(Zawgyi Version)

မိန္းကေလးတုိင္းအတြက္ ဆံေကသာအလွက အေရးႀကီးတာမို႔ ကိုယ့္ဆံသားကို ေသခ်ာဂရုစိုက္သင့္ပါတယ္။ တစ္ခါတစ္ေလက်ရင္ ကိုယ္မသိလို႔လုပ္ေနမိတဲ့အမွားေတြက ကိုယ့္ဆံသားကို ထိခိုက္ပ်က္စီးေစပါတယ္။ ဒါေၾကာင့္ ဆံသားပ်က္စီးေအာင္ သင္ကိုယ္တိုင္ျပဳလုပ္မိေနတဲ့ အမွားေတြကို ေျပာျပေပးလိုက္ပါတယ္။ ဆံသားပ်က္စီးေနတာ ဘာေၾကာင့္မွန္းမသိရင္ ဒီအမွားေတြလုပ္မိေနလို႔လားဆိုတာကို ျပန္စစ္ၾကည့္လို႔လည္းရသလို မလုပ္မိေအာင္လည္း ဆင္ျခင္လို႔ရတာေပါ့။

ေရေႏြးနဲ႔ေခါင္းေလွ်ာ္ျခင္း

ေရေႏြးနဲ႔ေခါင္းေလွ်ာ္တာမ်ိဳးက ဆံသားပ်က္စီးပါတယ္။ ဆံပင္သန္တာေႏွးၿပီး ဆံသားအဆီဓာတ္လည္း ဆံုးရံႈးေစပါတယ္။ ဒါ့အျပင္ ဆံပင္လည္း ကၽြတ္ေစပါတယ္။

Dryer သံုးျခင္း

ေခါင္းေလွ်ာ္ၿပီးရင္ မ်က္ႏွာသုတ္ပုဝါနဲ႔ ေရစင္ေအာင္ ေသခ်ာသုတ္ပါ။ Dryer ကိုပဲ အားမကိုးပါနဲ႔။ Dryer သံုးတာက ဆံသားအဆီဓာတ္ကဆံုးရံႈးေစၿပီး ဆံသားေျခာက္ေသြ႔ေစပါတယ္။ Dryer သံုးမယ္ဆိုလည္း Medium Heat ေလာက္ပဲထားၿပီး ခပ္ေဝးေဝးကေန မႈတ္ပါ။

သဘာဝနည္းလမ္းသံုးပါ

အင္တာနက္ေခတ္ႀကီးထဲမွာ အိမ္တြင္းျဖစ္သဘာဝနည္းလမ္းေတြလည္း အမ်ားႀကီးရွာလို႔ရပါတယ္။ Chemical ပါတာေတြ အၿမဲသံုးမယ့္အစား သဘာဝနည္းလမ္းေလးေတြနဲ႔ ကိုယ္တိုင္လုပ္ၿပီး ဆံပင္ေပါင္းတင္တာမ်ိဳးကို တစ္ပတ္ တစ္ခါေလာက္လုပ္ေပးႏိုင္ရင္ အေကာင္းဆံုးပါ။

ဆံပင္အဖ်ားေတြညွပ္ေပးပါ

ဆံပင္အဖ်ားေတြက ႏွစ္ခြျဖစ္တာမ်ိဳး၊ ဖြာေနတာမ်ိဳးေတြ မိန္းကေလးတိုင္းလိုလို ျဖစ္ၾကပါတယ္။ အဲ့ဒါေတြက ဆံပင္ရွည္ဖို႔လည္း ေႏွးေစပါတယ္။ ဒါေၾကာင့္ ဆံပင္ေအာက္အဖ်ားေတြကို တစ္လ တစ္ခါ ပံုမွန္ လက္ႏွစ္ဆစ္ေလာက္ ညွပ္ေပးရင္ ပိုေကာင္းပါတယ္။

ဆံပင္ကိုအမ်ိဳးမ်ိဳးလုပ္တာ

မိန္းကေလးေတြက ဆံပင္ကို ေကာက္လိုက္၊ ေျဖာင့္လိုက္၊ ေဆးဆိုးလိုက္နဲ႔ အမ်ိဳးမ်ိဳး လုပ္ၾကတယ္။ ခဏခဏလုပ္ရင္ ဆံသားပ်က္ဆီးလာတာက အရမ္းသိသာပါတယ္။ ပ်က္စီးသြားရင္ နဂိုေကာင္းေနတဲ့ ဆံပင္အတိုင္းျပန္ရဖို႔က ႏွစ္ေတြၾကာေအာင္ေစာင့္ရမွာပါ။ ဒါေၾကာင့္ ကိုယ္က ဆံပင္ကိုအမ်ိဳးမ်ိဳးလုပ္ရတာ ၾကိဳက္တယ္ဆိုရင္ေတာင္ အနည္းဆံုး ေျခာက္လ တစ္ႀကိမ္ပဲလုပ္ပါ။ လုပ္ၿပီးရင္လည္း ဆံပင္ကိုဒီတုိင္းပစ္မထားပါနဲ႔။ Treatment အၿမဲလုပ္ေပးပါ။ ဒါမွ ဆံပင္အရမ္းမပ်က္စီးမွာပါ။

