အခုပြောမယ့်စကားက ထူးဆန်းတယ် မယုံနိုင်စရာပဲလို့ တွေးနိုင်ပေမယ့်လည်း သင်ကဘယ်လိုလူလဲဆိုတာကို မိတ်ကပ်ပစ္စည်းရွေးချယ်မှုလေးတွေနဲ့ သိနိုင်ပါတယ်။

သင်မိတ်ကပ်လိမ်းလိုက်တဲ့အခါ ရွေးချယ်လိုက်တဲ့ အရောင်ကနေတဆင့် ကိုယ့်ကိုယ်ကိုယ် ဖော်ပြနေတာဖြစ်ပြီးတော့ အရောင်ကာလာတစ်ခုစီတိုင်းမှာ မတူညီတဲ့ အဓိပ္ဗာယ်တွေအများကြီးရှိနေပါတယ်။

ဒါဆိုရင် နှုတ်ခမ်းနီအရောင်တွေကနေ ပြောပြပေးမယ့် ကိုယ့်အကြောင်းက ဘယ်လိုဖြစ်မလဲဆိုတာ အခုပဲဖတ်ကြည့်လိုက်ရအောင်ပါ။

လိမ္မော်ရောင်

နှုတ်ခမ်းနီအရောင်ကို များသောအားဖြင့် လိမ္မော်ရောင်လေးရွေးချယ်တတ်တဲ့ ပျိုမေလေးတွေဟာဆိုရင် ဟာသဥာဏ်ရှိကြပြီး အားလပ်ရက်တွေကို သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ကုန်ဆုံးလေ့ရှိကြပါတယ်။ အားလုံးနဲ့ ကိုက်ညီမှုရှိအောင် ပေါင်းသင်းတတ်ကြပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ပါးပါး နေတတ်ကြသူလေးတွေဖြစ်လို့ သူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံရတတ်ပါတယ်။

အနီရောင်

အနီရောင်ကို အများအားဖြင့် ဆိုးလေ့ရှိတဲ့သူလေးတွေဟာ စိန်ခေါ်မှုအသစ်တွေနဲ့ ကြုံတွေ့လာရတိုင်း အကြောက်အလန့်မရှိဘဲ ရဲရဲရင့်ရင့်နဲ့ ရင်ဆိုင်ဖြေရှင်းတတ်ကြပါတယ်။ ကိုယ့်ရဲ့အိမ်မက်တွေကို မရမက အကောင်အထည်ဖော်တတ်ကြပြီး ရည်မှန်းချက်ပန်းတိုင်ကို အရောက်သွားဖို့ အမြဲကြိုးစားအားထုတ်နေသူလေးတွေလဲဖြစ်ပါတယ်။

ပန်းရောင်

ပန်းရောင်နှုတ်ခမ်းနီပိုင်ရှင်လေးတွေဟာ သူငယ်ချင်းတွေကြားမှာ အမြဲဂရုစိုက်တတ်သူလေးပါ။ တစ်စုံတစ်ယောက်မှာ ပြဿနာတစ်ခုခုရှိနေပြီဆိုရင် နှစ်သိမ့်အားပေးပြီးတော့ နားလည်မှုပေးတတ်သူလေးတွေလည်း ဖြစ်ပါတယ်။ အရမ်းချစ်တတ်၊ သနားတတ်ပြီးတော့ တစ်ခါတလေကျတော့လည်း အရမ်းကို ခံစားတတ်ကြလွန်းပါသေးတယ်။

အသားရောင်

အခြားအရောင်တွေထက် အသားရောင်လေးကိုပဲ ရွေးပြီးဆိုးတတ်လေ့ရှိသူလေးတွေကတော့ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းလိုပြီး လောဘလည်းမရှိကြပါဘူး။ ရိုးသားမှုကို တန်ဖိုးထားသူလေးတွေဖြစ်လို့ သူစိမ်းတွေနဲ့တွေ့ရင်တောင် စကားသကာရည်လောင်းတာခြင်းမျိုးမရှိဘဲ ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကြပါတယ်။

အညိုရောင်

အညိုရောင်နှုတ်ခမ်းနီကိုပဲ ဆိုးလေ့ရှိသူလေးတွေအတွက် မိသားစုက ဦးစားပေးနံပါတ်တစ်ပါ။ မိသားစုနဲ့ကုန်ဆုံးရတဲ့ အချိန်တွေက သူ့အတွက်တော့ အပျော်ဆုံးပါပဲ။ အမှတ်တရလေးတွေ အမြဲဖန်တီးတတ်သူဖြစ်ပြီးတော့ ရှေးဟောင်းရုပ်ရှင်၊ တေးဂီတနဲ့ ဖက်ရှင်တွေကို အင်မတန်သဘောကျကြပါတယ်။

Source: BrightSide