[Zawgyi]

သင္က ကိုယ္အေလးခ်ိန္က်ဖို႔ ေတာ္ေတာ္ေလးႀကိဳးစားေနရတယ္ဆိုရင္ သင္လံုးဝထင္ထားမွာမဟုတ္တဲ့ အဆီမ်ားကိုေလာင္ကြ်မ္းေစတဲ့ သဘာဝေဆးစြမ္းေကာင္းတစ္လက္ရွိပါတယ္။ အဲ့ဒီသဘာဝေဆးစြမ္းေကာင္းက အဆီခ်႐ံုတင္မကဘဲ က်န္းမာေရးနဲ႔ အလွအပဆိုင္ရာအတြက္လည္း အသံုးဝင္ပါေသးတယ္။

ဒါ့အျပင္ စူပါေမာ္ဒယ္ေတြ၊ နာမည္ႀကီးအားကစားသမားေတြကေတာင္ အဲ့ဒီေဆးစြမ္းေကာင္းေလးကို မွီဝဲေသာက္သံုးဖို႔ အားေပးၾကပါေသးတယ္။ အဲ့ဒီသဘာဝေဆးစြမ္းေကာင္းေလးကေတာ့ အုန္းေရပဲျဖစ္ပါတယ္။ အုန္းေရေသာက္ျခင္းရဲ႕အက်ိဳးေက်းဇူးမ်ားကေတာ့

ကိုယ္အေလးခ်ိန္ လြယ္ကူျမန္ဆန္စြာက်ေအာင္ ကူညီေပးျခင္း

သင္က ဝိတ္ေလ်ာ့ဖို႔ႀကိဳးစားေနသူတစ္ဦးဆိုရင္ေတာ့ ဆိုဒါအခ်ိဳရည္မ်ား၊ သဘာဝမဟုတ္တဲ့အခ်ိဳရည္မ်ားအစား အုန္းေရကိုပဲေသာက္ေပးပါ။ အုန္းေရမွာ ကယ္လိုရီပမာဏနည္းပါးတဲ့အတြက္ေၾကာင့္ သင့္ကိုဗိုက္အျမန္ျပည့္ေစမွာပါ။ အစားမစာခင္မွာ အုန္းေရတစ္ခြက္ေသာက္မယ္ဆို ထမင္းနည္းနည္းပဲစားပါလိမ့္မယ္။

အသားအေရေလး ေခ်ာေမြ႕ၿပီး ၾကည္လင္ေတာက္ပလာမယ္

အုန္းေရထဲမွာ Antioxidants ေတြ ပါဝင္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္ထဲကအဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အာဟာရဓာတ္ေတြကိုလည္း ေထာက္ပံ့ေပးပါတယ္။ အုန္းေရကိုေသာက္ေပးတဲ့အျပင္ မ်က္ႏွာေပၚမွာ ေန႔တိုင္းလိမ္းက်ံေပးမယ္ဆိုရင္ မသန္႔ရွင္းတဲ့အညစ္အေၾကးမ်ားကိုဖယ္ရွားေပးၿပီး အသားအေရကိုက်န္းမာလွပေစပါတယ္။

စိတ္အက်အတက္အေျပာင္းအလဲျမန္ျခင္းနဲ႔ စိတ္ဖိစီးမႈကို တားဆီေပးတယ္

အုန္းေရထဲမွာ ဗီတာမင္ဓာတ္မ်ားႂကြယ္ဝစြာပါဝင္ပါတယ္။ ဗီတာမင္ B-complex ဟာဆိုရင္ စိတ္ဖိစီးမႈကိုေလ်ာ့က်ေစၿပီး စိတ္အေျပာင္းအလဲအတက္အက်ျမန္ျခင္းမွ တားဆီးေပးပါတယ္။ မဂၢနီဆီယမ္ဓာတ္ကေတာ့ စိတ္ဓာတ္က်ျခင္းမႈကာကြယ္ေပးတဲ့ ေဟာ္မုန္းမ်ားကို ထုတ္လုပ္ေပးပါတယ္။

အစာအိမ္အတြက္ အထူးေကာင္းမြန္ျခင္း

အုန္းေရထဲမွာ အမွ်င္ဓာတ္ပါဝင္မႈျမင့္မားတဲ့အတြက္ေၾကာင့္ အစာမေၾကျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။ WHO ကေတာင္ ကေလးသူငယ္မ်ား ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္တဲ့အခါ အုန္းေရတိုက္ဖို႔ အႀကံေပးထားပါတယ္။

အေရးအေၾကာင္းနဲ႔ အိုမင္းရင့္ေရာ္မႈမ်ားကို ေႏွးေကြးေစျခင္း

အေရးအေၾကာင္းနဲ႔ အိုမင္းရင့္ေရာ္မႈကိုတားဆီးေပးဖို႔ အေကာင္းဆံုးေဆးတစ္လက္ကေတာ့ အုန္းေရပဲျဖစ္ပါတယ္။

အရက္နာက်ျခင္းအတြက္ ေဆးဝါးတစ္လက္

ညက သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ပါးထားၿပီး အရွိန္လြန္သြားတယ္ဆိုရင္ အုန္းေရေသာက္လိုက္ပါ။ အုန္းေရမွာ အာဟာရဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့အတြက္ေၾကာင့္ ခႏၶာကိုယ္ကို ေရဓာတ္ျပန္လည္ျဖည့္တင္းေပးၿပီး ဆံုး႐ွံဳးသြားတဲ့ ဗီတာမင္ဓာတ္မ်ားကို ျပန္လည္ျဖည့္ဆည္းေပးပါတယ္။

