ပွဲတက်အတွက်ပဲဖြစ်ဖြစ် Date အတွက်ပဲဖြစ်ဖြစ် ကိုယ်တိုင်ပေါ့ပေါ့ပါးပါး ပြင်ဆင်လို့ရပြီး ရှင်းရှင်းလေးနဲ့လည်း လှနေစေမယ့် Red Lip Makeup GRWM Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။

အရင်ဆုံး Foundation ကို သေချာညီအောင်လိမ်းပါမယ်။

ပြီးရင်တော့ Concealer ကို ပုံမှာလိမ်းပြထားတဲ့ နေရာလေးတွေကို လိမ်းပါမယ်။

မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေး ဖြစ်သွားအောင် Powder လိမ်းပါမယ်။

Contour Palette နဲ့ ပါးရိုးနည်းနည်းချ၊ မေးရိုးနည်းနည်းချပါမယ်။

မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးဆွဲပြီးရင် နှာတံဖော်ပါမယ်။

အသားရောင် Eyeshadow ကို မျက်ခွံမှာ ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း နည်းနည်းခြယ်ပါမယ်။

နောက်ထပ် Eyeshadow ကို ခဲရောင်အဖျော့လေး ထပ်ခြယ်ပါမယ်။ အနီရောင်နှုတ်ခမ်းနီ စိုစိုတောက်တောက်လေး ဆိုးမှာဆိုတော့ မျက်လုံးကိုက မှိန်မှိန်လေးပဲ ခြယ်မှာပါ။

ပြီးရင်တော့ Eyeliner ဆွဲပါမယ်။ Eyeliner ကို Wings ထွက်အောင် သပ်သပ်ရပ်ရပ်လေး ဆွဲပေးပါ။

Mascara နဲ မျက်တောင်ကော့ပါမယ်။ မျက်တောင်လေးတွေ ပိုရှည်ပြီးထူချင်ရင်တော့ Natural ဆန်တဲ့ မျက်တောင်တုလေးတွေ တပ်ပေးလို့ရပါတယ်။

အဖြူရောင် Glitter Eyeshadow or Pencil Eyeshadow နဲ့ မျက်ခုံးအောက်နားလေးကို ခြယ်ပါမယ်။

ပါးနီကို တခြားအရောင်တွေမခြယ်ပဲနဲ့ မိတ်ကပ်ရောင်လိုမျိုး အရောင်ဖျော့ဖျော့လေးပဲ ခြယ်ပါမယ်။ နှုတ်ခမ်းနီကလည်း အနီရဲရဲဖြစ်ပြီး ပါးနီကပါ တောက်နေရင် မလှပါဘူး။

နှုတ်ခမ်းနီကို အနီရောင်လေးဆိုးပါမယ်။ ပြီးရင် နှာတံနေရာလေးကို Highlighter လေးလိမ်းပေးပါ။

မျက်ခုံးလေးပိုထင်းပြီး လှသွားအောင် Brow Gel နဲ့ ထပ်ဖြီးပေးပါ။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့လှတဲ့ Red Lip Makeup GRWM Look လေးကို ရရှိသွားပါပြီ။