မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဆောင်းရာသီလည်း ရောက်တော့မယ်ဆိုတော့ အပေါ်ထပ်အင်္ကျီလေးတွေ ဝယ်စုထားသင့်ပြီနော်။ ဒါပေမဲ့ ရာသီဥတုက အရမ်းအေးမှာလား။ သာမန်လောက်ပဲလား မသိနိုင်တော့ မိန်းကလေးတွေနဲ့ သင့်တော်တာကတော့ အရမ်းမထူတဲ့ အပေါ်ထပ် Blazer လေးတွေပါ။ Blazer က မိန်းကလေးတစ်ယောက်ကို ပိုပြီး စတိုင်ကျစေပါတယ်။

အပေါ်ထပ်လေးဝတ်လိုက်မှ ကိုယ့်ရဲ့ စတိုင်က ပိုထူးခြားသွားမှာပါ။ ဒီတော့ Blazer ဝတ်တဲ့အချိန် စတိုင်ကျအောင် ဘယ်လိုဝတ်နိုင်လဲ မျှဝေပေးလိုက်ပါတယ်။

၁။ ဘောင်းဘီအကျပ်နဲ့

ဒီစတိုင်ကတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂျင်းဘောင်းဘီရှည် အကျပ်တစ်ထည်ကတော့ ပျိုမေအများစုမှာ ရှိမှာပါ။ Blazer က ဂျင်းဘောင်းဘီအကျပ်နဲ့လိုက်ဖက်ပါတယ်။ နမူနာပုံစံတွေကတော့-

၂။ ဂါဝန် သို့မဟုတ် စကပ်နဲ့

ဂါဝန်ပေါ်က Blazer ထပ်ဝတ်လို့ရပါတယ်။ မိန်းကလေးဆန်ဆန်နဲ့ စတိုင်ပိုကျစေမှာပါ။ နမူနာပုံစံကတော့-

၃။ ဘောင်းဘီအတိုနဲ့

ဘောင်းဘီအတိုဝတ်ရတာ သဘောကျသူတွေအနေနဲ့တော့ ဒီစတိုင်လေး ဆန်းဝတ်ကြည့်သင့်ပါတယ်။ သင့်ကို ပိုပြီး ဆွဲဆောင်မှုရှိစေမှာပါ။ နမူနာပုံစံတွေကတော့-

၎။ မိန်းကလေးဆန်တဲ့ အင်္ကျီအပေါ်ထပ်အနေနဲ့

အင်္ကျီကို မိန်းကလေးဆန်တဲ့ Blouse လေးနဲ့ ဝတ်ဆင်နိုင်ပါတယ်။ နမူနာပုံစံတွေကတော့-

၅။ ခြေမျက်စိပေါ်ဘောင်းဘီနဲ့

ဘောင်းဘီရှည်မှာ နှစ်မျိုးရှိပါတယ်။ ခြေမျက်စိဖုံးတာနဲ့ မဖုံးတာပါ။ ခြေမျက်စိမဖုံးတဲ့ ဘောင်းဘီရှည်တွေက စတိုင်ကျဖို့ သတိထားဝတ်ရပါတယ်။ ဒီလို ဘောင်းဘီတွေကလည်း Blazer နဲ့လိုက်ဖက်ပါတယ်။ နမူနာပုံစံတွေကတော့-

Photo Source: Pinterest

By MyStyle Myanmar