Photo Source: www.brightside.me

(Unicode Version)

မိန်းကလေးတိုင်းအတွက် ဆံကေသာအလှက အရေးကြီးတာမို့ ကိုယ့်ဆံသားကို သေချာဂရုစိုက်သင့်ပါတယ်။ တစ်ခါတစ်လေကျရင် ကိုယ်မသိလို့လုပ်နေမိတဲ့အမှားတွေက ကိုယ့်ဆံသားကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံသားပျက်စီးအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဆံသားပျက်စီးနေတာ ဘာကြောင့်မှန်းမသိရင် ဒီအမှားတွေလုပ်မိနေလို့လားဆိုတာကို ပြန်စစ်ကြည့်လို့လည်းရသလို မလုပ်မိအောင်လည်း ဆင်ခြင်လို့ရတာပေါ့။

ရေနွေးနဲ့ခေါင်းလျှော်ခြင်း

ရေနွေးနဲ့ခေါင်းလျှော်တာမျိုးက ဆံသားပျက်စီးပါတယ်။ ဆံပင်သန်တာနှေးပြီး ဆံသားအဆီဓာတ်လည်း ဆုံးရှုံးစေပါတယ်။ ဒါ့အပြင် ဆံပင်လည်း ကျွတ်စေပါတယ်။

Dryer သုံးခြင်း

ခေါင်းလျှော်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ရေစင်အောင် သေချာသုတ်ပါ။ Dryer ကိုပဲ အားမကိုးပါနဲ့။ Dryer သုံးတာက ဆံသားအဆီဓာတ်ကဆုံးရှုံးစေပြီး ဆံသားခြောက်သွေ့စေပါတယ်။ Dryer သုံးမယ်ဆိုလည်း Medium Heat လောက်ပဲထားပြီး ခပ်ဝေးဝေးကနေ မှုတ်ပါ။

သဘာဝနည်းလမ်းသုံးပါ

အင်တာနက်ခေတ်ကြီးထဲမှာ အိမ်တွင်းဖြစ်သဘာဝနည်းလမ်းတွေလည်း အများကြီးရှာလို့ရပါတယ်။ Chemical ပါတာတွေ အမြဲသုံးမယ့်အစား သဘာဝနည်းလမ်းလေးတွေနဲ့ ကိုယ်တိုင်လုပ်ပြီး ဆံပင်ပေါင်းတင်တာမျိုးကို တစ်ပတ် တစ်ခါလောက်လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ။

ဆံပင်အဖျားတွေညှပ်ပေးပါ

ဆံပင်အဖျားတွေက နှစ်ခွဖြစ်တာမျိုး၊ ဖွာနေတာမျိုးတွေ မိန်းကလေးတိုင်းလိုလို ဖြစ်ကြပါတယ်။ အဲ့ဒါတွေက ဆံပင်ရှည်ဖို့လည်း နှေးစေပါတယ်။ ဒါကြောင့် ဆံပင်အောက်အဖျားတွေကို တစ်လ တစ်ခါ ပုံမှန် လက်နှစ်ဆစ်လောက် ညှပ်ပေးရင် ပိုကောင်းပါတယ်။

ဆံပင်ကိုအမျိုးမျိုးလုပ်တာ

မိန်းကလေးတွေက ဆံပင်ကို ကောက်လိုက်၊ ဖြောင့်လိုက်၊ ဆေးဆိုးလိုက်နဲ့ အမျိုးမျိုး လုပ်ကြတယ်။ ခဏခဏလုပ်ရင် ဆံသားပျက်ဆီးလာတာက အရမ်းသိသာပါတယ်။ ပျက်စီးသွားရင် နဂိုကောင်းနေတဲ့ ဆံပင်အတိုင်းပြန်ရဖို့က နှစ်တွေကြာအောင်စောင့်ရမှာပါ။ ဒါကြောင့် ကိုယ်က ဆံပင်ကိုအမျိုးမျိုးလုပ်ရတာ ကြိုက်တယ်ဆိုရင်တောင် အနည်းဆုံး ခြောက်လ တစ်ကြိမ်ပဲလုပ်ပါ။ လုပ်ပြီးရင်လည်း ဆံပင်ကိုဒီတိုင်းပစ်မထားပါနဲ့။ Treatment အမြဲလုပ်ပေးပါ။ ဒါမှ ဆံပင်အရမ်းမပျက်စီးမှာပါ။

Photo Source: www.brightside.me