ဘောင်းဘီထဲ အင်္ကျီထည့်ဝတ်တာကိုတော့ အမျိုးသားတွေဝတ်တာ ပျိုမေတို့မြင်ဖူးကြမှာပါ။ ပုဆိုးဝတ်တဲ့အချိန် အင်္ကျီကို ထည့်မဝတ်ဘဲ အရှည်လိုက်ဝတ်ရင်တော့ ဘယ်လိုမှကြည့်မလှပါဘူး။

ပျိုမေတို့ စတိုင်ကျဖို့အတွက်လည်း ဒီဥပမာနဲ့အတူတူပါပဲ။ အင်္ကျီတစ်ထည်က ဘယ်လိုပဲလှနေပါစေ ဒီအင်္ကျီကို ပုံစံတစ်မျိုးနဲ့ ပြောင်းဝတ်လိုက်ရင် ပိုလှသွားတာမျိုးရှိပါတယ်။

စတိုင်ကျဖို့ အင်မတန်အရေးကြီးတဲ့ နည်းလမ်းတွေထဲမှာ အင်္ကျီအထဲသွင်းဝတ်နည်းအနုပညာလည်း အပါအဝင်ပါပဲ။ ဒီလိုထည့်ဝတ်လိုက်တာက သင့်ကို ပိုပြီးစမတ်ကျစေပါတယ်။ အောက်မှာပြထားတဲ့ပုံကို ကြည့်ကြည့်ပါနော်။

Source: Pinterest

အင်္ကျီထည့်ဝတ်တာနဲ့ မဝတ်တာ အကွာကြီးကွာခြားသွားပါတယ်။ ဘယ်ဟာက ပိုစမတ်ကျလဲ ပျိုမေတို့ မြင်တဲ့အတိုင်းပါပဲ။ ဒါကြောင့် အင်္ကျီကို အထဲထည့်သွင်းဝတ်တာကလည်း ပျိုမေတို့အတွက် ပညာတစ်ခုပါပဲ။ ဒါကြောင့် အင်္ကျီအထဲသွင်းဝတ်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အပြည့်ထည့်ဝတ်နည်း

သင့်မှာ ဆိုဒ်ကြီးတဲ့အင်္ကျီတွေရှိရင် ဒါမျိုးထည့်ဝတ်နိုင်ပါတယ်။

ဝတ်ဆင်နည်း

– သင့်အင်္ကျီကို အထဲကနေစပြီး ထည့်ပါ။ တဖြည်းဖြည်းနဲ့ နောက်ကအင်္ကျီသားကိုပါ ထည့်ပေးပါ။

-သေသေသပ်သပ်ဖြစ်စေဖို့ သင့်ဘောင်းဘီထဲကို သေချာထည့်သွင်းဝတ်ပါ။

-ပြီးတာနဲ့ ဘောင်းဘီဇစ်ဆွဲပြီး အင်္ကျီကို အပေါ်အနည်းငယ်ဆွဲလိုက်ပါ။ ဒီလိုလုပ်ပေးတာက ပိုသဘာဝကျစေပါတယ်။ သတိထားရမှာက အင်္ကျီထည့်တဲ့အချိန်သေချာသေသေသပ်သပ်ထည့်ပေးပါ။ မဟုတ်ရင် ဘောင်းဘီကိုကြည့်တာနဲ့ အထဲက သင့်အင်္ကျီအတွန့်တွေကို အထင်းသားမြင်နေရပါလိမ့်မယ်။

၂။ တစ်ဝက်ထည့်ဝတ်နည်း

-သင့်အင်္ကျီအရှေ့ပိုင်းကို ဘောင်းဘီဒါမှမဟုတ် စကပ်ထဲထည့်ပါ။

-သင့်နောက်ဘက်က အင်္ကျီကို တော့မထည့်ဘဲ လျော့လျော့လေးထားပါ။

-ကိုယ်ကျပ်အင်္ကျီကိုလည်း ထည့်ဝတ်နိုင်ပါတယ်။ ဒီလိုထည့်ဝတ်တဲ့ပုံစံက အပြည့်ထည့်ဝတ်တာထက် အမြင်ပိုဆန်းစေပါတယ်။

၃။ တစ်ဝက်သွင်းတစ်ဝက်ချ ဝတ်ဆင်နည်း

ဒီပုံစံကတော့ ကြယ်သီးပါတဲ့ ရှပ်အင်္ကျီနဲ့ ပိုသင့်တော်ပါတယ်။

ဝတ်ဆင်နည်း

-နောက်ဆုံးကြယ်သီးကို မတပ်ဘဲထားပါ။

-သင့်ရှပ်အင်္ကျီတစ်ဖက်ကို သွင်းလိုက်ပါ။ ကိုယ်သွင်းချင်တဲ့ဘက်ကို သွင်းနိုင်ပါတယ်။

-ကျန်တဲ့တစ်ဖက်ကိုတော့ ဒီအတိုင်းပဲထားပါ။

-သင်ထည့်သွင်းထားတဲ့ဘက်က အင်္ကျီကို ဆက်ထည့်ပါ။ ကျန်တစ်ဖက်တစ်ဝက်ရောက်တဲ့အထိသွင်းပေးပါ။

၎။ ဘေးစောင်းထည့်ဝတ်နည်း

-သင့်အင်္ကျီဘေးဖက်ကို ဘောင်းဘီထဲထည့်ပါ။

-ပုံထဲက အတိုင်းဘေးစောင်းပုံစံဖြစ်အောင် ထည့်ပေးပါ။

၅။ ဘောင်းဘီကို အောက်ချပြီး ထည့်ဝတ်နည်း

ဒီလိုဝတ်လိုက်တာက သင့်ခါးကို ပိုရှည်သလို ထင်ရစေပါတယ်။ ဒါပေမဲ့ ခါးကြီးပြီး ခါးနေရာမှာအဆီရှိတဲ့ပျိုမေတွေအတွက်တော့ ဒီလိုဝတ်တာက သိပ်အဆင်မပြေလှပါဘူး။

-အင်္ကျီကိုရှေ့ကနေ စထည့်ပါ။

-အကျ င်္ီအောက်ပိုင်း တစ်ခုလုံးထည့်လိုက်ပါ။

-သင့်ဘောင်းဘီကို ဇစ်ဆွဲလိုက်ပါ။ ချက်ကျဘောင်းဘီနဲ့ ဒီလိုဝတ်ဆင်နည်းက အဆင်ပြေပါတယ်။ ချက်နေရာကလွဲပြီး ကျန်တဲ့နေရာတွေကို အနည်းငယ်အပေါ်ဆွဲလိုက်ပါ။

ဝတ်ဆင်တဲ့ပုံစံတွေကို နမူနာဖော်ပြလိုက်ပါတယ်။ ပျိုမေတို့ ပိုစတိုင်ကျပြီး ပိုလန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။

တစ်ဝက်ထည့်ဝတ်နည်း

Pencil Skirt နဲ့ အပြည့်ထည့်ဝတ်နည်း

ဒီလိုဝတ်တာက ထဘီနဲ့လည်း အဆင်ပြေပါတယ်။

အင်္ကျီအဖြူနဲ့ အောက်ချပြီး ထည့်ဝတ်နည်း

ဂျင်းဘောင်းဘီနဲ့ တစ်ဝက်သွင်းတစ်ဝက်ချ ဝတ်ဆင်နည်း

ဂျင်းဘောင်းဘီအတိုနဲ့ ဘေးစောင်းထည့်ဝတ်နည်း

Source: Stylecraze

By MyStyle Myanmar