နွေရာသီမှာ Makeup ပြင်တဲ့အခါ Fresh ဖြစ်စေမယ့် Look လေးတွေပြင်တာနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒါကြောင့် ဒီတစ်ခါမှာတော့ နေ့တိုင်းပြင်ဆင်ဖို့အတွက်လည်း အဆင်ပြေအောင် နွေရာသီအတွက် မျက်နှာလေးပိုလင်းပြီး လှသွားစေမယ့် Juicy Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Skincare သေချာလိမ်းပါ။

ပြီးမှသာ Foundation or Cushion လိမ်းပါ။

အမဲစက်၊ ဝက်ခြံ၊ မျက်ကွင်းညိုတဲ့နေရာ၊ အသားအရောင်မညီတဲ့နေရာတွေကို Concealer လိမ်းပါမယ်။

ပြီးရင် Powder ပုတ်ပါမယ်။ ဒါမှ Makeup ရွေ့တာ၊ ကွက်တာမျိုးမဖြစ်ပဲ သိပ်သိပ်လေး ဖြစ်နေမှာပါ။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးမဆွဲခင်မှာ Brush နဲ့ အရင်ဖြီးပါ။ ပြီးမှဆွဲပါ။ ပြီးရင်လည်း Brow Gel နဲ့ ထပ်ဖြီးပေးပါ။ ဒါဆိုရင်တော့ Perfect ဖြစ်တဲ့ မျက်ခုံးမွှေးတစ်စုံကို ရရှိသွားမှာပါ။

အသားရောင် Eyeshadow ကို မျက်ခွံမှာခြယ်ပြီး မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

လိမ္မော်ရောင် Eyeshadow ကိုလည်း မျက်ခွံမှာခြယ်ပြီး မျက်လုံးအောက်နားကိုပါ ခြယ်ပါမယ်။

အညိုရောင် Eyeshadow ကိုမှ Glitter ပါတဲ့ Eyeshadow ကိုသုံးပြီး မျက်ခွံက မျက်ရစ်လိုင်းနေရာလေးကို ခြယ်ပါမယ်။ မျက်ခွံတစ်ပြင်လုံးကို မခြယ်ပါဘူး။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

Eyeliner ကို အတွင်းနားကပ်ပြီး ပါးပါးလေးဆွဲပါမယ်။ Eyeliner ဆွဲတဲ့အခါ Wings ထွက်အောင် ဆွဲပေးပါ ဒါမှ မျက်လုံးလေးပိုလှတာပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။ အောက်မျက်တောင်ကိုပါ ကော့ဖို့မမေ့ပါနဲ့။

ပါးနီကိုလည်း လိမ္မော်ရောင်ပဲ ခြယ်ပါမယ်။

Highlighter ကို ပါးရိုးနှစ်ဖက်၊ မေးစိ၊ နှာတံနဲ့ မျက်ခုံးအောက်နားလေးတွေကို နည်းနည်းစီလိမ်းပေးပါ။ နှာတံဖော်တဲ့အခါမှာတော့ အညိုရောင်အဖျော့ကိုပဲသုံးပြီး ဖော်ပေးပါ။

နှုတ်ခမ်းနီကိုလည်း လိမ္မော်ရောင်ပဲ ဆိုးပါမယ်။

ဒါဆိုရင်တော့ နွေရာသီအတွက် မျက်နှာလေးပိုလင်းပြီး လှသွားစေမယ့် Juicy Makeup Look လေးကို ရရှိသွားပါပြီ။ ကြည့်လိုက်တာနဲ့ Fresh ဖြစ်ပြီး မျက်နှာလင်းလင်းလေးနဲ့ လှနေမှာပါ။