ဆံပင်အရောင်ဆိုးထားတဲ့ ကောင်မလေးတွေအတွက် Blackpink Rosé ရဲ့ ဆံပင်စတိုင်လ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Rosé ကိုချစ်တဲ့သူတွေလည်း သူမရဲ့ဆံပင်စတိုင်လ်လေးတွေအတိုင်း လိုက်ပြင်ကြည့်လို့ရတာပေါ့။

Rosé လို့ပြောလိုက်ရင်တော့ ဆံပင်ရွှေအိုရောင်လေးနဲ့ ကျစ်ဆံမြီးလေးအလှကျစ်ထားတဲ့ပုံလေးကို မြင်ယောင်ကြမယ်လို့ ထင်ပါတယ်။ အဲ့လိုကျစ်ထားတဲ့ပုံလေးတွေက အရမ်းကိုလှတာကြောင့် ကိုယ်တိုင်လည်း ဆံပင်အရောင်ဆိုးထားတယ်ဆိုရင် Rosé လိုမျိုး ကျစ်ဆံမြီးလေးကျစ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

Rosé လုပ်နေကျ နောက်ထပ်ဆံပင်စတိုင်လ်လေးကတော့ ဆံပင်တစ်ဝက်စည်းတာပါပဲ။ ဆံပင်အရောင်ဆိုးထားရင် ဒီလိုတစ်ဝက်စည်းတာလေးက ပုံမှန်ထက်ကိုပိုလှပါတယ်။

Airport ဆင်းတိုင်း Rosé လုပ်နေကျ ဆံပင်စတိုင်လ်လေးကတော့ ကျစ်ဆံမြီးကျစ်တာပါပဲ။ ဘေးတစ်စောင်းလေးကျစ်လိုက်၊ အနောက်မှာစုကျစ်လိုက်နဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဆံပင်အရောင်ဆိုးထားတဲ့သူတွေက ကျစ်ဆံမြီးကျစ်ရင် အရမ်းလှပါတယ်။

Rosé ရဲ့နောက်ထပ်ဆံပင်စတိုင်လ်လေးကတော့ ဆံပင်အကုန်စုစည်းပြီး ဘေးဘက်ကိုချထားတာမျိုးပါ။

Rosé ရဲ့ နောက်ထပ်စတိုင်လ်တစ်မျိုးကတော့ ဆံပင်ကိုစုစည်းပြီး ဘီးကုတ်လေးတပ်ထားတာပါ။ ဆံပင်ဆိုးထားတဲ့ကောင်မလေးတွေ Try ကြည့်ပါ။

Rosé ရဲ့ ဒီဆံပင်စတိုင်လ်လေးဆိုရင် အနောက်မှာစုစည်းပြီး ဆံထုံးလိုမျိုးလေး ခေါက်ချည်ထားတာမျိုးပါ။ အရမ်းလည်းလှသလို၊ မိုက်လည်းမိုက်ပါတယ်။ ဆံပင်အရောင်ဆိုးထားတဲ့ ကောင်မလေးတွေ လုပ်ကိုလုပ်ကြည့်သင့်တဲ့ ဆံပင်စတိုင်လ်လေးပါ။

ဆံပင်အရောင်ဆိုးထားပေမယ့် ဆံပင်တိုတဲ့ ကောင်မလေးတွေဆိုရင် Ice Cream ထဲက Rosé ဆံပင်စတိုင်လ်လေးအတိုင်း ကျစ်ဆံမြီးအမြင့်လေးကျစ်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဒီဆံပင်စတိုင်လ်လေးဆိုရင် ကျစ်ဆံမြီးကို ဘေးနှစ်ဖက်နားမှာ သေးသေးလေးကျစ်ထားတာကြောင့် သိပ်မပေါ်ပါဘူး။ အကြီးကြီးတွေမကျစ်ချင်ရင် ဒီလိုမျိုးလေးကျစ်ကြည့်ပါ။

ဆံပင်ကိုနှစ်ဖက်ခွဲပြီး ထိပ်ကနေယူကာ ဒီလိုမျိုးလေး ဆံပင်ကိုလိမ်ပြီးပြင်တာလည်း ချစ်ဖို့ကောင်းပါတယ်။

ဆံပင်တစ်ဖက်ကိုသိမ်းပြီး တစ်ဖက်ကို Rosé လိုမျိုးလေး ကျစ်ဆံမြီးအသေး ကျစ်လို့ရပါတယ်။

photo source:www.pinterest.com