[Zawgyi]

အခုေနာက္ပိုင္းမွာ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မိတ္ကပ္ေတြကိုလိမ္းျခယ္ၿပီး လွလွပပေလးျပင္ဆင္ၿပီး ေနထိုင္လာတတ္ၾကပါတယ္။ မိတ္ကပ္ျပင္ဆင္တာက ပိုၿပီးၾကည့္လို႔ေကာင္းသြားေစတယ္ဆိုေပမယ့္ အၿမဲတမ္းလိုလိုျပင္ဆင္ေနရေတာ့ အသားအေရအတြက္ ျပႆနာအနည္းငယ္ေတာ့ ရွိလာတတ္ပါတယ္။ အခုတစ္ခါမွာေတာ့ မိတ္ကပ္ေတြကို မျပင္ဆင္ေတာ့ပဲေနမယ္ဆိုရင္ အသားအေရမွာျဖစ္ေပၚလာမယ့္ အရာေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္။

ေခၽြးေပါက္ေတြကိုက်ဥ္းလာေစပါတယ္

မိတ္ကပ္ Foundation ေတြကိုလိမ္းတာက မ်က္ႏွာအသားအေရမွာရွိေနတဲ့ အျပစ္နာဆာေတြကို ဖံုးကြယ္သြားေစႏိုင္မွာပဲျဖစ္ပါတယ္။ မိတ္ကပ္ေတြကိုေန႔တိုင္းလိမ္းေနမယ္ဆိုရင္ မ်က္ႏွာအသားအေရမွာရွိေနတဲ့ ေခၽြးေပါက္ေတြပိတ္ဆို႔မႈေတြျဖစ္လာေစႏိုင္ပါတယ္။  မိတ္ကပ္ကိုအၿမဲတမ္းမလိမ္းပဲေနလိုက္မယ္ဆိုရင္ မ်က္ႏွာအသားအေရအတြက္ ေကာင္းေကာင္းအသက္ရွဳႏိုင္သလိုျဖစ္ၿပီး အသားအေရကိုလည္း ပိုၿပီးေတာ့ေကာင္းမြန္လာေစမွာပဲျဖစ္ပါတယ္။

ဝက္ၿခံထြက္တာေတြကို ေလ်ာ့နည္းလာေစမယ္

မ်က္ႏွာမွာ မိတ္ကပ္လိမ္းထားတာေတြလည္းမရွိတာေၾကာင့္ မ်က္ႏွာအသားအေရအတြက္ပိုေကာင္းၿပီး ဓာတ္မတည့္တာေတြကိုလည္း မျဖစ္ေစႏိုင္ေတာ့တာေၾကာင့္ ဝက္ၿခံထြက္တာေတြကိုလည္း ေလ်ာ့နည္းလာေစမွာပဲျဖစ္ပါတယ္။ မိတ္ကပ္အၿမဲလိမ္းေနၿပီး မိတ္ကပ္ကိုေသခ်ာမဖ်က္ေပးရင္လည္း ေခၽြးေပါက္ေတြပိတ္ဆို႔ၿပီး ဝက္ၿခံေတြျဖစ္တတ္တယ္ဆိုေတာ့ မိတ္ကပ္မလိမ္းေတာ့တဲ့အခါမွာ ဒီျပႆနာေတြကင္းေဝးသြားေစတာေပါ႔။

အသားအေရေျခာက္ေသြ႔တာေတြ ကင္းေဝးေစမယ္

မိတ္ကပ္ေတြျပင္ဆင္ေနတဲ့ အခ်ိန္မွာေတာ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက မပ်င္းရိပဲျပင္ဆင္တတ္ေပမယ့္ မိတ္ကပ္ေတြဖ်က္ဖို႔အတြက္ကိုေတာ့ ပ်င္းေနတတ္ၾကပါတယ္။ တစ္ခါတစ္ေလမွာ မိတ္ကပ္ေတြကိုမဖ်က္ပဲ အိပ္မိလိုက္ရင္ မ်က္ႏွာမွာရွိေနတဲ့ဆဲလ္အသစ္ေတြကို ဖ်က္စီးမိေစၿပီး အသားအေရကို ေျခာက္ေသြ႔ၾကမ္းတမ္းတာေတြ ျဖစ္လာေစႏိုင္ပါတယ္။

အေရးအေၾကာင္းျဖစ္တာေတြကို ေလ်ာ့နည္းလာေစပါတယ္

မိတ္ကပ္ေတြကိုေန႔တိုင္းလိမ္းျခယ္တဲ့အခါမွာ မ်က္ႏွာအသားအေရမွာ ပ်က္စီးၿပီးအေရးအေၾကာင္းေတြကို ျဖစ္လာေစႏိုင္ပါတယ္။ မိတ္ကပ္ေတြကို အၿမဲမလိမ္းေတာ့ပဲ တစ္ခါတစ္ေလမွာလိမ္းေပးတာမ်ိဳးေတြက သင့္အသားအေရအတြက္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိၿပီး အသားအေရကိုလည္း ေကာင္းမြန္ေစႏိုင္ပါတယ္။

