[Zawgyi]

မိန္းကေလးေတာ္ေတာ္မ်ားမ်ားကေတာ့ မိတ္ကပ္လိမ္းတဲ့အခါမွာ Foundation တန္းလိမ္းတာမ်ိဳးေတြ၊ ေအာက္ကေန Primer ခံၿပီးလိမ္းတာမ်ိဳးေတြေလာက္ပဲ ရွိၾကတာမ်ားပါတယ္။ အမွန္ေတာ့ ကိုယ့္ရဲ႕မ်က္ႏွာအသားအေရက က်န္းမာလွပၿပီးၾကည္လင္ေနဖို႔၊ သူမ်ားထက္ပိုလွေနဖို႔ဆိုရင္ေတာ့ Foundation မလိမ္းခင္မွာလိမ္းရမယ့္အဆင့္ေလးေတြ ရွိပါတယ္။ ေတာ္ေတာ္မ်ားမ်ားက ဒီအဆင့္ေလးေတြကိုလိမ္းဖို႔ ေမ့ေနတတ္ပါတယ္။

Toner

Photo Source: Nature Republic

မိတ္ကပ္လိမ္းေတာ့မယ္ဆိုရင္ မ်က္ႏွာသစ္ၿပီးတာနဲ႔ Toner ကို အရင္ဆံုးလိမ္းေပးရပါတယ္။ Toner လိမ္းတယ္ဆိုတာကေတာ့ ေရဓာတ္ျပန္ျဖည့္ေပးတဲ့သေဘာပါ။ လိမ္းတဲ့အခါမွာလည္း လက္နဲ႔မလိမ္းပဲ ဂြမ္းဖတ္ေလးနဲ႔လိမ္းေပးရမွာပါ။

Essence

Photo Source: Nature Republic Canada

အဆင့္ ၂ အေနနဲ႔ ဆဲလ္ေသေတြကိုဖယ္ရွားၿပီး အသားအေရကိုျပန္လည္ေကာင္းမြန္လာေစဖို႔ Essence ကို လိမ္းေပးရပါတယ္။

Emulsion

Photo Source: Nature Republic

အဆင့္ ၃ အေနနဲ႔ မ်က္ႏွာကိုေရဓာတ္ျပည့္ေစဖို႔နဲ႔ အသားအေရာင္ညီေစဖို႔ Emulsion ကိုလိမ္းေပးရပါတယ္။ ဒါေလးကေတာ့ အေရးႀကီးပါတယ္ေနာ္။

Serum

Photo Source: iHerb.com

အဆင့္ ၄ အေနနဲ႔ အေရးအေၾကာင္းေတြေလ်ာ့ပါးၿပီး အသားအေရကိုတင္းရင္းေနေစဖို႔ Serum ကို အားထားၿပီး လိမ္းေပးရပါတယ္။ ႏွစ္စက္ေလာက္ပဲ လိမ္းေပးရမွာပါ။

Cream

Photo Source: jolse Beauty blog

အဆင့္ ၅ အေနနဲ႔ Cream ကိုလိမ္းေပးရပါတယ္။ အသားအေရေျခာက္တဲ့သူနဲ႔ အေရးအေၾကာင္းသက္သာခ်င္တဲ့သူေတြကေတာ့ ဒါကိုမျဖစ္မေနလိမ္းေပးရပါတယ္။

Oil

Photo Source: TonyMoly

အဆင့္ ၆ အေနနဲ႔ မ်က္ႏွာကို ႏူးညံ့ၿပီးေခ်ာမြတ္သြားေစဖို႔ Oil ကိုလိမ္းေပးရပါတယ္။ အဆီျပန္တဲ့သူေတြလည္း လိမ္းေပးလို႔ရပါတယ္။

Sunscreen

Photo Source: ebay

အဆင့္ ၇ အေနနဲ႔ ဘယ္လိုရာသီဥတုမ်ိဳးမွာပဲျဖစ္ျဖစ္ ေနေလာင္ဒဏ္ကိုကာကြယ္ဖို႔၊ အသားအေရမပ်က္စီးဖို႔ Sunscreen ကိုလိမ္းေပးရပါတယ္။

Primer

Photo Source: Feelunique

အဆင့္ ၈ အေနနဲ႔ မိတ္ကပ္သားၾကာရွည္ခံဖို႔နဲ႔ မိတ္ကပ္ကိုညက္ညက္ေလးျဖစ္ေနေစဖို႔ Primer ကိုလိမ္းေပးရပါတယ္။

ဒီအဆင့္ ၈ ဆင့္ကိုလိမ္းၿပီးေတာ့မွ Foundation ကိုလိမ္းေပးရပါတယ္။ ဒါမွလည္း မ်က္ႏွာအသားအေရေလးက ကိုရီးယားမေလးေတြလို အခ်ိန္တိုင္းမွာလွပေနမွာပါ။

