သင်နဲ့သင့်သူငယ်ချင်းတွေစုဝေးပြီး ခမ်းနားထည်ဝါတဲ့ညစာစားပွဲ ဒါမှမဟုတ် ကခုန်ပျော်မြူးကြဖို့ စီစဉ်ထားတယ်ဆိုရင် သင့်တင့်လိုက်ဖက်မှုရှိတဲ့ အ၀တ်အစား၊ Accessories တွေကို အတွဲညီညီဝတ်ဆင်တတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Night Out ထွက်မယ့်အခါတိုင်း မိန်းကလေးတွေမဖြစ်မနေလိုအပ်တဲ့ အရာ (၅) မျိုးကို ဖော်ပြပေးလိုက်ရပါတယ်နော်။

အသားလေးနည်းနည်းလှစ်ဟပေးပါ။

ဒီလိုမျိုး ဘလောက်စ်အင်္ကျီလေးပဲဖြစ်ဖြစ် ၀တ်ပေးပြီးတော့ လည်ပင်းအသားလေးလှစ်ဟထားမယ်ဆိုရင် မိန်းကလေးတစ်ယောက်ရဲ့အလှကို ဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။

ကော့စင်းနေတဲ့ မျက်တောင်လေးများ

မျက်တောင်လေးတွေ ကော့စင်းနေပြီဆိုရင် ၀န်းလက်တောက်ပတဲ့ မျက်ဝန်းအလှလေးနဲ့ အပြတ်လှနေတော့မှာပါ။

တက်ကြွသွက်လက်တဲ့ ခြေလှမ်းများ

ဒီလိုမျိုး ထိပ်ချွန်ဒီဇိုင်းနဲ့ နောက်ကြိုးသိုင်းဒေါက်ဖိနပ်လေးကို စီးပြီး သီချင်းများကြား၊ အပျော်များကြား တက်ကြသွက်လက်နေနိုင်မှာဖြစ်ပါတယ်။

ရွှေရောင်ကာလာ

ဒီလိုရွှေရောင်လက်ပွေ့အိတ်မျိုးက ဖက်ရှင်မှာ အခြေခံလိုအပ်တဲ့အရာမျိုးဖြစ်ပြီး လိုအပ်သမျှ ပစ္စည်းအပိုတွေကိုပါ ကိုယ်နှင့်မကွာ သယ်ဆောင်နိုင်မှာပါ။

မွှေးထုံနေတဲ့ ကိုယ်သင်းရနံ့

မိန်းကလေးတစ်ယောက်မှာ အရေးကြီးဆုံးက တကိုယ်ရေသန့်ရှင်းမှုနဲ့ ကိုယ်သင်းနံ့ မွှေးပျံ့နေဖို့ပါပဲ။ ဒါကြောင့် အနံ့သိပ်မပြင်းတဲ့ လိုးရှင်းကိုလိမ်းခြယ်ပေးပါ။