(Zawgyi Version)

ဝိတ္က်ခ်င္လို႔ အစာအငတ္ခံၿပီး Diet လုပ္ေနတာေတာင္ ဝိတ္မက်ဘူးဆိုရင္ ကိုယ့္အတြက္ ပိုၿပီးစိတ္ပင္ပန္းရပါတယ္။ ဒီနည္းလမ္းက သူမ်ားလုပ္ေနတာ ဝိတ္က်တယ္၊ ကိုယ္နဲ႔က်မွ ဝိတ္မက်ဘူးဆိုလည္း စိတ္မညစ္ပါနဲ႔။ တျခားနည္းလမ္း ေျပာင္းလုပ္ၾကည့္လို႔ရပါတယ္။ ဒါေၾကာင့္ Diet လုပ္ေနတာေတာင္ ဝိတ္မက်ဘူးဆိုရင္ အခုေျပာျပေပးမယ့္ နည္းလမ္းေတြကို ေျပာင္းလုပ္ၾကည့္လိုက္ပါ။

Workout လုပ္ပါ

Workout ကို ေသခ်ာႀကိဳးစားၿပီး ဇဲြရွိရွိနဲ႔ ပံုမွန္လုပ္ၾကည့္ပါ။ အခ်ိန္ရတဲ့့သူဆိုရင္ Gym သြားေဆာ့ပါ။ တတ္ကၽြမ္းတဲ့ Gym Trainer ေတြနဲ႔ ဝိတ္က်ဖို႔အတြက္ ေသခ်ာတိုင္ပင္ၿပီး Workout လုပ္ပါ။

အစားအေသာက္
ဝိတ္က်ခ်င္တယ္ဆိုၿပီး အစာအငတ္ခံရင္ က်န္းမာေရးပဲထိခိုက္ပါတယ္။ ဝိတ္လည္းက်ရမယ္၊ အာဟာရဓာတ္မွ်တေအာင္လည္း စားဖို႔လိုတယ္။ ဒီေတာ့ စားေသာက္မႈပံုစံကို ေျပာင္းလဲၿပီး ေသခ်ာဂရုစိုက္ရပါမယ္။ အဆီတက္ေစတဲ့ အစားအေသာက္နဲ႔ အခ်ိဳမုန္႔ေတြကိုသာ ေရွာင္ပါ။

အစားအေသာက္စားတဲ့အခါမွာ ဝိတ္ေလ်ာ့ဖို႔အတြက္ ပရိုတင္းဓာတ္ပါတဲ့ အစားအေသာက္ေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြကို ပံုမွန္ထက္ပိုစားေပးရပါမယ္။ အစာစားရင္ မတ္တပ္ရပ္ၿပီးစားတာကလည္း ဝိတ္က်ဖို႔အတြက္ အေထာက္အကူျပဳပါေသးတယ္။

မနက္တိုင္း Exercise လုပ္ပါ

မနက္တိုင္းမွာ ခႏၶာကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ Exercise ေတြလုပ္ပါ။ ဒါေပမယ့္ ဒီေန႔မွာ ဒီ Exercise တစ္မ်ိဳးလုပ္တယ္ဆိုရင္ ေနာက္ေန႔မွာ Exercise ေနာက္တစ္မ်ိဳးကို ေျပာင္းလုပ္ပါ။ တစ္ရက္ကို တစ္မ်ိဳးပဲလုပ္ပါ။

Limit

အရသာရွိတဲ့မုန္႔ေတြကိုေတာ့ စားခ်င္မွာပဲ။ ဝိတ္က်ဖို႔အတြက္ မစားပဲအငတ္ခံစရာမလိုပါဘူး။ ဒါေပမယ့္ Limit ေတာ့ ထားရပါမယ္။ အခ်ိဳမုန္႔စားခ်င္ရင္ တစ္ပတ္မွာ တစ္ႀကိမ္ပဲစားပါ။ အမ်ားႀကီးမစားရပါဘူး။ ဥပမာ – ကိတ္ဆိုရင္ တစ္စိတ္ပဲစားပါ။ တျခား အရသာရွိတဲ့အစားအေသာက္၊ အခ်ိဳမမ်ားတဲ့ အစားအေသာက္၊ အဆီအစိမ့္မဟုတ္တဲ့ သေရစာအစားအေသာက္မ်ိဳးဆိုရင္ေတာ့ တစ္ေန႔မွာ တစ္ႀကိမ္စားလို႔ရပါတယ္။

ေန႔တိုင္း Weight ခ်ိန္ပါ

ေန႔တိုင္း Weight ခ်ိန္ၾကည့္ပါ။ ဒါမွ ဒီေန႔က မေန႔ကထက္ မ်ားေနရင္ ငါဘာလုပ္မိလို႔လဲ၊ ဘာစားမိလို႔လဲဆိုတာကို စဥ္းစားၿပီး ျပန္ဆင္ျခင္လို႔ရမွာပါ။ ခ်ိန္လိုက္လို႔ ဝိတ္က်သြားတိုင္းမွာလည္း ေပ်ာ္ရႊင္ရပါလိမ့္မယ္။

