နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းတွေကွဲနေတာတွေ မကြာခဏဖြစ်လို့ စိတ်ပျက်နေပြီလား။ နှုတ်ခမ်းကွဲတာတွေက ဆောင်းရာသီမှာ အဖြစ်များတယ်လို့ ဆိုနိုင်ပေမယ့်လည်း တခါတလေမှာ အိပ်ရေးပျက် အလုပ်ပင်ပန်းပြီး နှုတ်ခမ်းကွဲ၊ နှုတ်ခမ်းခြောက်တာတွေလည်း ဖြစ်တတ်ပါတယ်။

အဲ့ဒီအပြင် ဗီတာမင်အားနည်းတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ဆေးလိပ်သောက်တာ၊ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အချိန် ကြာမြင့်တာ နှင့် အလက်ဂျစ် ဖြစ်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြသနာတွေကို သဘာဝနည်းလမ်းဖြင့်လည်း ကုသနိုင်ပါတယ်။

၁။ မုန်ညင်းဆီကို ဝမ်းဗိုက်မှာ လိမ်းပေးပါ

Source: PalakNotes

မုန်ညင်းဆီကို ဝမ်းဗိုက်မှာ လိမ်းပေးရမယ်ဆိုတာ ကြားလိုက်ရင် တစ်မျိုးကြီး ထူးဆန်းနေမှာပါ။ ဒီနည်းလမ်းကို အိန္ဒိယ လူမျိုးတွေက နှစ်ပေါင်း ရာနဲ့ချီပြီး အသုံးပြုခဲ့ကြတာပါ။ နှုတ်ခမ်းခြောက်၊ ရေနှုတ်ခမ်းကွဲတာတွေကို ပျောက်ကင်းစေပါတယ်။ ရေချိုးပြီးခါစမှာ ဖြစ်ဖြစ် ညအိပ်ရာဝင်ခါနီးမှာ ဖြစ်ဖြစ် မုန်ညင်းဆီ တစ်စက် ၊ နှစ်စက်လောက်ကို ဝမ်းဗိုက်ပေါ်မှာ လိမ်းပေးရပါမယ်။

၂။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က ကွဲအက်ပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို ကုသရာမှာ အကောင်းဆုံးပါပဲ။ အဲ့ဒီအပြင် နေလောင် ဒဏ်ရာတွေကိုလည်း ကုသလို့ရပါတယ်။ ရှားစောင်းလက်ပတ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးရုံနဲ့ သဘာဝနည်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။

၃။ နှင်းဆီ ရည် နှင့် ပျားရည်

Source: BeautyTalk

နှုတ်ခမ်းကွဲ၊ နှုတ်ခမ်းအက်တာတွေအတွက် ပျားရည်က အကောင်းဆုံး သဘာဝနည်းပဲဖြစ်ပါတယ်။ ပျားရည်နှင့် နှင်းဆီပန်းပွင့် ဖျော်ထားသည့် အရည်ကို တွဲလိမ်းပါက နှုတ်ခမ်းသား ချောမွတ်ကာ ကွဲအက်တာတွေ ပျောက်ကင်းစေပါတယ်။

၄။ ပျားရည်

ပျားရည်အနည်းငယ်ကို လက်နဲ့ နှုတ်ခမ်းပေါ် သုတ်ပေးပြီး နှုတ်ခမ်းကွဲအက်တာတွေကို ပျောက်ကင်းစေကာ နူးညံ့တဲ့ အသားအရေကို ရရှိစေပါတယ်။

၅။ သံဓာတ်ပါတဲ့ အစားအသောက်များနှင့် အားဖြည့်ဆေးများ သောက်သုံးခြင်း

treat-cracked-lips-Iron-Supplements

တခါတရံ သံဓာတ်အားနည်းတာကြောင့်လည်း နှုတ်ခမ်းများ ကွဲအက်တာတို့လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် သံဓာတ် အားဖြည့်ဆေး ဒါမှမဟုတ် သံဓာတ် ပါဝင်သည့် အစားအစာများ စားသုံးသင့်ပါတယ်။