Beauty & Fashion | ကြယ်ပွင့်တွေရဲ့ စတိုင် – Stars & Style

တရုတ်မင်းသမီးလေး Zheng Shuang ရဲ့ဖက်ရှင်များ

March 10, 2018

တရုတ်မင်းသမီးလေး Zheng Shuang ရဲ့ဖက်ရှင်များ

Share this on:

မင်္ဂလာပါနော်။ တရုတ်ရုပ်ရှင်ချစ်သူတွေကတော့ တရုတ်မင်းသမီးလေး Zheng Shuang ကို ရင်းနှီးကြမယ်လို့ ထင်ပါတယ်။

Meteor Shower ဆိုတဲ့ တရုတ်ဒရမ်မာဇာတ်တွဲမှာ ပွဲဦးထွက်ခဲ့ပြီး China TV Golden Eagle Award ဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုအဖြစ် စကာတင်စာရင်းဝင်ခဲ့တဲ့ အငယ်ဆုံး သရုပ်ဆောင်ဖြစ်လာခဲ့သူပါ။

အဲဒီနောက်ပိုင်း ရုပ်ရှင်ကားတွေရော ရုပ်သံဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ The Three Heroes and Five Gallants, Chronicle of Life, Love O2O စတဲ့ ရုပ်သံဇာတ်လမ်းတွဲ ၃ ကား ထွက်ရှိထားပြီး ၂၀၁၇ မှာတော့ Rush to the Dead Summer ဇာတ်လမ်းတွဲထွက်ရှိထားပါတယ်။

၁၉၉၁  ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံ Shenyang မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ အရပ်အမြင့်ကတော့ ၁.၆၈ မီတာ (၅ပေ ၆ လက်မကျော်) ရှိပြီး ၂၀၁၁ ခုနှစ်မှာ ဘေဂျင်းရုပ်ရှင်အကယ်ဒမီကျောင်းမှာ ဘွဲရရှိခဲ့သူဖြစ်ပါတယ်။

အရမ်းလည်းလှသလို တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး မင်းသမီးတွေထဲမှာ တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။

သူမရဲ့ ဖက်ရှင်တွေကလည်း အရမ်းချစ်စရာကောင်းပြီး ဖက်ရှင်ကျနေတာမို့ တရုတ်မင်းသမီးလေး Zheng Shuang ရဲ့ ပရိသတ်တွေအတွက် သူမရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်တယ်နော်။

တရုတ်မင်းသမီးလေး Zheng Shuang ရဲ့ဖက်ရှင်များ

User Rating

1 (1 Votes)