နေ့စဉ် နေပူထဲ သွားလာလှုပ်ရှားရသူတွေအတွက် မရှိမဖြစ်လိုအပ်တာကတော့ Sunscreen ပါပဲ။ အသားအရေကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးဖို့ မှန်ကန်တဲ့ Sunscreen ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။

ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ခြင်းဟာ အသားအရေပျက်စီးခြင်း ၊ အရေးအကြောင်းများဖြစ်ပေါ်ခြင်းနဲ့ နောက်ဆုံးအဆင့် အရေပြားကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။

အတတ်နိုင်ဆုံး နေပူထဲထွက်တာကို ရှောင်သင့်ပေမယ့် မဖြစ်မနေ ရှောင်လွဲလို့မရတဲ့အခြေအနေဆိုရင်တော့ အရေပြားကို နေရောင်ကာခရင်မ်နဲ့ ကာကွယ်တာ အကောင်းဆုံးပါပဲ။

ဒါဆို နေရောင်ကာခရင်မ်ကို ဘယ်လိုရွေးချယ်မလဲ။ နေရောင်ကာခရင်မ် ရွေးချယ်တဲ့အခါ အဓိက ပါဝင်ပစ္စည်းတွေ ၊ ဘေးကင်းမှုနဲ့ ဖြစ်နိုင်ချေရှိတဲ့ အဆိပ်အတောက်ဖြစ်စေနိုင်သော ဓာတ်မတည့်မှုများကိုပါ ထည့်သွင်းစဉ်းစားဖို့ အရေးကြီးပါတယ်။

CeraVe Hydrating Mineral Face Sunscreen Lotion

အရေပြားအထူးကုဆရာဝန်ကြီးများမှ ထုတ်လုပ်ထားပြီး Cancer Foundation မှ အသိမှတ်ပြု Sunscreen လေးဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ အကာကွယ်တလွှာဖန်တီးပေးပြီး အဆီပြန်ခြင်းမရှိစေပဲ အသားရည်ကို အစိုဓါတ်ထိန်းသိမ်းပေးလို့ တနေကုန် ရေဓာတ်ပြည့်ဝစေပါတယ်။

Lightweight လေးဖြစ်လို့ စေးကပ်ခြင်းမရှိပါဘူး။ Hyaluronic Nacinamide VitaminB3 တို့ပါဝင်လို့ အသားရည်ကို နူးအိညီညာစေပြီး ကြည်စေပါတယ်

Glossier Invisible Shield SPF 35

SPF 35 ပါဝင်လို့ နေလောင်ဒဏ်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ Water-gel Formula ဖြစ်ပြီး Serum လို Texture မို့ အဆီပြန်ခြင်းမရှိဘဲ အသားထဲကို လျင်မြန်စွာ စိမ့်ဝင်နိုင်ပါတယ်။

White cast မပါလို့ Sunscreen လိမ်းလို့ ဖြူသွားတာ ပြာသွားတာမျိူး မဖြစ်စေပါဘူး။ Non greasy Formula မို့လည်း ချွဲကျိကျိဖြစ်တာမျိူး မရှိပါဘူး။

Biore UV Aqua Rich Watery Essence SPF 50+ PA++++

ဝက်ခြံထွက်တတ်တဲ့သူ အဆီပြန်တတ်တဲ့သူလေးတွေ အဆင်ပြေတဲ့ Sunscreen ဖြစ်ပါတယ်။ Aqua Rich Sun Creamလေးက Hyaluronic Acid နဲ့ Royal Gelly ပါဝင်တာကြောင့် အသားရေကို အစိုဓာတ်အပြည့်အဝရစေပြီး ကြည်ကြည်စိုစိုလေး ဖြစ်စေမှာပါ။

Spf 50+PA++++ ပါလို့ နေရောင်ခြည်ဒဏ် UVA /UVB Rays တွေကအစ ကာကွယ်ပေးပါတယ်။ Light weight ဖြစ်လို့ မဲတာ ပြာတာ White Cast တွေ ကျန်မှာလဲ မစိုးရိမ်ရပါဘူး။

Dr. Jart+ Every Sun Day SPF 50+

ကလေးလေးတွေရော ကလေးမိခင်အတွက်ပါ ထုတ်ထားတဲ့ Sunscreen လေးပါ။ Extra sensitive skin သမားတွေအထိ စိတ်ချသုံးလို့ရပြီး Texture ကလဲ Creamy ဖြစ်ပင်မယ့် လုံးဝမစေးကပ်ပါဘူး။ All Skin Type အဆင်ပြေပါတယ်။

La Roche-Posay Anthelios light fluid sunscreen with SPF 60

Oil-free Liquid Sunscreen ဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ အသားထဲ စိမ့်ဝင်အားကောင်းပါတယ်။ Mineral ဓါတ်တွေအများကြီးပါတဲ့ LRP ရဲ့နာမည်ကြီး Thermal Spring Water ကြောင့် အသားအရေကို အအေးဓါတ်ရစေပြီး Calm ဖြစ်စေပါတယ်။ Oily, Dry, Sensitive Skin သမားအားလုံး အသုံးပြုလို့ရပါတယ်။

Beauty of Joseon Relief Sun Sunscreen SPF50+ PA++++

SPF50+PA++++ပါတာမို့ UAB and UVB Rays တွေကို Production တစ်ခုအနေနဲ့ ကောင်းမွန်စွာ Recovery လုပ်ပေးနိုင်ပါတယ်။ Texture က light-weight lotion texture မို့လို့ စိမ့်ဝင်တာမြန်ပြီး White Cast တွေ မကျန်စေပါဘူး။

SHISEIDO Anessa Perfect UV Sunscreen Skincare Milk N SPF50+ PA++++

SPF 50+ / PA++++ ပါတာမို့ နေရောင်ခြည်ဒဏ် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို အပြည့်အဝ ကာကွယ်ပေးပါတယ်။ နောက်ပြီး Aqua Booster နည်းပညာနဲ့ ထုတ်ထားတာမို့ ရေဓာတ်ဖြည့်ပေးပြီး အသားအရေကို ကြည်ပြီး Glow စေပါတယ်။

Waterproof, Sweatproof ဖြစ်တာမို့ ရေစို ချွေးစိုခံသလို အသားထဲ စိမ့်ဝင်လွယ်ပြီး ပြာတာ စေးကပ်တာမျိုး မရှိပါဘူး။