မည်သည့်ခန္ဓာကိုယ်အမျိုးအစားပဲဖြစ်နေပါစေ နည်းဗျူဟာလေးတွေကိုသာ သိထားမယ်ဆိုပါက ဘယ်မိန်းကလေးမဆိုဟာ ဓာတ်ပုံထဲမှာ ကြည့်ကောင်းနေနိုင်ပါတယ်။ ဒါကြောင့် ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ပြည့်စုံသော မိန်းကလေးတို့ ဓာတ်ပုံထဲမှာ အလှဆုံးဖြစ်နေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ လက်မောင်းကိုသေးအောင်လုပ်ပါ။

ဓာတ်ပုံထဲမှာ လက်မောင်းသေးစေဖို့ ဘေးတိုက်နေပြီး လက်ကိုတင်ပါးပေါ်တွင် တင်ထားပေးပါ။

၂။ ခြေထောက်ခြားပေးပါ။

ခြေထောက်နှစ်ဖက်ကို အနည်းငယ်ခြားပေးခြင်းက အချိုးအစားညီမျှတဲ့ ကိုယ်ခန္ဓာအသွင်အပြင်နဲ့ သေးသွယ်တဲ့ခြေထောက်အမြင်ကို ဖြစ်စေနိုင်ပါတယ်။

၃။ မေးနှစ်ထပ်ကို ပျောက်အောင်လုပ်ပါ။

မည်သည့်ခန္ဓာကိုယ်အမျိုးအစားပဲဖြစ်နေပါစေ မိန်းကလေးတိုင်းသည် ဓာတ်ပုံထဲတွင် မေးနှစ်ထပ်ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုငုံ့မနေဘဲ အရှေ့ကိုနည်းနည်းတိုးပေးပါ။

၄။ တင်ကိုကောက်ပြီးခါးသေးစေပါ။

၅။ နောက်ကျောဖက်ကိုဖြောင့်အောင်နေပါ။

နောက်ကျောဖက်သို့လှည့်ပြီးနေသည့်ပုံစံသည် ခါးရှိအသားများကို တွန့်သွားစေနိုင်သောကြောင့် ပခုံးကိုအနည်းငယ်ပင့်တင်ထားပေးပါ။

၆။ ဗိုက်ခေါက်ကိုဖျောက်ပစ်ပါ။

အကယ်၍ကင်မရာကို တည့်တည့်ကြည့်ရမယ်ဆိုရင် ဗိုက်ခေါက်ထွက်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နေဟန်ထားကို ကျော့မော့သေးသွယ်အောင် ခြေထောက်ကိုတည့်တည့်ထားပြီး ဘေးအနည်းငယ်စောင်းကာ ထိုင်ပေးနိုင်ပါတယ်။

၇။ ခါးမတ်မတ်ထားပါ။

လူများသည် ခါးမတ်မတ်နေရန်ကို တခါတလေမေ့လျော့နေတတ်ပါတယ်။ ခါးတည့်တည့်နေခြင်းက ကိုယ်ခန္ဓာကိုသာမဟုတ်ဘဲ ခြေထောက်ကိုသေးသွယ်ရှည်လျားသည့် အသွင်ကိုပေးစွမ်းနိုင်ပါတယ်။

၈။ ခန္ဓာကိုယ်ကို အရှေ့အနည်းငယ်စောင်းပါ။

အနောက်ကိုကိုင်းလိုက်ခြင်းက ပခုံးကိုကျယ်သွားစေပြီး မေးနှစ်ထပ်နှင့် လည်ပင်းကိုတိုသွားစေနိုင်ပါတယ်။ ခေါင်းကိုအနည်းငယ်စောင်းပြီး ခန္ဓာကိုယ်ကို ကင်မရာဖက် အနည်းငယ်တိမ်းလိုက်ခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

၉။ ဓာတ်ပုံရိုက်သည့်အခါ အနောက်မှရိုက်ပါ။

ကင်မရာကိုနောက်ကျောပေးပြီး အနည်းငယ်စောင်းလိုက်ကာ လက်နှစ်ဖက်ကိုခါးပေါ်တင်၊ ခေါင်းအနည်းငယ်စောင်းလိုက်ပေးပါ။

၁၀။ ခြေထောက်ယှက်ပါ။

ခြေလှမ်းလှမ်းလိုက်သလိုမျိုး ခြေထောက်ကိုယှက်ပေးပြီး လက်တစ်ဖက်ကိုခါးပေါ်တင်လိုက်ခြင်းက ဓာတ်ပုံရိုက်ရာမှာ အကောင်းဆုံးနဲ့ အလွယ်ဆုံး pose တစ်မျိုးပဲဖြစ်ပါတယ်။