နွေရာသီလည်းရောက်လာပြီဆိုတော့ သက်သောင့်သက်သာရှိတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ရအောင်ပါ။

နွေရာသီဖက်ရှင်ဆိုတော့ ဒီတခါ တေတေလေးရဲ့ ဖက်ရှင်ကို မျှဝေပေးချင်ပါတယ်။

ပေါ့ပေါ့ပါးပါးလည်းရှိပြီး စာဖတ်သူတို့လည်း ဝတ်လို့အဆင်ပြေမယ့် ဖက်ရှင်မျိုးပါ။

သူ့ရဲ့ နွေရာသီဖက်ရှင်ကို မမျှဝေပေးခင် သူ့အကြောင်းလေး နည်းနည်းပြောမယ်နော်။

တေလာကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

တေလာ့ရဲ့ အရပ်အမြင့်ကတော့ ၁.၇၈ မီတာ ( ၅ပေ ၁၀ လက်မ) ရှိပြီး နာမည်အရင်းကတော့ Taylor Alison Swift ဖြစ်ပါတယ်နော်။

တေလာ့ကိုတော့ အရင်က ကျေးလက် သီချင်းတွေနဲ့ လူသိများသလို မီဒီယာတွေမှာ ဖော်ပြနေတဲ့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘဝအကြောင်းကို သီချင်းစပ်ဆိုရင်းနဲ့လည်း ပိုပြီးလူသိများပါတယ်။

သူမရဲ့ သီချင်းခွေတွေဆိုရင်လည်း စံချိန်တင်အောင် ရောင်းချနိုင်ခဲ့သလို ဝင်ငွေအကောင်းဆုံး အဆိုရှင်တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတာပါ။

တေလာရဲ့ ပရိသတ်တွေအတွက် နွေရာသီမှာ ပေါ့ပေါ့ပါးပါးဝတ်ဆင်လို့ရမယ့် သူမရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။