Victoria Beckham ဆိုတာနဲ့ ကမ္ဘာကျော်ဘောလုံးသမား David Beckham ရဲ့ ချစ်ဇနီး၊ Spice Girls အဆိုတော်အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းနဲ့ အရေးအကြီးဆုံးကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဆိုတာ အားလုံးသိကြမှာပါ။

ဒါကြောင့် ပျိုမေအားလုံး စတိုင်ကျဖို့ရာ Victoria ဆီက သင်ယူနိုင်တဲ့ ဖက်ရှင်ကျစေမယ့် နည်းလမ်း (၉) ခုကို ပြောပြလိုပါတယ်။

၁။ ခရီးသွားတဲ့အချိန်တိုင်း ဂါဝန်ရှည်တွေယူသွားပါ။ ဂါဂန်ရှည်တွေက စတိုင်ကျပြီး သက်တောင့်သက်သာရှိပါတယ်။ အဝတ်အိတ်ထဲမှာလည်း အလွယ်တကူခေါက်ထည့်နိုင်ပါတယ်။

၂။ ယောကျာ်းလေးပုံစံ စမ်းဝတ်ကြည့်ဖို့ မကြောက်ပါနဲ့။ Victoria ကို တစ်ခါတလေ အမျိုးသားတွေ ဝတ်စားပုံပုံစံနဲ့မြင်ဖူးကြမှာပါ။ သူမရဲ့ တချို့စတိုင်ပုံစံတွေထက် ဒီပုံစံက ထင်းထွက်နေတတ်ပါတယ်။

၃။ ကော်လံအမြင့်ပုံစံ စမ်းဝတ်ကြည့်ပါ။ ဒီလိုအမြင့်လေးဝတ်လိုက်တာက ကိုယ့်ပုံစံကို ပိုပြီးထူးခြားသွားစေပါတယ်။ Victoria က အရောင်ဖျော့ ဘောင်းဘီရှည်နဲ့ တွဲဝတ်တတ်ပါတယ်။ စကပ်နဲ့ ဝတ်လို့လည်း ရပါတယ်။

၎။ အဖြူရောင်အင်္ကျီလက်ရှည်က မိန်းကလေးတိုင်းရဲ့ အဝတ်ဗီဒိုထဲ မရှိမဖြစ်လိုအပ်တဲ့ အဝတ်အစားပါ။

၅။ တစ်ကိုယ်လုံး အနက်ဝတ်တာက သင့်ကို နောင်တမရစေပါဘူး။ လူတွေက တစ်ကိုယ်လုံးအမည်းဆိုပြီး ကြည့်မရဖြစ်နိုင်ပါတယ်။ အမည်းဝတ်တာက ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိစေပါတယ်။

၆။ နေကာမျက်မှန်အကြီးတစ်လက်ကို အမြဲဆောင်ထားပါ။ နေကာမျက်မှန်က ကြည့်မကောင်းတဲ့အဝတ်အစားတွေကိုတောင် လှသွားအောင် ပံ့ပိုးပေးနိုင်ပါတယ်။

၇။ ဆံပင်ဂုတ်ထောက်လေးတွေက စတိုင်ကျစေပါတယ်။ သင်က ဆံပင်အတိုလေးထားချင်ရင်တော့ ဂုတ်နားလောက်ထိ ထားပေးပါ။ အရမ်းတိုရင်လည်း ဆံပင်လှိုင်းကောက်လေးတွေ မလုပ်နိုင်တော့ပါဘူး။

၈။ Denim သားအင်္ကျီတွေကို ဆောင်ထားပါ။ ဒီအသားက အကောင်းဆုံးဂျင်းအင်္ကျီတစ်မျိုးပါ။ ဂျင်းအပေါက်အပြဲတွေကို ရှောင်ပေးပါ။ အရောင်ရင့်တဲ့ ဂျင်းပုံစံကို ရွေးပေးပါ။ ဒေါက်ဖိနပ်အမြင့်လေးနဲ့ တွဲဝတ်ပေးပါ။ ဒါမှမဟုတ် ချည်သားဘလောက်စ်နဲ့ တွဲဝတ်နိုင်ပါတယ်။

၉။ Leather ဘောင်းဘီတွေက လူတိုင်းကို စတိုင်ကျစေပါတယ်။ အပေါ်က အဖြူရောင်တီရှပ်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ Leather ဘောင်းဘီတွေက စမတ်ကျပြီး ဆွဲဆောင်မှုရှိပါတယ်။ ဘလေဇာလေးနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Source: Herbeauty.co

By MyStyle Myanmar