အားလုံပဲမင်္ဂလာပါနော်။ မိတ်ကပ်လိမ်းတဲ့အခါ Brush တွေမသုံးဘဲ လက်လေးနဲ့ပဲ လိမ်းကြတဲ့သူတွေရှိပါတယ်။ မရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ရပါတယ်။ ဒါပေမယ့် အခုလိုမျိုးလက်နဲ့လိမ်းတဲ့အခါမှာ သေသေသပ်သပ်နဲ့ လှနေအောင်ဘယ်လိုလိမ်းရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

၁။ ဖောင်ဒေးရှင်းလိမ်းတဲ့အခါ

Photo: pinterest

သင့်ရဲ့လက်လေးတွေနဲ့ ဖောင်ဒေးရှင်းလိမ်းတဲ့အခါမှာ အသားထဲကိုစိမ့်ဝင်သွားပြီး မိတ်ကပ်မညီမချင်း လက်လေးတွေကို သင့်မျက်နှာကနေမခွာလိုက်ပါနဲ့။

၂။ မျက်လုံးမှာအရောင်ခြယ်တဲ့အခါမှာ လက်သန်းကြွယ်ကို သုံးပေးပါ

သင့်ရဲ့ လက်သန်းကြွယ်ကို အရောင်လေးတွေခြယ်တဲ့အခါသုံးပေးပါ။

၃။ Blend လုပ်တဲ့အခါ သန့်နေတဲ့လက်ချောင်းကိုသုံးမယ်

နှုတ်ခမ်းနီကိုဖြစ်ဖြစ်၊ Eyeshadow ကိုပဲဖြစ်ဖြစ် Blend ပြန်လုပ်တဲ့အခါ သန့်နေတဲ့လက်ချောင်းကိုအသုံးပြုပေးပါ။

၄။ မိတ်ကပ်ပစ္စည်းတွေအားလုံး လက်နဲ့လိမ်းစရာမလိုပါဘူး

ဥပမာ၊ မိတ်ကပ်ကူရှင်တွေ၊ Contour တွေကို လက်ချောင်းလေးတွေနဲ့ မလိမ်းပါနဲ့။ လက်နဲ့ဆို ပိုပြီးပြန့်သွားစေပါတယ်။ လိုချင်တဲ့နေရာမရောက်ပါဘူး။ ဒါ့ကြောင့် ဒီနေရာမှာတော့ Brush ကို မဖြစ်မနေသုံးပေးစေချင်ပါတယ်။

Source: www.cleo.com.sg