နှုတ်ခမ်းသားခြောက်သွေ့အက်ကွဲလာရင် နေရခက်ပါတယ်နော်။ ဒါ့အပြင် သင့်ကိုယ်သင်ယုံကြည်မှုလည်း လျော့စေပါတယ်။ နှုတ်ခမ်းသားခြောက်သွေ့ အက်ကွဲလာတဲ့အခါ ဘယ်လိုကုသရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

Matte နှုတ်ခမ်းနီတွေ မဆိုးပါနဲ့

နှုတ်ခမ်း ခြောက်သွေ့တဲ့အခါ Matte နှုတ်ခမ်းနီမဆိုးတာ အကောင်းဆုံးပါ။ မဟုတ်ရင် နှုတ်ခမ်းသားကို ပိုပြီး အက်ကွဲစေပါတယ်။

 နှုတ်ခမ်းကို Scrub လုပ်ပါ

နှုတ်ခမ်းကွဲနေတဲ့အခါ သကြားနဲ့ အုန်းဆီ (သို့) သံလွင်ဆီ နည်းနည်းဆီရောပြီး နှုတ်ခမ်းကို သေချာလေး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင် ခဏထားပြီး ရေဆေးချလိုက်ပါ။

အဆီသုံးပါ

ညအိပ်ယာမဝင်ခါင်မှာ နှုတ်ခမ်းကို အဆီတမျိုးမျိုးလိမ်းပြီးအိပ်ယာဝင်ပေးပါ။ နှုတ်ခမ်းနီ အဆီကိုလည်း သုံးနိုင်သလို၊ အုန်းဆီ၊ သံလွင်ဆီကိုလည်း လိမ်းပေးပြီး အိပ်ယာဝင်ပေးလို့ရပါတယ်။

ခန္ဓာကိုယ်အတွင်းပိုင်းရော အပြင်ပိုင်းကိုပါ ရေဓာတ်ဖြည့်ပါ

ရေများများသောက်ပါ။ ရေသောက်နည်းတာဟာ ရေဓာတ်ခမ်းခြောက်ခဲ့မှာဖြစ်သလို၊ သင့်နှုတ်ခမ်းကိုလည်း ခြောက်သွေ့အက်ကွဲစေပါတယ်။ ဒါ့ကြောင့် ရေများများသောက်ပါ။ နှုတ်ခမ်းကိုလည်း အဆီလိမ်းပါ။

Lip Balm သုံးပါ

နှုတ်ခမ်းသား ခြောက်သွေ့အက်ကွဲတာမျိုးဖြစ်နေရင် Lip Balm ကို လိမ်းပေးလိုက်ပါ။ ညအိပ်ယာမဝင်ခင် လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းကို စိုပြေစေမှာပါ။

သခွားသီးသုံးမယ်

သခွားသီးဟာ ရေဓာတ်များတဲ့ အသီးဖြစ်ပြီး သင့်ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်တင်းပေးနိုင်ရုံသာမက သင့်အလှအပအတွက်ပါအသုံးဝင်ပါတယ်။ မျက်အိတ်ဖောင်းတဲ့အခါမှာလည်း သင့်မျက်လုံးပေါ်မှာ သခွားသီးကပ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကွဲရင်လည်း နှုတ်ခမ်းပေါ်မှာ ကပ်ပေးထားပြီး ၅ မိနစ် ၁၀ မိနစ်ထားပါ။

အက်ဆစ်များတဲ့အစားအစာနဲ့ အစပ်စာတွေရှောင်မယ်

နှုတ်ခမ်းသားအက်ကွဲနေလို့ အက်ဆစ်များတဲ့အစားအစာ၊ အစပ်စာတွေဟာ သင့်နှုတ်ခမ်းကို ပိုပြီးခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် အဲဒီလိုအစားအစာကို ရှောင်ပေးပါ။