ပိတ်ဖောက်ဇာတွေက အခုနောက်ပိုင်း အရမ်းကိုခေတ်စားနေတာပါ။ အထူးသဖြင့် ပိတ်ဖောက်ဇာအဖြူလေးတွေဆိုရင် မြန်မာဝတ်စုံဝမ်းဆက်လေးတွေလည်း ချုပ်ဝတ်ကြတဲ့အပြင် ဒီဇိုင်းမျိုးစုံ ဂါဝန်လေးတွေ၊ အင်္ကျီလေးတွေကလည်း ပေါ်နေတာပါ။

ဒါကြောင့် ပိတ်ဖောက်ဇာအဖြူကို ရင်ဖုံးချုပ်မဝတ်ချင်တဲ့သူတွေအတွက် ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းတဲ့ ချုပ်ပုံဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီလိုဒီဇိုင်းလေးဆိုရင် ဘောင်းဘီ၊ စကပ်နဲ့လည်း တွဲဝတ်လို့ရသလို ထဘီလေးနဲ့လည်း တွဲဝတ်လို့ရပါတယ်။

လက်ပြတ်ချုပ်ချင်ရင် ချစ်စရာကောင်းအောင် ဒီလိုလေးချုပ်ကြည့်ပါ။ ဘောင်းဘီ၊ စကပ်၊ ထဘီအားလုံးနဲ့ တွဲဝတ်လို့ရတဲ့ ဒီဇိုင်းလေးပါ။

ကြိုးတစ်လုံးပုံလေးကိုလည်း ချစ်စရာကောင်းအောင် ဒီလိုဒီဇိုင်းအဆန်းလေးချုပ်လို့ရပါသေးတယ်။ စကပ်၊ ဘောင်းဘီတို့နဲ့ တွဲဝတ်လို့ရတာပေါ့။

အောက်နားကို ဒီလိုပုံစံ ကားကားလေးချုပ်လိုက်မယ်ဆိုရင်တော့ ဂျင်းဘောင်းဘီလေးတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲဝတ်လို့ရပါတယ်။

စကပ်၊ ဘောင်းဘီ၊ ထဘီ အားလုံးနဲ့တွဲဝတ်လို့ရပြီး ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ ဒီဇိုင်းလေးပါ။

ပေါ့ပေါ့ပါးပါးနဲ့ ရှင်းရှင်းလေးဝတ်ချင်ရင်တော့ ဒီလိုခေါင်းစွပ်ဒီဇိုင်းလေး ချုပ်လို့ရပါတယ်။ ထဘီနဲ့လည်းလိုက်သလို၊ ဂျင်းဘောင်းဘီအရှည်နဲ့လည်း လိုက်ပါတယ်။

လက်ပြတ်ကိုမှ ဒီလိုပုံလေးချုပ်မယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ အရမ်းဝတ်လို့ကောင်းပါတယ်။ သူကျတော့ ဂျင်းဘောင်းဘီအကျပ်လေးတွေနဲ့ပဲ ပိုလိုက်ပါတယ်။

လက်ပြတ်ကိုမှ ချစ်စရာကောင်းအောင် ဒီလိုလေးလည်း ချုပ်လို့ရပါသေးတယ်။ ဒီဒီဇိုင်းလေးကျတော့ လူငယ်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဘောင်းဘီနဲ့လည်းဝတ်လို့ရသလို ထဘီနဲ့လည်း ဝတ်လို့ရပါတယ်။

ရင်ဖုံးတော့မချုပ်ချင်ဘူး မြန်မာဝတ်စုံလိုလည်း ဝတ်ချင်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းလေးတွေချုပ်ပါ။ ထဘီနဲ့လည်းလိုက်သလို၊ ဘောင်းဘီနဲ့လည်း ဝတ်လို့ရပါတယ်။ ဒါ့အပြင် စကပ်အရှည်နဲ့လည်း တွဲဝတ်လို့ရပါတယ်။

Photo Source: www.pinterest.com