Beauty & Fashion | အလှအပ – Beauty

သင့်ကို ပိုပြီးနုပျိုတယ်လို့ထင်ရစေဖို့ နည်းလမ်းကောင်း (၆) သွယ်

April 11, 2018

သင့်ကို ပိုပြီးနုပျိုတယ်လို့ထင်ရစေဖို့ နည်းလမ်းကောင်း (၆) သွယ်

Share this on:

မင်္ဂလာပါနော်။ လူတိုင်း ငယ်ရွယ်နုပျိုပြီးလှပချင်ကြပါတယ်။ အရမ်းလှတယ်။ နုတယ်နော် ဆိုတဲ့စကားက လူတိုင်းကြားချင်တဲ့စကားပါပဲ။ အမည်းစက်မရှိဘဲ ကြည်လင်စိုပြေတဲ့ အသားအရေလေးကို ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်းကောင်းလေးတွေနဲ့ သင့်ကို ပိုပြီးနုပျိုသွားစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ အသားအရေကို ပိုဂရုစိုက်ပါ

အသားအရေကို ကြည်လင်စိုပြေနေစေဖို့ မျက်နှာကို သေချာသန့်ရှင်းပါ။ တစ်ပတ်တစ်ခါ ပေါင်းတင်ပေးပါ။ သဘာဝ ပစ္စည်းတွေနဲ့ ပေါင်းတင်ပေးနိုင်ပါတယ်။

၂။ အသေးစိတ်ကအစ ဂရုစိုက်ပါ

သင်ဝတ်မယ့် Accessory တွေ အသေးစိတ် ပစ္စည်းလေးတွေကအစ ဂရုစိုက်သင့်ပါတယ်။

၃။ ဖက်ရှင်ကျပါစေ

သင်နဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေဝတ်ပါ။ သင့်ကို အမြဲတမ်းဖက်ရှင်ကျနေအောင် ဂရုစိုက်ပါ။

၎။ အရောင်တောက်တာဝတ်ပါ

အင်္ကျီအဝတ်အစားကို အရောင်တောက်တာ ဝတ်ပေးပါ။ အရောင်တောက်တောက် လင်းလင်းလေးတွေက သင့်ကို ပိုပြီးနုပျိုစေမှာဖြစ်ပါတယ်။

၅။ ဆံပင်ပုံပြောင်းပါ

သင့်ရဲ့ ဆံပင်ပုံကို သင့်ရဲ့ ပင်ကိုယ်ရုပ်ရည်လေးကို ပိုပြီးနုပျိုစေတဲ့ ပုံစံမျိုးပြောင်းပေးပါ။ ဆံမြိတ်ချတာဟာလည်း သင့်ကိုပိုပြီးနုပျိုစေပါတယ်။ ဆံပင်အနက်ရောင်ထက် အညိုရောင်၊  ရွှေအိုရောင်ဆိုးပေးပါ။

Review

User Rating

4 (1 Votes)
error: Alert: Copyright © 2018. MyStyle Myanmar