အားလုံးပဲ မင်္ဂလာပါ။ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ ဖက်ရှင်လေးတွေကတော့ ကိုရီးယားစတိုင် ဖက်ရှင်လေးတွေပါပဲ။

ကိုရီးယားကားတွေထဲမှာဆို မင်းသမီးလေးတွေက ဖက်ရှင်ကျကျဝတ်စားထားတာမြင်တော့ ကိုယ်လည်း ဘယ်လိုလေးဝတ်ရင် ဖက်ရှင်ကျမှာပဲဆိုပြီး စဉ်းစားမိကြမှာပါနော်။

ကိုရီးယားဆန်ဆန်နဲ့ ဘယ်လိုလန်းရင်ကောင်းမလဲလို့ စဉ်းစားနေတဲ့ ပျိုမေလေးတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျလှပစေမယ့် ဖက်ရှင်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

စကပ်အတို ကားကားလေးတွေကတော့ ကိုရီးယားမလေးတွေ အဝတ်များတဲ့ ဖက်ရှင်လေးပါပဲ။

Sweatshirt လေးတွေကို စကပ်အတိုထဲ ထည့်ဝတ်ပါ။

မိန်းကလေး ပိုဆန်ချင်တယ်ဆိုရင်တော့ ပုခုံးအလျှောအင်္ကျီလေးတွေနဲ့ တွဲဝတ်လိုက်ပါ။

ပေါ့ပေါ့ပါးပါးဖြစ်အောင် တီရှပ်လေးတွေနဲ့ တွဲဝတ်ပါ။

ကိုရီးယားဆန်ချင်တယ်ဆိုရင်တော့ အရောင်နုလေးတွေကို ဦးစားပေးပါ။

စကပ်ကားကားလေးကို အပေါ်က ဂျင်းဂျက်ကတ်နဲ့ တွဲဝတ်ပါ။

ဂျင်းစကပ်နဲ့ ဂျင်းဂျက်ကတ်ကိုလည်း ဝမ်းဆက်တွဲဝတ်လို့ရပါသေးတယ်။

Jumpsuit ဂါဝန်လေးတွေ ဝတ်ပါ။

ပန်းပွင့်ပုံ ဂါဝန်လေးတွေကလည်း ကိုရီးယားစတိုင် ဖက်ရှင်လေးရအောင် ကူညီပေးပါတယ်။

ရှပ်အင်္ကျီနဲ့ ဘောင်းဘီတွဲဝတ်တဲ့အခါမှာလည်း အင်္ကျီတစ်ခြမ်း အထဲထည့်ဝတ်ပါ။

စမတ်ကျတဲ့ ဖက်ရှင်လေးလိုချင်တယ်ဆိုရင်တော့ အက်ႌစအကုန္လံုးကို အထဲထည့္ဝတ္ပါ။

Photo Source: Pinterest.com