မိတ္ကပ္ဆိုတာ လိမ္းလိုက္ရင္ယံုၾကည္မႈရွိၿပီး လွပသြားေစေပမယ့္ အၿမဲတမ္းလိမ္းေနတဲ့အခါမ်ိဳးေတြမွာေတာ့ အသားအေရပ်က္စီးမႈေတြကို ျဖစ္လာေစႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ခါတစ္ေလမလိမ္းပဲေနၾကည့္တာမ်ိဳးေတြဆိုရင္ အသားအေရအတြက္အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိေနမွာကို ေတြ႔ရမွာပဲျဖစ္ပါတယ္ေနာ္။

Photo Source: Pexels

[Unicode]

အခုနောက်ပိုင်းမှာ မိန်းကလေးတော်တော်များများက မိတ်ကပ်တွေကိုလိမ်းခြယ်ပြီး လှလှပပလေးပြင်ဆင်ပြီး နေထိုင်လာတတ်ကြပါတယ်။ မိတ်ကပ်ပြင်ဆင်တာက ပိုပြီးကြည့်လို့ကောင်းသွားစေတယ်ဆိုပေမယ့် အမြဲတမ်းလိုလိုပြင်ဆင်နေရတော့ အသားအရေအတွက် ပြဿနာအနည်းငယ်တော့ ရှိလာတတ်ပါတယ်။ အခုတစ်ခါမှာတော့ မိတ်ကပ်တွေကို မပြင်ဆင်တော့ပဲနေမယ်ဆိုရင် အသားအရေမှာဖြစ်ပေါ်လာမယ့် အရာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ချွေးပေါက်တွေကိုကျဉ်းလာစေပါတယ်

မိတ်ကပ် Foundation တွေကိုလိမ်းတာက မျက်နှာအသားအရေမှာရှိနေတဲ့ အပြစ်နာဆာတွေကို ဖုံးကွယ်သွားစေနိုင်မှာပဲဖြစ်ပါတယ်။ မိတ်ကပ်တွေကိုနေ့တိုင်းလိမ်းနေမယ်ဆိုရင် မျက်နှာအသားအရေမှာရှိနေတဲ့ ချွေးပေါက်တွေပိတ်ဆို့မှုတွေဖြစ်လာစေနိုင်ပါတယ်။  မိတ်ကပ်ကိုအမြဲတမ်းမလိမ်းပဲနေလိုက်မယ်ဆိုရင် မျက်နှာအသားအရေအတွက် ကောင်းကောင်းအသက်ရှုနိုင်သလိုဖြစ်ပြီး အသားအရေကိုလည်း ပိုပြီးတော့ကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။

ဝက်ခြံထွက်တာတွေကို လျော့နည်းလာစေမယ်

မျက်နှာမှာ မိတ်ကပ်လိမ်းထားတာတွေလည်းမရှိတာကြောင့် မျက်နှာအသားအရေအတွက်ပိုကောင်းပြီး ဓာတ်မတည့်တာတွေကိုလည်း မဖြစ်စေနိုင်တော့တာကြောင့် ဝက်ခြံထွက်တာတွေကိုလည်း လျော့နည်းလာစေမှာပဲဖြစ်ပါတယ်။ မိတ်ကပ်အမြဲလိမ်းနေပြီး မိတ်ကပ်ကိုသေချာမဖျက်ပေးရင်လည်း ချွေးပေါက်တွေပိတ်ဆို့ပြီး ဝက်ခြံတွေဖြစ်တတ်တယ်ဆိုတော့ မိတ်ကပ်မလိမ်းတော့တဲ့အခါမှာ ဒီပြဿနာတွေကင်းဝေးသွားစေတာပေါ့။

အသားအရေခြောက်သွေ့တာတွေ ကင်းဝေးစေမယ်

မိတ်ကပ်တွေပြင်ဆင်နေတဲ့ အချိန်မှာတော့ မိန်းကလေးတော်တော်များများက မပျင်းရိပဲပြင်ဆင်တတ်ပေမယ့် မိတ်ကပ်တွေဖျက်ဖို့အတွက်ကိုတော့ ပျင်းနေတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ မိတ်ကပ်တွေကိုမဖျက်ပဲ အိပ်မိလိုက်ရင် မျက်နှာမှာရှိနေတဲ့ဆဲလ်အသစ်တွေကို ဖျက်စီးမိစေပြီး အသားအရေကို ခြောက်သွေ့ကြမ်းတမ်းတာတွေ ဖြစ်လာစေနိုင်ပါတယ်။

အရေးအကြောင်းဖြစ်တာတွေကို လျော့နည်းလာစေပါတယ်

မိတ်ကပ်တွေကိုနေ့တိုင်းလိမ်းခြယ်တဲ့အခါမှာ မျက်နှာအသားအရေမှာ ပျက်စီးပြီးအရေးအကြောင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ မိတ်ကပ်တွေကို အမြဲမလိမ်းတော့ပဲ တစ်ခါတစ်လေမှာလိမ်းပေးတာမျိုးတွေက သင့်အသားအရေအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိပြီး အသားအရေကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။

မိတ်ကပ်ဆိုတာ လိမ်းလိုက်ရင်ယုံကြည်မှုရှိပြီး လှပသွားစေပေမယ့် အမြဲတမ်းလိမ်းနေတဲ့အခါမျိုးတွေမှာတော့ အသားအရေပျက်စီးမှုတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမလိမ်းပဲနေကြည့်တာမျိုးတွေဆိုရင် အသားအရေအတွက်အကျိုးကျေးဇူးတွေ အများကြီးရှိနေမှာကို တွေ့ရမှာပဲဖြစ်ပါတယ်နော်။

Photo Source: Pexels