ပျိုမေလေးတို့ရေ မင်္ဂလာပါနော်။ ဖက်ရှင်က ပြောရင်သာ စကားလုံးလေးနှစ်လုံးပဲရှိပေမယ့် ဘက်ပေါင်းစုံကပြန်ကြည့်မယ်ဆိုရင် ကျယ်ပြန့်လွန်းတဲ့ ခေါင်းစဉ်ကြီးတစ်ခုပါပဲ။

ဒီလို အမြဲတမ်းပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းမှာ အံဝင်ခွင်ကျဖြစ်ဖို့အတွက် ကြိုးစားရတာလည်း အလုပ်တစ်ခုလိုကို ဖြစ်နေပါတယ်။ တကယ်တမ်း ဘယ်လောက်ပဲဖက်ရှင်က အရေးကြီးတယ်ပဲပြောပြော ဝတ်ဆင်ထားသူ ပေါ့ပေါ့ပါးပါးနဲ့ လွတ်လွတ်လပ်လပ်ရှိဖို့အတွက်က ဦးစားပေးပဲဖြစ်ရပါမယ်။

ဖက်ရှင်ကျဖို့ထက် နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးရှိဖို့က အဓိကလို့ထင်မြင်ကြတဲ့ ပျိုမေလေးများအတွက် အခုတစ်ခါဖော်ပြပေးမယ့် ရှပ်အင်္ကျီအပွကို ခါးကြားထဲထည့်ဖက်ရှင်လေးတွေက အံကိုက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်။

Source: Pinterest

By MyStyle Myanmar