ခႏၶာကိုယ္ထဲမွာ ေရဓာတ္ျပည့္ဝေနျခင္း

အုန္းေရက ခႏၶာကိုယ္ထဲမွာရွိတဲ့ေရဓာတ္ကို ထိန္းညွိေပးၿပီး စြမ္းအင္မ်ားကို သိုေလွာင္ေပးဖို႔ ကူညီေပးပါတယ္။ ဒါ့ေၾကာင့္မို႔လည္း အားကစားသမားမ်ားက အားကစားမျပဳလုပ္ခင္၊ ျပဳလုပ္ေနစဥ္နဲ႔ အားကစားျပဳလုပ္ၿပီးတဲ့အခ်ိန္ေတြမွာ အုန္းေရေသာက္တာ မဆန္းပါဘူး။

Source: Brightside.me

[Unicode]

သင်က ကိုယ်အလေးချိန်ကျဖို့ တော်တော်လေးကြိုးစားနေရတယ်ဆိုရင် သင်လုံးဝထင်ထားမှာမဟုတ်တဲ့ အဆီများကိုလောင်ကျွမ်းစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ရှိပါတယ်။ အဲ့ဒီသဘာဝဆေးစွမ်းကောင်းက အဆီချရုံတင်မကဘဲ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာအတွက်လည်း အသုံးဝင်ပါသေးတယ်။

ဒါ့အပြင် စူပါမော်ဒယ်တွေ၊ နာမည်ကြီးအားကစားသမားတွေကတောင် အဲ့ဒီဆေးစွမ်းကောင်းလေးကို မှီဝဲသောက်သုံးဖို့ အားပေးကြပါသေးတယ်။ အဲ့ဒီသဘာဝဆေးစွမ်းကောင်းလေးကတော့ အုန်းရေပဲဖြစ်ပါတယ်။ အုန်းရေသောက်ခြင်းရဲ့အကျိုးကျေးဇူးများကတော့

ကိုယ်အလေးချိန် လွယ်ကူမြန်ဆန်စွာကျအောင် ကူညီပေးခြင်း

သင်က ဝိတ်လျော့ဖို့ကြိုးစားနေသူတစ်ဦးဆိုရင်တော့ ဆိုဒါအချိုရည်များ၊ သဘာဝမဟုတ်တဲ့အချိုရည်များအစား အုန်းရေကိုပဲသောက်ပေးပါ။ အုန်းရေမှာ ကယ်လိုရီပမာဏနည်းပါးတဲ့အတွက်ကြောင့် သင့်ကိုဗိုက်အမြန်ပြည့်စေမှာပါ။ အစားမစာခင်မှာ အုန်းရေတစ်ခွက်သောက်မယ်ဆို ထမင်းနည်းနည်းပဲစားပါလိမ့်မယ်။

အသားအရေလေး ချောမွေ့ပြီး ကြည်လင်တောက်ပလာမယ်

အုန်းရေထဲမှာ Antioxidants တွေ ပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အာဟာရဓာတ်တွေကိုလည်း ထောက်ပံ့ပေးပါတယ်။ အုန်းရေကိုသောက်ပေးတဲ့အပြင် မျက်နှာပေါ်မှာ နေ့တိုင်းလိမ်းကျံပေးမယ်ဆိုရင် မသန့်ရှင်းတဲ့အညစ်အကြေးများကိုဖယ်ရှားပေးပြီး အသားအရေကိုကျန်းမာလှပစေပါတယ်။

စိတ်အကျအတက်အပြောင်းအလဲမြန်ခြင်းနဲ့ စိတ်ဖိစီးမှုကို တားဆီပေးတယ်

အုန်းရေထဲမှာ ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် B-complex ဟာဆိုရင် စိတ်ဖိစီးမှုကိုလျော့ကျစေပြီး စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်းမှ တားဆီးပေးပါတယ်။ မဂ္ဂနီဆီယမ်ဓာတ်ကတော့ စိတ်ဓာတ်ကျခြင်းမှုကာကွယ်ပေးတဲ့ ဟော်မုန်းများကို ထုတ်လုပ်ပေးပါတယ်။

အစာအိမ်အတွက် အထူးကောင်းမွန်ခြင်း

အုန်းရေထဲမှာ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက်ကြောင့် အစာမကြေဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ WHO ကတောင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ အုန်းရေတိုက်ဖို့ အကြံပေးထားပါတယ်။

အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုများကို နှေးကွေးစေခြင်း

အရေးအကြောင်းနဲ့ အိုမင်းရင့်ရော်မှုကိုတားဆီးပေးဖို့ အကောင်းဆုံးဆေးတစ်လက်ကတော့ အုန်းရေပဲဖြစ်ပါတယ်။

အရက်နာကျခြင်းအတွက် ဆေးဝါးတစ်လက်

ညက သူငယ်ချင်းတွေနဲ့ ပျော်ပါးထားပြီး အရှိန်လွန်သွားတယ်ဆိုရင် အုန်းရေသောက်လိုက်ပါ။ အုန်းရေမှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး ဆုံးရှုံးသွားတဲ့ ဗီတာမင်ဓာတ်များကို ပြန်လည်ဖြည့်ဆည်းပေးပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြည့်ဝနေခြင်း

အုန်းရေက ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေဓာတ်ကို ထိန်းညှိပေးပြီး စွမ်းအင်များကို သိုလှောင်ပေးဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့်မို့လည်း အားကစားသမားများက အားကစားမပြုလုပ်ခင်၊ ပြုလုပ်နေစဉ်နဲ့ အားကစားပြုလုပ်ပြီးတဲ့အချိန်တွေမှာ အုန်းရေသောက်တာ မဆန်းပါဘူး။

Source: Brightside.me