မိတ်ကပ် Look တွေက တစ်နှစ်ပြီးတစ်နှစ် ဆန်းသစ်တီထွင်လာကြပါတယ်။ ဒါပေမယ့် ဆန်းသစ်လာတဲ့ မိတ်ကပ်ပြင်ဆင်မှုပုံစံတွေက လူတိုင်းနဲ့ အဆင်ပြေ သင့်တော်တာတော့မဟုတ်ပါဘူး။ မိတ်ကပ်လိမ်းတဲ့ပျိုမေတို့အတွက် ရှောင်ရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

Eye Smokey များများလုပ်ခြင်း

မျက်လုံးနားကို ချယ်ရာမှာ သင့်ကိုပိုပြီးဆွဲဆောင်မှုရှိစေဖို့ Eye Smokey များများသုံးစရာမလိုပါဘူး။ သဘာဝလည်းမကျသလို ရန်လိုနေတဲ့ပုံစံပေါက်နေပါတယ်။

နှုတ်ခမ်းနီလျှံအောင်စိုးခြင်း

နှုတ်ခမ်းနီဆိုးရာမှာ ကိုယ့်နှုတ်ခမ်းကို ပိုပြီးကြီးသယောင်ထင်ရစေဖို့အတွက် ရှိရင်းနှုတ်ခမ်းထက် ပိုပြီးထူထူ ဆိုးကြပါတယ်။ ဒါပေမယ့် နှုတ်ခမ်းနီကို နှုတ်ခမ်းစွန်းနားထိပေအောင်ဆိုးပေးတာဟာ သင့်ကို ရုပ်ဆိုးစေပါတယ်။

မျက်တောင်မွှေးအတု

မျက်တောင်မွှေးအတုတပ်ရာမှာ ကိုယ်နဲ့မလိုက်တဲ့ မျက်တောင်မွှေးထူထူကို မတပ်သင့်ပါဘူး။ ကိုယ်က မင်းသမီးလည်းမဟုတ်။ ထသွားထလာ။ ဒါမှမဟုတ် ပွဲသွားပွဲလာမိတ်ကပ်ပြင်ဆင်ရာမှာ သဘာဝကျကျ မျက်တောင်မွှေးအတုလောက်ကိုပဲ တပ်သင့်ပါတယ်။

မျက်ခုံးမွှေး ထူထူ (သို့) ပါးပါးဆိုးခြင်း

မျက်တောင်မွှေးကို အရမ်းထူထူဆိုးခြင်း အရမ်းပါးပါးဆိုးခြင်းကို ရှောင်ကျဉ်သင့်ပါတယ်။ မျက်ခုံးမွှေပုံစံကို သဘာဝကျကျလေးပဲ ဆွဲပေးသင့်ပါတယ်။

မိတ်ကပ် ထူထူ (သို့) မေးရိုး ပါးရိုး ထူထူဖော်ခြင်း

မိတ်ကပ်ကို အများကြီးနဲ့ ထူထူပိန်းပိန်းလိမ်းတာဟာ အသားအရေအတွက်လည်းမကောင်းစေသလို သင့်ကိုလည်း ပိုမလှစေပါဘူး။ ပါးရိုး မေးရိုးတွေကို အလွန်အကျွံဖော်ထားတာကလည်း သင့်ကို ရုပ်ဆိုးစေပါတယ်။ ၀က်ခြံတွေကိုလည်း မိတ်ကပ်နဲ့ အရမ်းကြီးဖုံးကွယ်ဖို့မကြိုးစားပါနဲ့။ သဘာဝအတိုင်းလေးပဲ လိမ်းပေးပါ။ ၀က်ခြံပေါက်နေလို့လည်း ဘာမှမဖြစ်ပါဘူး။

မိတ်ကပ်လိမ်းသူတွေအနေနဲ့ အခုပြောပြမယ့်နည်းလမ်းလေးတွေအတိုင်း မိတ်ကပ်လိမ်းပေးသင့်ပါတယ်။

သဘာဝကျကျ လိမ်းပါ။ မိတ်ကပ်နည်းနည်းပဲသုံးပါ။ မေးရိုး ပါးရိုးကိုဖော်ပါ။ ယုံကြည်မှုရှိပါစေ။