အသွင်ဒီဇိုင်းအမျိုးမျိုးနှင့် မရိုးရအောင်လှလွန်းသည့် ဆွယ်တာဂါဝန်များသည် အိမ်တွင်းအ၀တ်အစားအနေနှင့်သာမက တနေ့တာအပြင်သို့ သွားလာလှုပ်ရှားနေရသည့်အချိန်များမှာပါ အခက်အခဲမရှိဝတ်ဆင်နိုင်ပါတယ်။ ထို့ကြောင့် ဖက်ရှင်လည်းကျ စတိုင်လည်းမိ၍ လွတ်လပ်ပေါ့ပါးစွာဝတ်ဆင်နိုင်မည့် အနုပညာရှင်များ၏ ဆွယ်တာဂါဝန်ဒီဇိုင်းများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Selena Gomez

ထူးခြားဆန်းပြားသောပုံစံဒီဇိုင်းများမှ ပေါ်လွင်ထင်ရှားနေသည်မဟုတ်။ ဆလီနာဝတ်ဆင်သကဲ့သို့ အရောင်စိုစိုနှင့် ရိုးရှင်းသောဆေးရိုက်ဒီဇိုင်းများပါဝင်သည့် ဆွယ်တာဂါဝန်ကို accessory အသေးလေးများဖြင့် တွဲဖက်ဝတ်ဆင်ပေးနိုင်ပါတယ်။

၂။ Zendaya

ဆိုဒ်အရွယ်အစားကြီးမားသည့် ဆွယ်တာဂါဝန်ဖြစ်သော်လည်း အရောင်အသွေးဆင်တူသည့် ထိပ်ချွန်ဒေါက်ဖိနပ်နှင့် လက်ဝတ်ရတနာအများအပြားကို ပေါင်းစပ်ဝတ်ဆင်လိုက်သည့်အခါမှာ လွတ်လပ်ပေါ့ပါး၍ စတိုင်ကျသည့်အသွင်ကို ရရှိနိုင်ပါတယ်။

၃။ Kendall

လည်ပင်းအပိတ်ဒီဇိုင်းနှင့် ဆိုဒ်အကြီးဆွယ်တာဂါဝန်ကို ဒူးအမြင့်ရှိသည့် ဘွတ်ဖိနပ်များဖြင့် တွဲဖက်ဝတ်ဆင်ပြီးသည့်နောက်မှာ လက်ဝတ်ရတနာနည်းနည်းနှင့် ဆံပင်စတိုင်ရိုးရိုးပြင်ဆင်လိုက်ခြင်းဖြင့် ကျော့ရှင်းလှပသည့်အသွင်ကို ပိုင်ဆိုင်နိုင်ပါတယ်။

၎။ Sienna Miller

ရိုးရှင်းပေါ့ပါးသောဒီဇိုင်းမှ ကြိုက်နှစ်သက်သော ပျိုမေလေးများအနေဖြင့် Sienna ကဲ့သို့ အစင်းဒီဇိုင်းဆွယ်တာဂါဝန်ကို ကြိုးသိုင်းဒေါက်မြင့်ရှုးဖိနပ်ဖြင့် တွဲဖက်ဝင်ဆင်ပေးနိုင်ပါတယ်။

၅။ Emily Ratajkowski

လည်ပင်းအပိတ်နှင့် ကိုယ်ကျပ်ဆွယ်တာဂါဝန်ကို အနက်ရောင်ဒူးအတိဘွတ်ဖိနပ်ဖြင့် ပေါင်းစပ်ဝတ်ဆင်လိုက်သည့်အခါမှာ မော်ဒယ်လ်ဆန်ဆန်အသွင်ကို ရယူနိုင်မှာဖြစ်ပါတယ်။

၆။ Gigi Hadid

မည်မျှပင် ရိုးစင်းသောဒီဇိုင်းရှိသည့် ဆွယ်တာဂါဝန်ဖြစ်နေစေကာမူ လူအများ၏အကြည့်ကို ဆွဲဆောင်နိုင်သည့် accessory များဖြင့် အတွဲညီညီဝတ်ဆင်လိုက်သည့်အခါ ဆွဲဆောင်မှုရှိသည့်ဖက်ရှင်စတိုင်ကို ရရှိနိုင်ပါတယ်။

၇။ Miranda Kerr

ဆွယ်တာဂါဝန်၊ လက်ကိုင်အိတ်၊ ဘွတ်ဖိနပ်တို့အပြင် အကွက်ဒီဇိုင်းကုတ်အင်္ကျီကို အပေါ်မှထပ်ပေါင်းဝတ်ဆင်လိုက်သည့်အခါ ရှင်းရှင်းလင်းလင်းနှင့် အသက်ရှုမှားဖွယ်အသွင်အပြင်ကို ပိုင်ဆိုင်နိုင်မှာပါ။

၈။ Zoe Kravitz

Kravitz ကဲ့သို့ ဆွယ်တာဂါဝန်ကို အပွဒီဇိုင်းကို လွတ်လပ်ပေါ့ပါးသည့်အသွင်ဖြင့်လည်း နေ့ညမရွေးဝတ်ဆင်ပေးနိုင်ပါတယ်။

၉။ Zoe Saldana

ဆိုဒ်အကြီးနှင့် အပွဒီဇိုင်းအင်္ကျီအပေါ်မှနေ၍ ဆွယ်တာဂါဝန်ကို ထပ်ပေါင်းဝတ်ဆင်ခြင်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိသည့် ဖက်ရှင်အသွင်တစ်မျိုးကို သူမတူအောင် ၀တ်ဆင်နိုင်မှာဖြစ်ပါတယ်။