[Zawgyi]

လြယ္ကူတဲ့နည္းလမ္းေတြကို လူတိုင္းမသိရွိေနၾကေသးပါဘူး။ မိန္းကေလးေတြေန႔တိုင္းသံုးေနၾကျဖစ္တဲ့ မိတ္ကပ္ပစၥည္းေတြမွာလည္း သူ႔နည္းလမ္းေတြနဲ႔သူ အသံုးပိုဝင္သြားတာမ်ိဳးေတြလည္း ရွိပါေသးတယ္။

Eyeliner

မ်က္ခြံေလးေပၚမွာ Eyeliner ျခယ္သေပးမယ္ဆိုရင္ Mascara အရည္နဲ႔ဆြဲေပးမယ္ဆိုရင္ မ်က္လံုးမွာပိုၿပီးေတာ့ ၾကာရွည္ခံေစၿပီး လြယ္ကူေစႏိုင္ပါတယ္။ အေရးႀကီးေနတဲ့အခ်ိန္မ်ိဳးမွာ Eyeliner ကုန္သြားတာမ်ိဳးေတြဆိုရင္ ေျဖရွင္းလို႔ရႏိုင္မယ့္နည္းလမ္းေလးပဲျဖစ္ပါတယ္။

ပိုၿပီးၾကည့္ေကာင္းတဲ့ မ်က္ေတာင္မ်ိဳး

မ်က္ေတာင္ေလးေတြကို Mascara နဲ႔ေကာ့တဲ့အခါမွာ ပိုၿပီးၾကည့္ေကာင္းတဲ့မ်က္ေတာင္မ်ိဳးနဲ႔ လွပခ်င္တယ္ဆိုရင္ေတာ့ မ်က္ေတာင္ေကာ့တဲ့ Mascara ကိုတစ္မ်ိဳးထဲမသံုးပါနဲ႔။ တစ္ခုနဲ႔မ်က္ေတာင္ကိုေကာ့ၿပီးသြားရင္ ေနာက္တစ္မ်ိဳးနဲ႔ေနာက္တစ္ထပ္ ထပ္ၿပီးေတာ့သံုးေပးတာက မ်က္ေတာင္ေလးေတြကို ပိုရွည္လ်ားေကာ့ညြတ္ၿပီး ၾကည့္ေကာင္းေနေစမွာျဖစ္ပါတယ္။

ထူထူေလးျဖစ္ေနတဲ့မ်က္ေတာင္မ်ိဳး

မ်က္ေတာင္ေလးေတြကို ထူထူထဲထဲေလးျဖစ္ေနတာမ်ိဳးကို ႀကိဳက္တဲ့ပ်ိဳေမတို႔အတြက္ မ်က္ေတာင္ေတြကိုထူေစတဲ့ Mascara မ်ိဳးရွာမေတြ႕ဘူးဆိုရင္ေတာ့ ဒီနည္းလမ္းေလးနဲ႔ဆိုရင္ အဆင္ေျပေစမွာပါ။ မ်က္ေတာင္ေတြကို Mascara နဲ႔တစ္ထပ္ေကာ့ထားေပးၿပီး မ်က္ေတာင္ေလးေတြကို Powder ေလးနည္းနည္းပြတ္ေပးလိုက္ပါ။ ၿပီးရင္ေတာ့ ေနာက္ထပ္ Mascara တစ္ထပ္ထပ္ၿပီး ေကာ့ေပးမယ္ဆိုရင္ မ်က္ေတာင္ေတြကို ထူထူေလးနဲ႔ဆြဲေဆာင္မႈရွိေနေစမွာပါ။

[Unicode]

လွယ်ကူတဲ့နည်းလမ်းတွေကို လူတိုင်းမသိရှိနေကြသေးပါဘူး။ မိန်းကလေးတွေနေ့တိုင်းသုံးနေကြဖြစ်တဲ့ မိတ်ကပ်ပစ္စည်းတွေမှာလည်း သူ့နည်းလမ်းတွေနဲ့သူ အသုံးပိုဝင်သွားတာမျိုးတွေလည်း ရှိပါသေးတယ်။

Eyeliner

မျက်ခွံလေးပေါ်မှာ Eyeliner ခြယ်သပေးမယ်ဆိုရင် Mascara အရည်နဲ့ဆွဲပေးမယ်ဆိုရင် မျက်လုံးမှာပိုပြီးတော့ ကြာရှည်ခံစေပြီး လွယ်ကူစေနိုင်ပါတယ်။ အရေးကြီးနေတဲ့အချိန်မျိုးမှာ Eyeliner ကုန်သွားတာမျိုးတွေဆိုရင် ဖြေရှင်းလို့ရနိုင်မယ့်နည်းလမ်းလေးပဲဖြစ်ပါတယ်။

ပိုပြီးကြည့်ကောင်းတဲ့ မျက်တောင်မျိုး

မျက်တောင်လေးတွေကို Mascara နဲ့ကော့တဲ့အခါမှာ ပိုပြီးကြည့်ကောင်းတဲ့မျက်တောင်မျိုးနဲ့ လှပချင်တယ်ဆိုရင်တော့ မျက်တောင်ကော့တဲ့ Mascara ကိုတစ်မျိုးထဲမသုံးပါနဲ့။ တစ်ခုနဲ့မျက်တောင်ကိုကော့ပြီးသွားရင် နောက်တစ်မျိုးနဲ့နောက်တစ်ထပ် ထပ်ပြီးတော့သုံးပေးတာက မျက်တောင်လေးတွေကို ပိုရှည်လျားကော့ညွတ်ပြီး ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

ထူထူလေးဖြစ်နေတဲ့မျက်တောင်မျိုး

မျက်တောင်လေးတွေကို ထူထူထဲထဲလေးဖြစ်နေတာမျိုးကို ကြိုက်တဲ့ပျိုမေတို့အတွက် မျက်တောင်တွေကိုထူစေတဲ့ Mascara မျိုးရှာမတွေ့ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးနဲ့ဆိုရင် အဆင်ပြေစေမှာပါ။ မျက်တောင်တွေကို Mascara နဲ့တစ်ထပ်ကော့ထားပေးပြီး မျက်တောင်လေးတွေကို Powder လေးနည်းနည်းပွတ်ပေးလိုက်ပါ။ ပြီးရင်တော့ နောက်ထပ် Mascara တစ်ထပ်ထပ်ပြီး ကော့ပေးမယ်ဆိုရင် မျက်တောင်တွေကို ထူထူလေးနဲ့ဆွဲဆောင်မှုရှိနေစေမှာပါ။