ မျက်နှာပေါ်မှာ ပါးနီအရမ်းလိမ်းခြင်း

မျက်နှာပေါ်မှာ ပါးနီလိမ်းတဲ့အခါ အရမ်းရဲနေအောင်မလိမ်းပါနဲ့။

၆။ မျက်လုံးအောက်က Liner နဲ့ မျက်လုံးအပေါ်မှာ ဆိုးထားတဲ့ Liner ကို ထိခြင်း

မျက်လုံးမှာ Eyeliner ဆိုးတဲ့အခါမှာ နှစ်ခုကို ထိအောင်မဆိုးဘဲ ခြားထားလိုက်ပါ။

၇။ Eyeshadow ကို မျက်ခုံးမွှေးအတိုင်းအပြည့်ဆိုးခြင်း

Eyeshadow ဆိုးတဲ့အခါ မျက်ခုံးမွှေးရှိတဲ့အတိုင်း အပြည့်ဆိုးပေးတာမျိုးမလုပ်ပါနဲ့နော်။ အဲဒီလိုလုပ်တာဟာ သင့်ကို ပိုပြီးရုပ်ရင့်စေပါတယ်။

၈။ မျက်ခုံးမွှေးဆွဲတာ အရမ်းရှည်ခြင်း

မျက်ခုံးမွှေးကို အရမ်းရှည်ရှည်မဆွဲပါနဲ့။ အဲဒီလိုဆွဲတာဟာ သင့်ကို သဘာဝကျကျ လှစေမှာမဟုတ်ပါဘူးနော်။

၉။ Concealer အများကြီးသုံးခြင်း

Concealer ကိုအများကြီး စုသုံးတာထက် နည်းနည်းချင်းဆီ သုံးပေးပါ။

၁၀။ ပါးနီကိုပါးရိုးအောက်မှာ လိမ်းခြင်း

တကယ်တော့ ပါးနီကို ပါးရိုးအပေါ်မှာ ခပ်ပါးပါးလေး ဆိုးပေးတာ ပိုကောင်းပါတယ်နော်။