အားလုံးပဲမင်္ဂလာပါ၊ ဖက်ရှင်ရေစီးကြောင်းက စက္ကန့်နဲ့အမျှပြောင်းလဲနေတာမို့လို့ ဖက်ရှင်ကျချင်တဲ့ မိန်းကလေးတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။ အသစ်အသစ်ပြောင်းလဲနေတဲ့ ဖက်ရှင်တွေကိုလည်း သိထားဖို့လိုအပ်သလို ခေတ်နောက်ကျနေပြီဖြစ်တဲ့ ဖက်ရှင်တွေကိုလည်း သိထားဖို့ လိုအပ် ပါတယ်။ အခုဖော်ပြမယ့် ဖက်ရှင်လေးတွေကလည်း ဒိတ်အောက်နေပြီဖြစ်လို့ ပျိုမေလေးတို့ ရှောင်ကြဉ်နိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

အရောင်ဖျော့တဲ့ ဆွဲသားဘောင်းဘီဝတ်ဆင်ခြင်း

ဂျင်းဘောင်းဘီဆွဲသားလေးတွေကို မိန်းကလေးတော်တော်များများက ပေါ့ပေါ့ပါးပါးဝတ်ဆင်နိုင်တာမို့လို့ ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဆွဲသားဘောင်းဘီဆိုတဲ့အတိုင်းပဲ ခန္ဓာကိုယ်လှပတဲ့ မိန်းကလေးတွေ အတွက်တော့ အကောင်းဆုံးပဲပေါ့။ ဒါ့အပြင် ဆွဲသားဘောင်းဘီဝယ်တဲ့အခါ အရောင်ကိုလည်း သေချာဂရုစိုက်ဝယ်သင့်ပါတယ်။ ဖျော့တဲ့အရောင်၊ အထူးသဖြင့် အဖြူရောင်က သင့်ကိုဝတဲ့ပုံပေါက်စေပါတယ်။ အမဲရောင်ဂျင်းဆွဲသားကို ရွေးချယ်ဝတ်ဆင်ပါ။

ပိုက်ကွန်ပုံစံအသားကပ်

ပိုက်ကွန်ပုံစံအသားကပ်က အရင်တုန်းကသာ ခေတ်ဆန်ချင်ဆန်နေလိမ့်မယ် အခုနောက်ပိုင်းမှာတော့ အမြင်ရိုင်းတဲ့ပုံပေါက်နေပါတယ်။ ဒါ့ကြောင့် ရိုးရိုးလေးနဲ့ အရောင်အသွေးကောင်းမွန်တဲ့ အသားကပ်မျိုးကိုသာ ရွေးချယ်ဝယ်ယူပါ။

နောက်ဇစ်ပါတဲ့ ဂျင်းဘောင်းဘီများ

နောက်ဇစ်ပါတဲ့ ဂျင်းဘောင်းဘီတွေက တင်ပါးအလှကို ပေါ်လွင်စေနိုင်ပေမယ့်လည်း အခြားသူအမြင်ရိုင်းစေတဲ့အပြင် ဝတ်ရတာ သက်သောင့်သက်သာလည်း မရှိပါဘူး။

ကျားသစ်ကွက်များလွန်းသော အဝတ်အစားများ

ကျားသစ်ကွက်များလွန်းတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ခြင်းက သင့်ကို လူအများကြားထင်ပေါ်စေမှာမဟုတ်ပါဘူး။

အစင်းကျားများ အကွက်များရောထွေးနေသော ဘောင်းဘီ

အစင်းကျားတွေ အကွက်တွေ အမြောက်အမြားပါတဲ့ ဘောင်းဘီကို ဝတ်မယ့်အစား ပြောင်ဘောင်းဘီကိုသာ ဝတ်ဆင်ပေးပါ။

သိုးမွေးကုတ်အင်္ကျီနှင့် သိုးမွေးမာဖလာ

ချမ်းအေးတဲ့ ရာသီမှာ အပေါ်အင်္ကျီရှာဝတ်တဲ့အခါ သားရေအင်္ကျီကိုသာ ဝတ်ဆင်သင့်ပါတယ်။ သိုးမွေးအင်္ကျီတွေက ကြာလာရင် အမွေးဖွာထွက်တဲ့အခါ သင့်ကိုရှိုးပဲ့စေပါတယ်။

ပန်းပုံပါတဲ့ အင်္ကျီများ

ပန်းပုံရိုက်နှိပ်ထားတဲ့ အင်္ကျီတွေက ဒိတ်အောက်သွားပြီဖြစ်တဲ့အတွက် ဆက်ဝတ်ဖို့မသင့်တော့ပါဘူး။

Source: Brightside.me