အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သင့်ရဲ့ ဆံကေသာကို အရှည်မြန်စေပြီး ပိုပြီးထူစေဖို့နဲ့ နူးညံ့ချောမွေ့စေဖို့ ဘယ်လိုပေါင်းတင်နည်းကို သုံးမရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းတွေအားလုံးက သဘာဝ ပစ္စည်းတွေမို့ စာဖတ်သူတို့ သဘောကျကြမှာပါနော်။

၁။ ကြက်သွန်နီ ဥအဖြူ ၁ လုံး

ဆန် တစ်ခွက်

ကော်ဖီမှုန့် စားပွဲတင်ဇွန်း ¼ ပုံ

ပြုလုပ်နည်း

အရင်ဆုံး ဆန်ကို ထမင်းရည်ရအောင်ချက်လိုက်ပါ။ ဆန်ကိုသေချာဆေးပြီး ရေထည့်ကာ တည်လိုက်ပါ။ ပြီးရင် ကော်ဖီမှုန့်နည်းနည်းထည့်လိုက်ပါ။ ပွက်လာပြီး ထမင်းကနည်းနည်းပွလာရင် ထမင်းရည်ဆစ်ချလိုက်ပါ။

ပြီးရင်တော့ ထမင်းရည်ကို အအေးခံလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးပြီး သေချာကြိတ်ပေးလိုက်ပါ။ ပြီးရင် အရည်ညှစ်ထုတ်လိုက်ပါ။ အဲဒီနောက် စောစောက ထမင်းရည်နဲ့ ရောပေးလိုက်ပါ။

ပြီးရင်တော့ ပုလင်းတစ်လုံးထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။ မသုံးခင်မှာ ၂ ရက်လောက် အေးပြီးမှောင်တဲ့နေရာမှာ သိမ်းထားပါ။

ပြီးရင်တော့ ဆံပင်ကို အခုလို ထမင်းရည်နဲ့ ကြက်သွန်နီအရည်ရောထားတာနဲ့ ဦးရေပြား ဆံပင်အရင်းကနေအဖျားအထိ နှံ့အောင်လိမ်းလိုက်ပြီး သေချောနှိပ်နယ်ပေးပါ။

မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

Source:www.trendcrown.com

Photo Source: www.storage.googleapis.com

www.i.ytimg.com