အားလုံးပဲ မင်္ဂလာပါ။ သရုပ်ဆောင်ကောင်းတဲ့အပြင် အသံလည်းကောင်းတဲ့ ချစ်စရာမင်းသမီးချောလေး Uee ကို သိကြမှာပါနော်။

သူမရဲ့ နာမည်အရင်းကတော့ Kim Yu-jin လို့ ခေါ်ပေမယ့် သူမရဲ့ အနုပညာနာမည်ကတော့ Uee ဖြစ်ပါတယ်။ သူမက After School လို့ နာမည်ရတဲ့ အဆိုတော်အဖွဲ့ရဲ့ Member ဟောင်း တစ်ယောက်ပါ။

သူမကို ၁၉၈၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ အခုဆိုရင် အသက် ၃၀ ပြည့်သွားပါပြီ။ ဆယ်ကျော်သက်လေးတစ်ယောက်လို အရွယ်တင်နုပျိုနေတာကတော့ မိန်းကလေးတွေအတွက် အားကျစရာတစ်ခုပါပဲ။

Uee က ငယ်ငယ်လေးကတည်းက မင်းသမီးဖြစ်ချင်တဲ့ အိပ်မက်ရှိခဲ့ပေမယ့် လူရွေးပွဲတွေ ဝင်ပြိုင်ရင်း အဆိုတော်ဘဝနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာပါ။ After School အဖွဲ့ဝင်တစ်ယောက်မဖြစ်ခင်မှာ Five Girls ဆိုတဲ့ အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ ၂၀၀၉  ခုနှစ် ဧပြီလလောက်ကျမှ After School အဖွဲ့ထဲ ဝင်ရောက်ခဲ့တာပါ။

ဒါပေမဲ့ ၂၀၁၇ အစောပိုင်းလောက်မှာတော့ သရုပ်ဆောင်ပိုင်းကိုသာ အာရုံစိုက်ချင်တာကြောင့် အဖွဲ့ထဲကထွက်ပြီး အခုအချိန်အထိ သရုပ်ဆောင်အလုပ်တွေပဲ ဆက်လုပ်နေခဲ့ပါတယ်။

သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဖက်ရှင်စတိုင်လ်အမျိုးမျိုးကို ဝေမျှပေးလိုက်ပါတယ်။

ချစ်စရာကောင်းတဲ့ ဂါဝန်ဖက်ရှင်လေး

ပျိုမေလေးတွေပါ လိုက်ဝတ်လို့ရတဲ့ ပေါ့ပေါ့ပါးပါး ဖက်ရှင်စတိုင်လ်လေးတွေ

Photo Source: Pinterest.com