Featured Image Source: allure.com

[Unicode]

မိန်းကလေးတော်တော်များများကတော့ မိတ်ကပ်လိမ်းတဲ့အခါမှာ Foundation တန်းလိမ်းတာမျိုးတွေ၊ အောက်ကနေ Primer ခံပြီးလိမ်းတာမျိုးတွေလောက်ပဲ ရှိကြတာများပါတယ်။ အမှန်တော့ ကိုယ့်ရဲ့မျက်နှာအသားအရေက ကျန်းမာလှပပြီးကြည်လင်နေဖို့၊ သူများထက်ပိုလှနေဖို့ဆိုရင်တော့ Foundation မလိမ်းခင်မှာလိမ်းရမယ့်အဆင့်လေးတွေ ရှိပါတယ်။ တော်တော်များများက ဒီအဆင့်လေးတွေကိုလိမ်းဖို့ မေ့နေတတ်ပါတယ်။

Toner

Photo Source: Nature Republic

မိတ်ကပ်လိမ်းတော့မယ်ဆိုရင် မျက်နှာသစ်ပြီးတာနဲ့ Toner ကို အရင်ဆုံးလိမ်းပေးရပါတယ်။ Toner လိမ်းတယ်ဆိုတာကတော့ ရေဓာတ်ပြန်ဖြည့်ပေးတဲ့သဘောပါ။ လိမ်းတဲ့အခါမှာလည်း လက်နဲ့မလိမ်းပဲ ဂွမ်းဖတ်လေးနဲ့လိမ်းပေးရမှာပါ။

Essence

Photo Source: Nature Republic Canada

အဆင့် ၂ အနေနဲ့ ဆဲလ်သေတွေကိုဖယ်ရှားပြီး အသားအရေကိုပြန်လည်ကောင်းမွန်လာစေဖို့ Essence ကို လိမ်းပေးရပါတယ်။

Emulsion

Photo Source: Nature Republic

အဆင့် ၃ အနေနဲ့ မျက်နှာကိုရေဓာတ်ပြည့်စေဖို့နဲ့ အသားအရောင်ညီစေဖို့ Emulsion ကိုလိမ်းပေးရပါတယ်။ ဒါလေးကတော့ အရေးကြီးပါတယ်နော်။

Serum

Photo Source: iHerb.com

အဆင့် ၄ အနေနဲ့ အရေးအကြောင်းတွေလျော့ပါးပြီး အသားအရေကိုတင်းရင်းနေစေဖို့ Serum ကို အားထားပြီး လိမ်းပေးရပါတယ်။ နှစ်စက်လောက်ပဲ လိမ်းပေးရမှာပါ။

Cream

Photo Source: jolse Beauty blog

အဆင့် ၅ အနေနဲ့ Cream ကိုလိမ်းပေးရပါတယ်။ အသားအရေခြောက်တဲ့သူနဲ့ အရေးအကြောင်းသက်သာချင်တဲ့သူတွေကတော့ ဒါကိုမဖြစ်မနေလိမ်းပေးရပါတယ်။

Oil

Photo Source: TonyMoly

အဆင့် ၆ အနေနဲ့ မျက်နှာကို နူးညံ့ပြီးချောမွတ်သွားစေဖို့ Oil ကိုလိမ်းပေးရပါတယ်။ အဆီပြန်တဲ့သူတွေလည်း လိမ်းပေးလို့ရပါတယ်။

Sunscreen

Photo Source: ebay

အဆင့် ၇ အနေနဲ့ ဘယ်လိုရာသီဥတုမျိုးမှာပဲဖြစ်ဖြစ် နေလောင်ဒဏ်ကိုကာကွယ်ဖို့၊ အသားအရေမပျက်စီးဖို့ Sunscreen ကိုလိမ်းပေးရပါတယ်။

Primer

Photo Source: Feelunique

အဆင့် ၈ အနေနဲ့ မိတ်ကပ်သားကြာရှည်ခံဖို့နဲ့ မိတ်ကပ်ကိုညက်ညက်လေးဖြစ်နေစေဖို့ Primer ကိုလိမ်းပေးရပါတယ်။

ဒီအဆင့် ၈ ဆင့်ကိုလိမ်းပြီးတော့မှ Foundation ကိုလိမ်းပေးရပါတယ်။ ဒါမှလည်း မျက်နှာအသားအရေလေးက ကိုရီးယားမလေးတွေလို အချိန်တိုင်းမှာလှပနေမှာပါ။

Featured Image Source: allure.com