ေရမ်ားမ်ားေသာက္၊ လမ္းမ်ားမ်ားေလွ်ာက္

ဘာအကူအညီမွမလိုပဲ ဝိတ္က်ဖို႔၊ အဆီက်ဖို႔ တစ္ဖက္တစ္လမ္းကေန ကူညီေပးႏိုင္တာကေတာ့ ေရမ်ားမ်ားေသာက္ၿပီး လမ္းမ်ားမ်ားေလွ်ာက္တာပါပဲ။

Photo Source: www.brightside.me

(Unicode Version)

ဝိတ်ကျချင်လို့ အစာအငတ်ခံပြီး Diet လုပ်နေတာတောင် ဝိတ်မကျဘူးဆိုရင် ကိုယ့်အတွက် ပိုပြီးစိတ်ပင်ပန်းရပါတယ်။ ဒီနည်းလမ်းက သူများလုပ်နေတာ ဝိတ်ကျတယ်၊ ကိုယ်နဲ့ကျမှ ဝိတ်မကျဘူးဆိုလည်း စိတ်မညစ်ပါနဲ့။ တခြားနည်းလမ်း ပြောင်းလုပ်ကြည့်လို့ရပါတယ်။ ဒါကြောင့် Diet လုပ်နေတာတောင် ဝိတ်မကျဘူးဆိုရင် အခုပြောပြပေးမယ့် နည်းလမ်းတွေကို ပြောင်းလုပ်ကြည့်လိုက်ပါ။

Workout လုပ်ပါ

Workout ကို သေချာကြိုးစားပြီး ဇွဲရှိရှိနဲ့ ပုံမှန်လုပ်ကြည့်ပါ။ အချိန်ရတဲ့သူဆိုရင် Gym သွားဆော့ပါ။ တတ်ကျွမ်းတဲ့ Gym Trainer တွေနဲ့ ဝိတ်ကျဖို့အတွက် သေချာတိုင်ပင်ပြီး Workout လုပ်ပါ။

အစားအသောက်

ဝိတ်ကျချင်တယ်ဆိုပြီး အစာအငတ်ခံရင် ကျန်းမာရေးပဲထိခိုက်ပါတယ်။ ဝိတ်လည်းကျရမယ်၊ အာဟာရဓာတ်မျှတအောင်လည်း စားဖို့လိုတယ်။ ဒီတော့ စားသောက်မှုပုံစံကို ပြောင်းလဲပြီး သေချာဂရုစိုက်ရပါမယ်။ အဆီတက်စေတဲ့ အစားအသောက်နဲ့ အချိုမုန့်တွေကိုသာ ရှောင်ပါ။

အစားအသောက်စားတဲ့အခါမှာ ဝိတ်လျော့ဖို့အတွက် ပရိုတင်းဓာတ်ပါတဲ့ အစားအသောက်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပုံမှန်ထက်ပိုစားပေးရပါမယ်။ အစာစားရင် မတ်တပ်ရပ်ပြီးစားတာကလည်း ဝိတ်ကျဖို့အတွက် အထောက်အကူပြုပါသေးတယ်။

မနက်တိုင်း Exercise လုပ်ပါ

မနက်တိုင်းမှာ ခန္ဓာကိုယ်အလေးချိန် လျော့ကျစေတဲ့ Exercise တွေလုပ်ပါ။ ဒါပေမယ့် ဒီနေ့မှာ ဒီ Exercise တစ်မျိုးလုပ်တယ်ဆိုရင် နောက်နေ့မှာ Exercise နောက်တစ်မျိုးကို ပြောင်းလုပ်ပါ။ တစ်ရက်ကို တစ်မျိုးပဲလုပ်ပါ။

Limit

အရသာရှိတဲ့မုန့်တွေကိုတော့ စားချင်မှာပဲ။ ဝိတ်ကျဖို့အတွက် မစားပဲအငတ်ခံစရာမလိုပါဘူး။ ဒါပေမယ့် Limit တော့ ထားရပါမယ်။ အချိုမုန့်စားချင်ရင် တစ်ပတ်မှာ တစ်ကြိမ်ပဲစားပါ။ အများကြီးမစားရပါဘူး။ ဥပမာ – ကိတ်ဆိုရင် တစ်စိတ်ပဲစားပါ။ တခြား အရသာရှိတဲ့အစားအသောက်၊ အချိုမများတဲ့ အစားအသောက်၊ အဆီအစိမ့်မဟုတ်တဲ့ သရေစာအစားအသောက်မျိုးဆိုရင်တော့ တစ်နေ့မှာ တစ်ကြိမ်စားလို့ရပါတယ်။

နေ့တိုင်း Weight ချိန်ပါ

နေ့တိုင်း Weight ချိန်ကြည့်ပါ။ ဒါမှ ဒီနေ့က မနေ့ကထက် များနေရင် ငါဘာလုပ်မိလို့လဲ၊ ဘာစားမိလို့လဲဆိုတာကို စဉ်းစားပြီး ပြန်ဆင်ခြင်လို့ရမှာပါ။ ချိန်လိုက်လို့ ဝိတ်ကျသွားတိုင်းမှာလည်း ပျော်ရွှင်ရပါလိမ့်မယ်။

ရေများများသောက်၊ လမ်းများများလျှောက်

ဘာအကူအညီမှမလိုပဲ ဝိတ်ကျဖို့၊ အဆီကျဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တာကတော့ ရေများများသောက်ပြီး လမ်းများများလျှောက်တာပါပဲ။

Photo Source: www.brightside.me