ဟယ်လို။ ဟယ်လို။ ဟယ်လို။ အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မိတ်ကပ်အထူကြီးမကြိုက်တဲ့မမတွေ၊ မိတ်ကပ်ပါးပါးလေးနဲ့ အစွမ်းကုန်လှချင်တဲ့မမတွေအတွက် မိတ်ကပ်လိမ်းချယ်နည်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

အသားအရေလေးကို Glow ဖြစ်အောင် ဘယ်လိုလိမ်းချယ်ရမလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

၁။ အသားအရေထိန်းသိမ်းမှု

အရင်ဆုံးမျက်နှာသန့်စင်ပါ။ ပြီးရင်တော့ တိုနာနဲ့ Moisturizer လိမ်းပေးပါ။

၂။ Primer လိမ်းမယ်

ချွေးပေါက်ကျယ်နေတာလေးတွေ သိပ်မသိသာအောင်နဲ့ အသားအရေလေးချောမွတ်နေအောင် Primer လေးအရင်လိမ်းလိုက်မယ်နော်။ ဒီလို Primer လေးလိမ်းပေးတာက မိတ်ကပ်ကိုလည်း တာရှည်ခံစေပါတယ်။

၃။ ကူရှင်/ဖောင်ဒေးရှင်းလိမ်းမယ်

ကူရှင်နဲ့ အဆင်ပြေတဲ့သူက ကူရှင်၊ ဖောင်ဒေးရှင်းနဲ့အဆင်ပြေတဲ့သူက ဖောင်ဒေးရှင်းလိမ်းပါ။ ခပ်ပါးပါးပဲလိမ်းပေးဖို့လိုပါတယ်။ ကိုယ့်အသားအရေနဲ့ ကွက်တိဖြစ်တဲ့ ဖောင်ဒေးရှင်းကို ရွေးချယ်ဖို့လိုတယ်နော်။

၄။ Concealer လိမ်းဖို့မမေ့ပါနဲ့

ကိုယ်မျက်နှာပေါ်က မျက်ကွင်းညိုတာတွေ၊ အမာရွတ်တွေနဲ့အတူ တခြားအပြစ်အနာဆာတွေကို Concealer လေးနဲ့ခပ်းပါးပါးလေးဖုံးထားလိုက်ပါ။

၅။ အရောင်လေးတချို့ထည့်ပြီးနှူတ်ခမ်းနီဆိုးမယ်

မျက်လုံးအတွက်ဆိုရင်လည်း သဘာဝကျတဲ့အရောင်လေးတွေဖြစ်တဲ့၊ အညိုနု၊အညိုရင့်၊လိမ္မော် စတာတွေကိုရွေးချယ်ပါ။

ပါးနီကိုလည်း သဘာဝအတိုင်း ပါးမို့မို့ရဲရဲလေးဖြစ်စေဖို့ ပန်းရောင်မကျ၊ အနီရောင်မကျ အရောင်လေးကိုရွေးချယ်ပါ။

နှူတ်ခမ်းအတွက်ကတော့ Lip Gloss လေးကို ရွေးချယ်ပါနော်။ ဒါမှရွှဲရွှဲလေးနဲ့ မိုက်နေမှာပါ။

၆။ Highlight လုပ်မယ်

Glow ဖြစ်တဲ့မိတ်ကပ်အတွက် Highlighter သုံးပေးဖို့အထူးလိုအပ်ပါတယ်နော်။ ကိုယ့်ရဲ့ နဖူး၊ နာခေါင်း၊ ပါးရိုး၊ နှူတ်ခမ်းထိပ် ၊မေးစေ့ စတာတွေကို Highlight လုပ်ပေးလိုက်ပါ။

၇။ Setting Powder လိမ်းမယ်

နောက်ဆုံးကတော့ Setting Powder လေးကို ပါးပါးလေးလိမ်းပေးလိုက်ပါ။

၈။ Facial Mist လေးဖြန်းမယ်

အသားအရေလေးကို ရေဓာတ်ဖြည့်ပေးဖို့နဲ့ အသားအရေစိုစိုလေးဖြစ်နေဖို့ မိတ်ကပ်လိမ်းပြီးတိုင်းမှာ ဒီ Facial Mist လေးဖြန်းပေးဖို့လိုတယ်နော်။

၉။ ရေသောက်ပါ

ကဲ မိတ်ကပ်လိမ်းပြီးရင် ရေလေးတစ်ခွက်လောက်သောက်လိုက်ဦးနော်။ အသားအရေစိုပြေနေစေဖို့ ရေကို မဖြစ်မနေသောက်ဖို့လိုတယ်။ ရေ တစ်နေ့ ၈ ခွက်အနည်းဆုံးသောက်ရမယ်နော်။

ရိုးရိုးမိတ်ကပ်

Glow မိတ်ကပ်

Source: www.yesstyle.com

By: MyStyle Myanmar