Makeup Look တွေထဲကမှ ရိုးရိုးလေးနဲ့ ပါးပါးကြည်ကြည်လေးနဲ့လှတဲ့ Nude Makeup ကို လိုလိမ်းချင်တဲ့ပျိုမေတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်လိမ်းလို့ရနိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။

အရင်ဆုံး မျက်နှာကို ဘာမှမလိမ်းခင် မျက်နှာမှာ အညစ်အကြေးနဲ့ ဖုန်မှုန့်တွေကင်းစေဖို့ သေချာသစ်ပေးပါ။

Foundation မလိမ်းခင် Skincare မဖြစ်မနေလုပ်ပေးပါ။ အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့ Moisturizer လိမ်းပေးပါ။

မျက်နှာက အပြစ်အနာအဆာတွေကို ဖုံးစေဖို့ Foundation မလိမ်းခင် Primer လိမ်းတာက မိတ်ကပ်ကို တစ်နေ့လုံး ကြာရှည်ခံအောင် ကူညီပေးပါတယ်။

Foundation ရွေးအခါ သဘာဝအတိုင်း ဖုံးပေးနိုင်ပြီး ကိုယ့်အသားအရေနဲ့ကိုက်တဲ့ Foundation or BB Cream လိမ်းပါ။

Nude Eye Makeup အတွက် အသားအရေအရောင်ကို ဖြည့်ပေးတဲ့ ညိုဖျော့ဖျော့ (သို့) အဝါနုရောင် Eyeshadow သုံးပေးပါ။

မျက်ခုံးမွှေးကိုလည်း သဘာဝအတိုင်းပုံကျနေသလိုဖြစ်အောင် လိုတာလေးဖြည့်ပေးပါ။

နောက်ဆုံးအနေနဲ့ ကိုယ့်နှုတ်ခမ်းသားအရောင်နဲ့ လိုက်ဖက်တဲ့ Nude Lipstick ကို ဆိုးပေးပါ။

ဒါဆိုရင်တော့ အလုပ်သွာတာတာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ ဆုံတာပဲဖြစ်ဖြစ်၊ ဒီပုံစံက အချိန်တိုင်းအတွက် အသင့်ဖြစ်နေပါပြီ။