မင်္ဂလာပါနော်။ မျက်ရစ်မရှိလို့ Eyeliner ဆိုးလည်း မျက်ရစ်ပျောက်နေတယ်လို့ခံစားနေရလား။ မျက်ရစ်မရှိတော့ ကိုယ့်မျက်လုံးက ဆွဲဆောင်မှုမရှိဘူးလို့ထင်နေလား။ ဒါက လုံးဝမဟုတ်ပါဘူးနော်။

Professional မိတ်ကပ်ဆရာတစ်ယောက်လိုပဲ Eyeliner ကို ဆွဲဆောင်မှုရှိအောင် ဆွဲလိုက်ရအောင်။

မျက်ခွံမှာ Eyeliner ကို ကိုယ်ပုံမှန်ဆွဲနေကျအတိုင်း ဆွဲပေးလိုက်ပါ။ ဆွဲတဲ့နေရာမှာ မျက်လုံးထောင့်နားက အတွင်းနားထိ ဆွဲပေးပါ။

ပြီးရင် Eyeliner ဆိုးတဲ့ ခဲတံ အခြောက်နဲ့ မျက်ရစ်အပေါ်နားမှာ တိုတိုလေး တစ်ချက်ဆွဲပေးပါ။

ပြီးရင် Brush လေးနဲ့ ဖွဖွလေး ပွတ်ပေးလိုက်ပါ။ ဒါဆိုအပေါ်က Shadow လေး ပြေပြေလေးဖြစ်သွားပြီး မျက်ရစ်ရှိသလို ခံစားရရှိစေပါတယ်။

ပြီးရင် မျက်တောင်လေးကော့ပေးလိုက်ပါ။ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်ပြီဖြစ်ပါတယ်။